Sunday, January 19, 2025

အမေရိကန်တွင် TikTok သုံးမရတော့

TikTok ကိုပိုင်ဆိုင်သည့် ByteDance ကုမ္ပဏီက ၎င်းတို့၏ဝန်ဆောင်မှုများကို “ခေတ္တရပ်ဆိုင်း‌ကြောင်း” ကြေညာပြီးနောက် အမေရိကန်ရှိ TikTok အသုံးပြုသူ သန်း ၁၇၀ တို့သည်...

ခြေတုလက်တု ပြုပြင်ရန်ှနှင့် အသစ်ပြုလုပ်ရန် လိုအပ်သူ...

ပဲခူးတိုင်း၊ တောင်ငူမြို့အပါအဝင် ရေတာရှည်နှင့် ဆွာမြို့နယ်တို့ရှိ ခြေတုလက်တု ပြုပြင်ရန်နှင့် အသစ်ပြုလုပ်ရန်လိုအပ်သူ (၂၀၀)ခန့်ကို နယ်လှည့်လုပ်ဆောင်ပေးခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းထံမှ သိရသည်။ နယ်လှည့်ဆောင်ရွက်ပေးမှုအား...

ထိုင်း – မြန်မာ နှစ်နိုင်ငံ...

လတ်တလောရေပန်းအစားဆုံးဖြစ်နေသည့် ထိုင်း - မြန်မာ နယ်စပ်က အွန်လိုင်းငွေလိ--မ်ဂိုဏ်များကို နှစ်နိုင်ငံပူးပေါင်းတိုက်ဖျက်နှိမ်နှင်းသွားရန် သဘောတူခဲ့ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ဘန်ကောက်ပို့စ်သတင်းက ဖော်ပြလာသည်။ ဇန်နဝါရီ (၁၇) ရက်က...

(၅)ကြိမ်မြောက် သွားရောက်ခေါ်ယူခဲ့သည့် ဗန်းမော်ဒေသခံစစ်ရှောင် (၆၈)...

ဗန်းမော်မြို့တိုက်ပွဲများကြောင့် ရွေကူမြို့သို့ ရောက်ရှိခိုလှုံနေသည့် ဒေသခံစစ်ရှောင် (၆၈) ဦးကို (၅)ကြိမ်မြောက် အဖြစ်သွားရောက်ခေါ်ယူရာ ယနေ့ဇန်နဝါရီ (၁၉)ရက်တွင် မန္တလေးမြို့သို့ ရောက်ရှိမည်ကြောင်း မြေပြင်ကူညီကယ်ဆယ်နေသည့်...
HomeNewsLocal Newsဒေါ်အောင်ဆန်းစုကြည်၏ ခြံအမှတ် (၅၄)...

ဒေါ်အောင်ဆန်းစုကြည်၏ ခြံအမှတ် (၅၄) နေအိမ်ကို တတိယအကြိမ် လေလံတင်မည်

ဒေါ်အောင်ဆန်းစုကြည် နေထိုင်သည့် ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄) နေအိမ်ကို လေလံဈေး (၃)ဘီလျံ လျှော့ချကာ (၂၉၇) ဘီလျံဖြင့် ဖေဖော်ဝါရီလ (၆) ရက်၌ လေလံတင် ရောင်းချသွားမည်ဟု သိရသည်။

အဆိုပါ နေအိမ်နှင့်ခြံကို (၂)ကြိမ်တိတိ လေလံတင်ရောင်းချခဲ့ပြီးသော်လည်း ဝယ်ယူသူမရှိသေးသောကြောင့် ဈေးလျှော့၍ ထပ်မံလေလံတင်ရန် ဦးအောင်ဆန်းဦးဘက်က တရားရုံးကို ထပ်မံတင်ပြထားခြင်းဖြစ်ကာ မူလကြမ်းခင်းဈေး ငွေကျပ် (၃၀၀) ဘီလျံမှ (၁၀) ဘီလျံ လျှော့ချပြီး ဘီလျံ (၂၉၀) သတ်မှတ်ပေးရန် ဦးအောင်ဆန်းဦးဘက်က တင်ပြထားခြင်းဖြစ်သည်။

သို့သော် ယင်းသို့တင်ပြချက်ကို တရားရုံးက ပယ်ချပြီး (၃) ဘီလျံ လျှော့ချသတ်မှတ်လိုက်ကာ (၂၉၇) ဘီလျံဖြင့် ရောင်းချသွားရန် ဆုံးဖြတ်ပေးထားပြီး ရှေ့လတွင် လေလံတင်မည် ဖြစ်သည်။

