Monday, January 20, 2025

ဟားခါးမြို့၌ (၀)ဒီဂရီဆဲလ်စီးယပ် အထိရှိကာ အအေးပိုခဲ့

ချင်းပြည်နယ် အပါအဝင်တိုင်းနှင့် ပြည်နယ်(၃)ခု၌ ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်အောက်ကျဆင်းနေပြီး ဟားခါးမြို့ ၌ (၀)ဒီဂရီဆဲလ်စီးယပ်အထိရှိကာ အအေးပိုခဲ့ကြောင်း မိုး လေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ယခုလအတွင်း...

ရန်ကုန်တွင် ယနေ့ တစ်ရက်အတွင်း မီးလောင်ကျွမ်းမှု...

ရန်ကုန်မြို့တွင် ယနေ့ ဇန်နဝါရီ (၂၀)ရက်၊ တစ်ရက်အတွင်း သင်္ဃန်းကျွန်မြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် မီးလောင်ကျွမ်းမှု (၂)ကြိမ်ဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲ့နှင့် နယ်မြေခံ လူမှုကူညီရေးအသင်းများမှ သွားရောက်၍...

“ဝ” ဒေသမှတစ်ဆင့် ကိုးကန့်ဒေသဘက်သို့ ကုန်စည်များ...

တရုတ်အစိုးရ၏ ညွှန်ကြားချက်အရဟုဆိုကာ "ဝ" ဒေသမှ ကိုးကန့်ဒေသဘက်သို့ ကုန်စည်များ လွတ်လွပ်စွာ ဖြတ်သန်းသယ်ယူခွင့်ပြုလိုက်ပြီဖြစ်ကြောင်း UWSA ၏ ဦးစီးချုပ်ရုံးမှ ယနေ့ ဇန်နဝါရီ...

စူပါမော်ဒယ်လောကထိုင်းဝင်ဆန့်နိုင်ရေးညိုမီကမ့်ဘဲလ်အကူအညီတောင်း

ဆော့ဖ်ပါဝါမြှင်တင်ရေးနှင့် နိုင်ငံသားများ ပိုမိုကြွယ်ဝစေရေး အစီအစဉ် ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ထိုင်းလူမျိုးများက ကမ္ဘာ့အဆင့်မီ မော်ဒယ်လောကတွင် ဝင်ဆန့်နိုင်ရေးအတွက် ၎င်း၏ စိတ်ကူးကို အကြံညဏ်ပေးရန်အတွက်...
HomeInternationalကမ္ဘောဒီးယားမြေမြှုပ်မိုင်းကင်းစင်မည့်ကာလ၂၀၃၀ ပြည့်နှစ်အထိတိုး

ကမ္ဘောဒီးယားမြေမြှုပ်မိုင်းကင်းစင်မည့်ကာလ၂၀၃၀ ပြည့်နှစ်အထိတိုး

ဖနောင်ပင်၊ဇန်နဝါရီ ၁၉

ကမ္ဘောဒီးယားသည် ၎င်း၏မိုင်းလုံးဝကင်းစင်ရေးကို အကောင်အထည်ဖော်နိုင်မည့်ကာလကို မူလက ၂၀၂၅ ခုသတ်မှတ်ထားသော်လည်း မိုင်းရှာဖွေရေးနှင့်ရှင်းလင်းရေးတွင် ပထဝီဝင်ဆိုင်ရာအခက်အခဲများကြောင့် ၂၀၃၀ ပြည့်နှစ်သို့ပြောင်းလဲသတ်မှတ်လိုက်ကြောင်းသိရသည်။

အထူးသဖြင့် ကမ္ဘောဒီးယားနှင့်ထိုင်းနယ်စပ်တစ်လျှောက်ရှိမိုင်းကွင်းများသည် မိုင်းရှာဖွေရှင်းလင်းရန်ခက်ခဲသည့် တောင်တန်းဒေသများနှင့် သစ်တောထူထပ်သောနေရာများဖြစ်နေခြင်းကြောင့်ဖြစ်သည်ဟုလည်းပြောကြားခဲ့သည်။

“အဲ့ဒီနေရာတွေက တောထူထပ်ပြီး အဆိပ်အတောက်တွေနဲ့ညစ်ညမ်းနေတဲ့နေရာတွေဖြစ်တာကြောင့် မိုင်းရှင်းလင်းရေးအဖွဲ့တွေဝင်ရောက်ရှင်းလင်းဖို့ခက်ခဲတာမို့လို့ အချိန်လိုအပ်တာကြောင့်ထပ်တိုးလိုက်ရခြင်းဖြစ်ပါတယ်” ဟုလည်းဆိုခဲ့သည်။

ကမ္ဘောဒီးယားမြေမြှုပ်မိုင်းရှင်းလင်းရေးအဖွဲ့အနေဖြင့် မိုင်းရှင်းလင်းရေးလှုပ်ရှားမှုမူဝါဒ ၂၀၂၆ – ၂၀၃၀ ကို ထပ်မံရေးဆွဲခဲ့ပြီး ရည်မှန်းချက်အသစ်ကိုအကောင်အထည်ဖော်နိုင်ရန် စီမံကိန်းများနှင့်မဟာဗျူဟာများလည်းချမှတ်ထားသည်ဟုသိရသည်။

