Tuesday, January 21, 2025

ကုန်အမှတ်တံဆိပ် စစ်ဆေးရေးအရာရှိများ စွမ်းဆောင်ရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို...

ကုန်အမှတ်တံဆိပ် စစ်ဆေးရေး အရာရှိများအတွက် ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာသံရုံးနှင့် အာဆီယံ-ဂျပန်စင်တာတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် (၄)ရက်ကြာ...

ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း (၂၄)...

ယခုနှစ်အတွင်း ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း) ပြိူင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း (၂၄) နည်း ဝင်ရောက်ယှဉ်ပြိုင်သွားရန် စီစဉ်နေကြောင်း...

မြန်မာနိုင်ငံ၏ တီဘီတိုက်ဖျက်ရေး လုပ်ငန်းများတွင် အထောက်အကူပြုနိုင်ရန်...

မြန်မာနိုင်ငံ၏ တီဘီတိုက်ဖျက်ရေး လုပ်ငန်းများတွင် အထောက်အကူပြုနိုင်ရန် ဆေးသုတေသနဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံ အပြည်ပြည်ဆိုင်ရာ တီဘီသုတေသနဌာနတို့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်စာလွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ...

မြန်မာ့သနပ်ခါးကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် စာရင်းတင်သွင်းမည်

မြန်မာ့သနပ်ခါးကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ်သတ်မှတ်နိုင်ရန် စာတမ်းရေးသားပြုစုနေကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းကြိုင်၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ စာတမ်းကို ရှေးဟောင်းသုတေသနနှင့်...
HomeNewsLocal Newsဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် အမျိုးသား...

ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် အမျိုးသား ကင်ဆာရောဂါကုသရေးဌာနဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ အမျိုးသားကင်ဆာရောဂါကုသရေးဌာနတွင် တပ်ဆင်ပြီးဖြစ်သော ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသစက်များ (Halcyon, Radixact & Vital Beam) စတင်အသုံးပြုခြင်းအခမ်းအနားကို ယနေ့တွင် ဖွင့်လှစ်ခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နစက၏ ပံ့ပိုးဦးဆောင်မှုနှင့်အတူ တစ်မျိုးသားလုံးသက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေးကို အကောင်ထည်ဖော်ဆောင်ရွက်ခဲ့‌ရာမှ ကူးစက်ရောဂါများသာမက မကူးစက်နိုင်သောရောဂါများ ကာကွယ်ရေး၊ ကုသရေးကိုပါ အားဖြည့်ဆောင်ရွက်လျက် ရှိပြီး ကင်ဆာရောဂါလူနာများအတွက် အရည်အသွေးမြင့်သော ကုသမှုများကိုပြည်တွင်း၌ပင် တိုးမြှင့်ရရှိနိုင်စေရေးကိုလည်း အလေးထားဆောင်ရွက်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ‌ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းကပြောသည်။

ထို့ပြင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ ကင်ဆာရောဂါ ကုသဌာနသည် လူနာများ ဆေးကုသခံယူရန် နေရာလုံလောက်မှုမရှိခြင်း၊ အဆောက်အဦများ နေရာမလပ် များပြားနေခြင်းနှင့် မီးဘေးအန္တရာယ် စိုးရိမ်ရခြင်းတို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အမျိုးသားကင်ဆာ ရောဂါကုသရေးဌာနကို တိုးချဲ့ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အမျိုးသားကင်ဆာရောဂါကုသရေးဌာနကို စုစုပေါင်း ကျပ်သန်း (၃၂,၆၀၉.၃၁၁)ဖြင့် စီမံကိန်းလုပ်ငန်းဆောင်ရွက်နေပြီး ထပ်မံလိုအပ်ချက် အဖြစ် ငွေကျပ် (၁၄,၂၈၁.၇၇၄)သန်း တင်ပြထားရှိကာ (စုစုပေါင်း ၄၆,၈၉၁.၀၈၅သန်း အသုံးပြုပြီး) ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ အထူးအဖွဲ့(၁)မှ တာဝန်ယူဆောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ စီမံကိန်း၏ပထမအဆင့်အနေဖြင့် မြန်မာငွေကျပ် ၃၂.၅ ဘီလီယံတန်ဖိုးရှိ ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသစက်(၃)လုံးကို ဝယ်ယူထောက်ပံ့ ပေးထားပြီး အဆိုပါစက်များနှင့်အတူ တွဲဖက်အသုံးပြုရသည့် မြန်မာငွေကျပ် ၂.၅၅ ဘီလီယံတန်ဖိုးရှိ ဓာတ်ရောင်ခြည်ဖြင့် ကုသမှု အထောက်အကူပြုစက် (CT Simulator) (၁)လုံးကိုပါ တပ်ဆင်ပြီးဖြစ်ကြောင်း၊ ဓာတ်ရောင်ခြည်စက်ကို အသုံးပြုမည့် အထူးကုဆရာဝန်ကြီးများ၊ ဆေးဘက်ကျွမ်းကျင်ဝန်ထမ်းများကိုလည်း ပြည်ပ၌ ကျွမ်းကျင်သင်တန်းများ ဆောင်ရွက်ခဲ့ပြီး ဓာတ်ရောင်ခြည်ဖြင့် ကုသစက်(၁)လုံးဖြစ်သည့် Halcyon စက်ကို ၂၀၂၄ ခုနှစ်၊ အောက် တိုဘာလ တတိယပတ်မှ စတင်၍ အသုံးပြုကာ တစ်ရက်လျှင် ကင်ဆာရောဂါ လူနာ (၆၅)ဦးအထိ တိုးချဲ့ကုသပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ယနေ့တွင် ဓာတ်ရောင်ခြည်ဖြင့်ကုသစက် စုစုပေါင်း(၃)လုံးကို ဖွင့်လှစ်နိုင်ပြီဖြစ်သည့်အတွက် တစ်ရက်လျှင် စုစုပေါင်းလူနာ (၂၀၀)ဦးအထိ ကုသပေးနိုင်တော့မည်ဖြစ်‌ကြောင်း၊ယခုကဲ့သို့ နိုင်ငံတကာအဆင့်မီ ဓာတ် ရောင်ခြည်သုံးစက် အသစ်ကြီးများ ဝယ်ယူ၊ တပ်ဆင် အသုံးပြုနိုင်မှုကြောင့် ကင်ဆာရောဂါဝေဒနာရှင် ပြည်သူများအနေဖြင့် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာ ရောဂါ ကုသမှုခံယူရန် စောင့်ဆိုင်းရချိန် လျော့နည်းလာပြီး ပြည်ပသို့ သွားရောက်၍ ဆေးကုသမှုခံယူခြင်းကြောင့် နိုင်ငံခြားငွေကုန်ကျမှုများကို လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယခု၂၀၂၅ ခုနှစ်အတွင်း စီမံကိန်းလုပ်ငန်းများ အားလုံးပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ယင်းစီမံကိန်းပြီးစီးသွားပါက ကင်ဆာရောဂါ လူနာများ အနေဖြင့် ကင်ဆာရောဂါခွဲစိတ်ကုသခြင်း၊ ဆေးသွင်းကုသခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း၊ အထူးကြပ်မတ်ကုသခြင်း၊ ဓာတ်ခွဲစမ်းသပ်ခြင်း၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်းတို့ကို တစ်နေရာတည်းတွင် တစ်ပြိုင်တည်း ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ကုသမှုခံယူရန် စောင့်ဆိုင်းနေရသော လူနာများကိုလည်း လျင်မြန်စွာ လျှော့ချပေးနိုင်မည် ဖြစ်သည်။