ရန်ကုန်မြို့တွင် ခြံအမှတ် (၅၄) ဟု ကျော်ကြားသည့် ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ အိမ်ကို ကျပ်ငွေ (၃၁၅)ဘီလီယံဖြင့် တစ်ကြိမ်၊ (၃၀၀) ဘီလီယံဖြင့် တစ်ကြိမ် လေလံ တင်ရောင်းချခဲ့ရန် ကမာရွတ်မြို့နယ် တရားရုံးက ယခုနှစ် ဇန်နဝါရီ (၂၅)က အမိန့်ချမှတ်ထားခြင်းဖြစ်ကာ လက်ရှိအချိန်ထိ လေလံဆွဲ ဝယ်ယူသူ မရှိသေးခြင်း ဖြစ်သည်။

ခြံအမှတ် (၅၄) ၏ ဧရိယာအကျယ်အဝန်းမှာ (၁.၉၂၃) ဧက ကျယ်ဝန်းကြောင်းသိရကာ စတုရန်းပေ (၈၃၇၆၅.၈၈) ပေ ရှိကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမေရိကန်တွင် TikTok သုံးမရတော့

TikTok ကိုပိုင်ဆိုင်သည့် ByteDance ကုမ္ပဏီက ၎င်းတို့၏ဝန်ဆောင်မှုများကို “ခေတ္တရပ်ဆိုင်း‌ကြောင်း” ကြေညာပြီးနောက် အမေရိကန်ရှိ TikTok အသုံးပြုသူ သန်း ၁၇၀ တို့သည် နာမည်ကြီးဗီဒီယိုမျှဝေသည့်အက်ပ်ကို သုံး၍မရတော့ချေ။ ယမန်နေ့ည ၁၁ နာရီ မတိုင်မီတွင် "ဆောရီး TikTok ကို သုံး၍ မရနိုင်‌တော့ပါ" ဟူသည့် မက်ဆေ့ချ်ဖြင့် အမေရိကန်အသုံးပြုသူများကို နှုတ်ဆက်ခဲ့ပြီးနောက် TikTok ဝက်ဘ်ဆိုက်သို့ ဝင်ရောက်၍မရတော့ခြင်းဖြစ်သည်။ ထို့အပြင် Apple နှင်က Google တို့ကလည်း သူတို့၏ App Store များမှနေ၍ အမေရိကန်နေပြည်သူများ...

ခြေတုလက်တု ပြုပြင်ရန်ှနှင့် အသစ်ပြုလုပ်ရန် လိုအပ်သူ (၂၀၀)ခန့်ကို နယ်လှည့်လုပ်ဆောင်ပေး

ပဲခူးတိုင်း၊ တောင်ငူမြို့အပါအဝင် ရေတာရှည်နှင့် ဆွာမြို့နယ်တို့ရှိ ခြေတုလက်တု ပြုပြင်ရန်နှင့် အသစ်ပြုလုပ်ရန်လိုအပ်သူ (၂၀၀)ခန့်ကို နယ်လှည့်လုပ်ဆောင်ပေးခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းထံမှ သိရသည်။ နယ်လှည့်ဆောင်ရွက်ပေးမှုအား မြန်မာနိုင်ငံကြက်ခြေနီ အသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ (၁၄) ရက်မှ ဇန်နဝါရီလ (၁၆)ရက်အထိ ဆွာမြို့၊ ရေတာရှည်မြို့နယ်နှင့် တောင်ငူမြို့နယ်များသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။ ခြေတုလက်တု ဆောင်ရွက်ရာ၌ ဆွာမြို့တွင် အသေးစား ခြေတု၊ လက်တု ပြုပြင်ရန် လိုအပ်သူ(၃၅)ဦး၊ ရေတာရှည် မြို့နယ်တွင် အသေးစားခြေတု၊...

ထိုင်း – မြန်မာ နှစ်နိုင်ငံ ပူးပေါင်းကာ အွန်လိုင်းငွေလိ–မ်ဂိုဏ်းများ နှိမ်နှင်းရန် သဘောတူ

လတ်တလောရေပန်းအစားဆုံးဖြစ်နေသည့် ထိုင်း - မြန်မာ နယ်စပ်က အွန်လိုင်းငွေလိ--မ်ဂိုဏ်များကို နှစ်နိုင်ငံပူးပေါင်းတိုက်ဖျက်နှိမ်နှင်းသွားရန် သဘောတူခဲ့ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ဘန်ကောက်ပို့စ်သတင်းက ဖော်ပြလာသည်။ ဇန်နဝါရီ (၁၇) ရက်က ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့တွင် ပြုလုပ်သည့် (၅) ကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာဝန်ကြီးများ အစည်းဝေးသို့ မြန်မာနိုင်ငံဘက်က ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးဝန်ကြီး Prasert Jantararauangtong နှင့် တွေ့ဆုံကာ သဘောတူညီမှုရယူခဲ့ခြင်း ဖြစ်ကြောင်း ဘန်ကောက်ပို့စ်၏ ဖော်ပြချက်အရ သိရသည်။ ထိုင်း -...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071