Home International အီရန်ကမြေအောက်ရေတပ်စခန်းကို ထုတ်ဖော်ပြသ

အီရန်ကမြေအောက်ရေတပ်စခန်းကို ထုတ်ဖော်ပြသ

0
130

တေရန်၊ဇန်နဝါရီ ၁၉

အီရန်နိုင်ငံ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) ၏ရေတပ်သည် တိုက်ခိုက်ရေးရေယာဉ်များ အများအပြားထားရှိနိုင်သော မြေအောက်‌ေရတပ်အခြေစိုက်စခန်းတစ်ခုကို ထုတ်ဖော်ပြသလိုက်ကြောင်း IRGC ၏ တရားဝင်သတင်းထုတ်ပြန်ချက် Sepah News ကဖော်ပြခဲ့သည်။

IRGC ရေတပ်သင်္ဘောများအတွက် ပြုလုပ်ထားသည့်အချို့သောစခန်းများထဲမှ တစ်ခုဖြစ်သည့် အဆိုပါ အခြေစိုက်စခန်းကို IRGC တပ်မှူးချုပ် ဟူစိန်ဆလာမီ နှင့် ရေတပ်ဒုတိယဗိုလ်မှူးကြီး အလီရီဇာတန်ဆရီတို့ တက်ရောက်သည့် အခမ်းအနားတွင်ပြသခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။

အခမ်းအနား ၌ အမှာစကား ပြောကြားရာတွင် IRGC ၏ ရေတပ်သည် မတူညီသည့်တိုက်ပွဲများ၊ဒုံးကျည်ပစ်လွှတ်ခြင်းနှင့် မိုင်းချရေယာဉ်များထားရှိရာ မြေအောက်အဆောက်အအုံများစွာ ဖြင့် ဆောင်ရွက်နေပြီးယခုပြသခဲ့သည့် အခြေစိုက်စခန်းသည် တပ်၏ ကာကွယ်ရေးစွမ်းရည်၏ တစိတ်တပိုင်းသာဖြစ်ကြောင်းပြောကြားခဲ့သည်။

အစိုးရပိုင် IRIB TV သတင်းတစ်ရပ်အရ IRGC သည် မြေအောက်ဒုံးကျည်စခန်းအသစ်တစ်ခုကိုလည်း မကြာသေးမီက ထုတ်ဖော်ပြသခဲ့သေးကြောင်းသိရသည်။

Source : ရှင်းဟွာ

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here