Wednesday, January 22, 2025

မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက် Online ငွေ ကြေးလိ-မ်လ-ည်မှုများပပျောက်ရန်...

မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက်ရှိ Online ငွေ ကြေးလိ-မ်လ-ည်မှုများပပျောက်ရန် နှစ်နိုင်ငံအစိုးရနှင့်တပ်မတော်ကြားပူးပေါင်းဆောင်ရွက်သင့်သည်များကို နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ အကြံပေးဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့် Army Operations...

ကုန်အမှတ်တံဆိပ် စစ်ဆေးရေးအရာရှိများ စွမ်းဆောင်ရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို...

ကုန်အမှတ်တံဆိပ် စစ်ဆေးရေး အရာရှိများအတွက် ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာသံရုံးနှင့် အာဆီယံ-ဂျပန်စင်တာတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် (၄)ရက်ကြာ...

ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း (၂၄)...

ယခုနှစ်အတွင်း ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း) ပြိူင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း (၂၄) နည်း ဝင်ရောက်ယှဉ်ပြိုင်သွားရန် စီစဉ်နေကြောင်း...

မြန်မာနိုင်ငံ၏ တီဘီတိုက်ဖျက်ရေး လုပ်ငန်းများတွင် အထောက်အကူပြုနိုင်ရန်...

မြန်မာနိုင်ငံ၏ တီဘီတိုက်ဖျက်ရေး လုပ်ငန်းများတွင် အထောက်အကူပြုနိုင်ရန် ဆေးသုတေသနဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံ အပြည်ပြည်ဆိုင်ရာ တီဘီသုတေသနဌာနတို့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်စာလွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ...
HomeInternationalယူကရိန်းအရေးကန်အစိုးရသစ်နှင့်ဆွေးနွေးရန်အသင့်ရှိ--ပူတင်

ယူကရိန်းအရေးကန်အစိုးရသစ်နှင့်ဆွေးနွေးရန်အသင့်ရှိ–ပူတင်

မော်စကို၊ဇန်နဝါရီ ၂၀

ယူကရိန်းအကြပ်အတည်းနှင့်ပတ်သက်ပြီး အမေရိကန်အစိုးရသစ်နှင့်ဆွေးနွေးရန်အဆင်သင့်ရှိကာ လမ်းဖွင့်ထားသည်ဟု ရုရှားသမ္မတပူတင်ကပြောကြားခဲ့သည်။

“အရေးအကြီးဆုံးက အခုဖြစ်နေတဲ့ အကြပ်အတည်းနဲ့ဆိုင်တဲ့ အဓိက အကြောင်းရင်းတွေကိုဖယ်ရှားပစ်ဖို့ပါပဲ” ဟု ပူတင်က နိုင်ငံ၏ လုံခြုံရေးကောင်စီအဖွဲ့ဝင်များနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့ကြောင်း ခရမ်မလင်၏ သတင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဆက်လက်၍ ရုရှား – ယူကရိန်းအရေးနှင့်ပတ်သက်ပြီး ဖြစ်နိုင်ခြေအလားအလာရှိသောဖြေရှင်းနည်းမှာ စစ်အင်အားပြန်လည် စုစည်းရန်အတွက် ယာယီအပစ်အခတ်ရပ်စဲရေးမျိုးမဟုတ်ဘဲ ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးမျိုးသာဖြစ်သင့်သည်ဟုလည်းပြောကြားခဲ့သည်။

မော်စကိုအနေဖြင့် တွေ့ဆုံဆွေးနွေးရေးကို မည်သည့် အခါကမှငြင်းပယ်ခဲ့ခြင်းမျိုးမရှိဘဲ မည့်သည့် အမေရိကန်အစိုးရနှင့်မဆို တွေ့ဆုံဆွေးနွေးပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေသည်ဟုလည်းပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ၎င်းက သမ္မတထရမ့်ပ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲအတွက်လည်း ဂုဏ်ယူဝမ်းမြောက်ကြောင်းပြောကြားခဲ့ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလားရော့ဗ်ကမူ မော်စကိုအနေဖြင့် အမေရိ ကန်အစိုးရသစ်အပါအဝင် အခြားအနောက်နိုင်ငံခေါင်းဆောင်များနှင့်ပါ ဆက်သွယ်ရန်ပြင်ဆင်ထားသည်ဟုအတည်ပြုခဲ့သည်။

Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက် Online ငွေ ကြေးလိ-မ်လ-ည်မှုများပပျောက်ရန် နှစ်နိုင်ငံအစိုးရနှင့်တပ်မတော်ကြားပူးပေါင်းဆောင်ရွက်သင့်သည်များကိုဆွေးနွေး

မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက်ရှိ Online ငွေ ကြေးလိ-မ်လ-ည်မှုများပပျောက်ရန် နှစ်နိုင်ငံအစိုးရနှင့်တပ်မတော်ကြားပူးပေါင်းဆောင်ရွက်သင့်သည်များကို နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ အကြံပေးဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့် Army Operations Center Neighboring Countries Coordination Center (NCCC) General Direk Bongkarn တို့ဆွေးနွေးခဲ့ကြသည်။ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ထိုင်းဘုရင့်ကြည်း တပ်ဦးစီးချုပ်ရုံး၏ General Direk Bongkarn အား ယနေ့ ဇန်နဝါရီ ၂၁ ရက်မွန်းလွဲပိုင်းက နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဥ် မြန်မာ-ထိုင်းနယ်စပ်ဒေသတွင်ဖြစ် ပွားလျက်ရှိသည့် တရားမဝင်လူကု-န်ကူးမှုများ၊ Online...

ကုန်အမှတ်တံဆိပ် စစ်ဆေးရေးအရာရှိများ စွမ်းဆောင်ရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို (၄)ရက်ကြာ ကျင်းပသွားမည်

ကုန်အမှတ်တံဆိပ် စစ်ဆေးရေး အရာရှိများအတွက် ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာသံရုံးနှင့် အာဆီယံ-ဂျပန်စင်တာတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် (၄)ရက်ကြာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်၊ သင်္ဂဟဟိုတယ်၌ ယနေ့ ဇန်နဝါရီ (၂၁) ရက်၊ နံနက်ပိုင်းက ကျင်းပခဲ့ရာ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးစိုးဟန်က အွန်လိုင်းမှ တဆင့် ပါဝင်တက်ရောက်၍ အမှာစကားပြောကြားခဲ့ကြောင်းလည်း သိရသည်။ ကုန်အမှတ်တံဆိပ် စစ်ဆေးရေးအရာရှိများ ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေး...

ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း (၂၄) နည်း ဝင်ရောက်ယှဉ်ပြိုင်သွားရန် စီစဉ်နေ

ယခုနှစ်အတွင်း ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း) ပြိူင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း (၂၄) နည်း ဝင်ရောက်ယှဉ်ပြိုင်သွားရန် စီစဉ်နေကြောင်း သိရသည်။ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် နည်းပြများနှင့် အားကစားသမားများအား တွေ့ဆုံအမှာစကားပြောကြားစဉ် ထိူသို့ သိရခြင်း ဖြစ်သည်။ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် လေ့ကျင့်ချိန် ကာလအားဖြင့် (၈)လသာ ကျန်တော့မည်ဖြစ်သည့်အတွက် ယခင်အရှေ့တောင်အာရှအားကစားပြိုင်ပွဲများထက် ဆုတံဆိပ်များစွာကို ဂုဏ်သိက္ခာရှိစွာဖြင့် ထိုက်ထိုက်တန်တန် ပိုမိုရယူပေးနိုင်မည်ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071