ကင်ဆာရောဂါကုသ ဌာနများ ရာနှုန်းပြည့် လုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ မန္တလေး ပြည်သူ့ဆေးရုံကြီး၌ ဓာတ်ရောင်ခြည် Elekta ဖြင့် ကင်ဆာရောဂါကုသစက် (Linear Accelerator) အသစ်တစ်လုံး၊ ၂၀၂၄ ခုနှစ်မှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ အိန္ဒိယနိုင်ငံမှ လှူဒါန်းသော Bhabhatron စက်အသစ်တစ်လုံးတို့ကို တိုးချဲ့ တပ်ဆင် အသုံးပြုနိုင်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကုန်အမှတ်တံဆိပ် စစ်ဆေးရေးအရာရှိများ စွမ်းဆောင်ရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို (၄)ရက်ကြာ ကျင်းပသွားမည်

ကုန်အမှတ်တံဆိပ် စစ်ဆေးရေး အရာရှိများအတွက် ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာသံရုံးနှင့် အာဆီယံ-ဂျပန်စင်တာတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် (၄)ရက်ကြာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်၊ သင်္ဂဟဟိုတယ်၌ ယနေ့ ဇန်နဝါရီ (၂၁) ရက်၊ နံနက်ပိုင်းက ကျင်းပခဲ့ရာ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးစိုးဟန်က အွန်လိုင်းမှ တဆင့် ပါဝင်တက်ရောက်၍ အမှာစကားပြောကြားခဲ့ကြောင်းလည်း သိရသည်။ ကုန်အမှတ်တံဆိပ် စစ်ဆေးရေးအရာရှိများ ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေး...

ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း (၂၄) နည်း ဝင်ရောက်ယှဉ်ပြိုင်သွားရန် စီစဉ်နေ

ယခုနှစ်အတွင်း ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း) ပြိူင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း (၂၄) နည်း ဝင်ရောက်ယှဉ်ပြိုင်သွားရန် စီစဉ်နေကြောင်း သိရသည်။ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် နည်းပြများနှင့် အားကစားသမားများအား တွေ့ဆုံအမှာစကားပြောကြားစဉ် ထိူသို့ သိရခြင်း ဖြစ်သည်။ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် လေ့ကျင့်ချိန် ကာလအားဖြင့် (၈)လသာ ကျန်တော့မည်ဖြစ်သည့်အတွက် ယခင်အရှေ့တောင်အာရှအားကစားပြိုင်ပွဲများထက် ဆုတံဆိပ်များစွာကို ဂုဏ်သိက္ခာရှိစွာဖြင့် ထိုက်ထိုက်တန်တန် ပိုမိုရယူပေးနိုင်မည်ဟု...

မြန်မာနိုင်ငံ၏ တီဘီတိုက်ဖျက်ရေး လုပ်ငန်းများတွင် အထောက်အကူပြုနိုင်ရန် ကိုရီးယားနှင့် သဘောတူညီချက်စာလွှာ လက်မှတ်ရေးထိုး

မြန်မာနိုင်ငံ၏ တီဘီတိုက်ဖျက်ရေး လုပ်ငန်းများတွင် အထောက်အကူပြုနိုင်ရန် ဆေးသုတေသနဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံ အပြည်ပြည်ဆိုင်ရာ တီဘီသုတေသနဌာနတို့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်စာလွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ (၅၃) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ ပထမနေ့ ဇန်နဝါရီ (၂၀)ရက်က ဆေးသုတေသနဦးစီးဌာန၊ အဆင့်မြင့်မော်လီကျူး သုတေသန အစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ လက်မှတ်ရေးထိုးခြင်းကို ဆေးသုတေသနဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ အပြည်ပြည်ဆိုင်ရာ တီဘီသုတေသနဌာန (International Tuberculosis Research Center) တို့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်စာလွှာလက်မှတ်ရေးထိုးပွဲ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071