ကမ္ဘောဒီးယားသည် မြေမြှုပ်မိုင်းဒဏ်အများဆုံးခံခဲ့ရသော နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပြီး ၁၉၇၉ မှ ၂၀၂၄ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနှင့်စစ်လက်ကျန်မိုင်းများကြောင့် လူပေါင်း ၁၉,၃၈၄ ဦးသေဆုံးကာ ၄၅,၂၅၂ ဦးကို ထိခိုက်ဒဏ်ရာရစေခဲ့ပြီး ခြေလက်အင်္ဂါဆုံးရှုံးမှုများဖြစ်ပေါ်စေခဲ့သည်ဟုသိရသည်။

Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဟားခါးမြို့၌ (၀)ဒီဂရီဆဲလ်စီးယပ် အထိရှိကာ အအေးပိုခဲ့

ချင်းပြည်နယ် အပါအဝင်တိုင်းနှင့် ပြည်နယ်(၃)ခု၌ ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်အောက်ကျဆင်းနေပြီး ဟားခါးမြို့ ၌ (၀)ဒီဂရီဆဲလ်စီးယပ်အထိရှိကာ အအေးပိုခဲ့ကြောင်း မိုး လေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ယခုလအတွင်း မိုးလေဝသတိုင်းထွာချက်များအရ ညအပူ ချိန်များမှာ ရခိုင်ပြည်နယ်တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်အောက် (၃) ဒီဂရီဆဲလ်စီးယပ်နှင့် တနင်္သာရီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်တို့အောက် (၂) ဒီဂရီဆဲလ်စီးယပ် လျော့နည်းခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ကြောင်း သိရသည်။ ၎င်းတို့အနက် ထူးခြားသည့် ညအပူချိန်များမှာ ဟားခါးမြို့တွင် ၀.၀ ဒီဂရီဆဲလ်စီးယပ်၊...

ရန်ကုန်တွင် ယနေ့ တစ်ရက်အတွင်း မီးလောင်ကျွမ်းမှု (၂) ကြိမ်ဖြစ်ပွား

ရန်ကုန်မြို့တွင် ယနေ့ ဇန်နဝါရီ (၂၀)ရက်၊ တစ်ရက်အတွင်း သင်္ဃန်းကျွန်မြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် မီးလောင်ကျွမ်းမှု (၂)ကြိမ်ဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲ့နှင့် နယ်မြေခံ လူမှုကူညီရေးအသင်းများမှ သွားရောက်၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြောင်း မြို့ခံများထံမှ သိရသည်။ ယနေ့ ဇန်နဝါရီ (၂၀)ရက်၊ နေ့လယ် (၂)နာရီ (၂၅)မိနစ်အချိန်ခန့်က သင်္ဃန်းကျွန်းမြို့နယ်၊ င/က ရပ်ကွက် ပန်းရိုက်လမ်း တွင် မီးလောင်မှုဖြစ်ပွားရာ သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များ နယ်မြေခံ လူမှုကူညီရေးအသင်းများမှ သွားရောက်၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။ ထိုသို့ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရာ မီးလောင်ကျွမ်းမှုမှာ များသဖြင့် နေ့လယ် (၂)နာရီ...

“ဝ” ဒေသမှတစ်ဆင့် ကိုးကန့်ဒေသဘက်သို့ ကုန်စည်များ သယ်ယူဖြတ်သန်းခွင့် ပြန်လည်ခွင့်ပြု

တရုတ်အစိုးရ၏ ညွှန်ကြားချက်အရဟုဆိုကာ "ဝ" ဒေသမှ ကိုးကန့်ဒေသဘက်သို့ ကုန်စည်များ လွတ်လွပ်စွာ ဖြတ်သန်းသယ်ယူခွင့်ပြုလိုက်ပြီဖြစ်ကြောင်း UWSA ၏ ဦးစီးချုပ်ရုံးမှ ယနေ့ ဇန်နဝါရီ (၂၀)ရက်စွဲနှင့် ထုတ်ပြန်လာသည်။ ကိုးကန့်ဒေသနှင့် "ဝ" ဒေသ ဟိုပန်မြို့ကို ဆက်သွယ်ထားသည့် ဖောင်ဆိပ်တံတားပေါ်မှ မော်တော်ယာဉ်များ၊ လူနှင့် ကုန်စည်သယ်ဆောင်ခွင့်ကို ထိန်းချုပ်ထားရာမှ ယခုကဲ့သို့ ပြန်လည်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများမှလွဲ၍ သာမန်ပြည်သူများ၏ ထွက်ကုန်များ၊ စားသောက်ကုန်နှင့် ကုန်ပစ္စည်းများကို ပုံမှန်အတိုင်းရောင်းဝယ်ဖောက်ကားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြန်မာ့တပ်မတော်နှင့် MNDAA တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရခဲ့ပြီးနောက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071