နိုင်ငံရေးအရ လှုံ့ဆော်မှုရှိသည်ဟုဆိုကာ ပစ်မှတ်ထား၍ “အခြေအမြစ်မရှိသော စုံစမ်းစစ်ဆေးမှုများ” ပြုလုပ်ခံရမည်ကို စိုးရိမ်သဖြင့် ဂျိုးဘိုင်ဒင်က သူ၏ မိသားစုဝင် ၅ ဦးအပေါ် လွတ်ငြိမ်းချမ်းသာခွင့်များကို သမ္မတသက်တမ်း နောက်ဆုံးမိနစ်များတွင် ထုတ်ပြန်ခဲ့သည်။
ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်သည် ကျမ်းသစ္စာကျိန်ဆိုရန် ကာပီတိုလ်အဆောက်အအုံအတွင်းသို့ မ၀င်ရောက်မီ မိနစ်ပိုင်းမျှအလိုတွင် အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်ကို အိမ်ဖြူတော်က ကြေညာခဲ့ခြင်းဖြစ်သည်။
ဘိုင်ဒင်သည် သူ၏ ညီဖြစ်သူ ဂျိမ်းစ်ဘိုင်ဒင်၊ ခယ်မဖြစ်သူ ဆာရာဂျုံးစ်ဘိုင်ဒင်(ဂျိမ်းစ်ဘိုင်ဒင်၏ ဇနီး)၊ညီမဖြစ်သူ ဗီလီရီဘိုင်ဒန်အိုဝင်စ်၊ ယောက်ဖဖြစ်သူ ဂျွန်အိုဝင်စ်(ဗီလီရီဘိုင်ဒန်အိုဝင်စ် ၏ ခင်ပွန်း)နှင့် ညီဖြစ်သူ ဖရန်စစ်ဘိုင်ဒင် တို့ ၅ ဦးအား နိုင်ငံရေးအရ လှုံ့ဆော်မှုရှိသည်ဟုဆိုကာ ပစ်မှတ်ထား၍ “အခြေအမြစ်မရှိသော စုံစမ်းစစ်ဆေးမှုများ” မပြုလုပ်နိုင်စေရန် လွတ်ငြိမ်းချမ်းသာခွင့်များ ပေးလိုက်ခြင်းဖြစ်သည်။
အခွန်ရှောင်မှု၊ မူးယ-စ်နေချိန်တွင် လက်နက်ကိုင်ဆောင်မှုတို့ကြောင့် တရားစွဲဆိုခြင်းခံနေရသော သားဖြစ်သူ ဟန်တာဘိုင်ဒင်အားလည်း ယမန်နှစ် ဒီဇင်ဘာလအတွင်းက ခြွင်းချက်မရှိလွတ်ငြိမ်းချမ်းသာခွင့်ကို ပေးခဲ့သေးသည်။