Wednesday, January 22, 2025

လွိုင်ကော်တက္ကသိုလ်ပြုပြင်ရာတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာရန်ပုံငွေကိုသုံးစွဲသွားမည်

လက်နက်ကိုင်အဖွဲ့ဝင်များ၏ဖျက်ဆီးမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သော လွိုင်ကော်တက္က သိုလ်မှအဆောက်အဦးများကိုပြန်လည်ပြုပြင်ရာ၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာရန်ပုံငွေကိုသုံးစွဲသွားမည်ဟု နစက အတွင်းရေး မှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးက ပြောသည်။ ၎င်းမှ ဇန်နဝါရီ ၂၁ ရက်နံနက်ပိုင်းက...

မလေးရှား-အီးယူ လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်ရရှိရေး...

မလေးရှားနိုင်ငံသည် ဥရောပသမဂ္ဂ(အီးယူ) နှင့် စီးပွားရေးဆက်ဆံမှု ကို ခိုင်မာစေရန်အတွက် မလေးရှား-အီးယူ လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက်(MEUFTA)အတွက် စေ့စပ်ညှိနှိုင်းမှုများကို ပြန်လည်စတင်သွားမည်ဖြစ်သည်ဟု မလေးရှားဝန်ကြီးချုပ်ရုံးက တနင်္လာနေ့တွင်...

ထရမ့်ပ်ကျမ်းကျိန်ပြီးနာရီပိုင်းအတွင်းပူတင်နှင့်ရှီ အွန်လိုင်းမှဆွေးနွေး

အမေရိကန်၏ ၄၇ ယောက်မြောက် သမ္မတအဖြစ် ဒေါ်နယ်ထရမ့်ပ် ကျမ်းသစ္စာ ကျိန်ဆိုပြီး နာရီပိုင်းအတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အင်္ဂါနေ့(ဇန်နဝါရီလ ၂၁) က...

မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက် Online ငွေ ကြေးလိ-မ်လ-ည်မှုများပပျောက်ရန်...

မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက်ရှိ Online ငွေ ကြေးလိ-မ်လ-ည်မှုများပပျောက်ရန် နှစ်နိုင်ငံအစိုးရနှင့်တပ်မတော်ကြားပူးပေါင်းဆောင်ရွက်သင့်သည်များကို နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ အကြံပေးဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့် Army Operations...
HomeNewsLocal Newsဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း...

ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း (၂၄) နည်း ဝင်ရောက်ယှဉ်ပြိုင်သွားရန် စီစဉ်နေ

ယခုနှစ်အတွင်း ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း) ပြိူင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း (၂၄) နည်း ဝင်ရောက်ယှဉ်ပြိုင်သွားရန် စီစဉ်နေကြောင်း သိရသည်။

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် နည်းပြများနှင့် အားကစားသမားများအား တွေ့ဆုံအမှာစကားပြောကြားစဉ် ထိူသို့ သိရခြင်း ဖြစ်သည်။

တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် လေ့ကျင့်ချိန် ကာလအားဖြင့် (၈)လသာ ကျန်တော့မည်ဖြစ်သည့်အတွက် ယခင်အရှေ့တောင်အာရှအားကစားပြိုင်ပွဲများထက် ဆုတံဆိပ်များစွာကို ဂုဏ်သိက္ခာရှိစွာဖြင့် ထိုက်ထိုက်တန်တန် ပိုမိုရယူပေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် အားကစားသမားများ၊ နည်းပြများနှင့် အုပ်ချုပ်သူများ သုံးဦးသုံးဖလှယ် ဟန်ချက်ညီမှသာ အောင်မြင်မှု ရရှိနိုင်မည်ဖြစ်ကြောင်း၊ အားကစားသမားများအနေဖြင့် ပြိုင်ပွဲများ ယှဉ်ပြိုင်ရာတွင် နောက်ဆုံး အချိန်အထိ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ စိတ်ဓာတ်တို့ဖြင့် အစွမ်းကုန် ကြိုးစားယှဉ်ပြိုင်သွားရန်လိုကြောင်း၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ စံချိန်များကို ချိုးနိုင်ပြီး စံချိန်သစ်များ တင်နိုင်ရမည်ဆိုသည့် စိတ်ဓာတ်များဖြင့် ကြိုးစားလေ့ကျင့်ကြရန်လိုကြောင်းမှာကြားခဲ့သည်။

(၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၉) ရက်မှ (၂၀) ရက်အထိ အားကစားနည်း (၅၀) နည်းခန့်ဖြင့် ထိုင်းနိုင်ငံတွင် ကျင်းပသွားမည်ဖြစ်ပြီး လာမည့်အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်ကို မြနိမာနိုင်ငံတွင် နစကက ကျင်းပပေးပြီး ပြင်ဆင်မှုများလည်း ပြုလုပ်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လွိုင်ကော်တက္ကသိုလ်ပြုပြင်ရာတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာရန်ပုံငွေကိုသုံးစွဲသွားမည်

လက်နက်ကိုင်အဖွဲ့ဝင်များ၏ဖျက်ဆီးမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သော လွိုင်ကော်တက္က သိုလ်မှအဆောက်အဦးများကိုပြန်လည်ပြုပြင်ရာ၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာရန်ပုံငွေကိုသုံးစွဲသွားမည်ဟု နစက အတွင်းရေး မှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးက ပြောသည်။ ၎င်းမှ ဇန်နဝါရီ ၂၁ ရက်နံနက်ပိုင်းက လွိုင်ကော်တက္ကသိုလ်တွင် လက်နက်ကိုင်အဖွဲ့ဝင်များ၏ ဖျက်ဆီးမှုကြောင့် အဆောက်အအုံများပျက်စီးခဲ့မှုနှင့် ပြန်လည်ပြုပြင်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ အကြမ်းဖက်မှုများ၊ လက်နက်ကိုင်ပဋိပက္ခဖြစ် ပွားမှုများကြောင့် ဘေးသင့်ခဲ့ရမှုများသည် သ ဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ သဘာဝဘေးအန္တရာယ်ဆိုသည့် သတ်မှတ်ချက်အတွင်းအကျုံးဝင်သည်ဟု ပြောသည်။ ထို့ကြောင့် လွိုင်ကော်တက္ကသိုလ်အတွင်း၌ လက်နက်ကိုင်အဖွဲ့များ၏ ဖျက်ဆီးမှုကြောင့်ပျက်စီးခဲ့ရမှုများအား ပြုပြင်တည်ဆောက်ရာတွင် အထူးကိစ္စရပ်အဖြစ်သတ်မှတ်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာရန်ပုံငွေကို သုံးစွဲဆောင်ရွက်သွားမည်ဟု ပြောသည်။ ထိုသို့ ဆောင်ရွက်ရာ၌ လုပ်ငန်းများအချိန်မီပြီး...

မလေးရှား-အီးယူ လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်ရရှိရေး တကျော့ပြန် ကြိုးပမ်း

မလေးရှားနိုင်ငံသည် ဥရောပသမဂ္ဂ(အီးယူ) နှင့် စီးပွားရေးဆက်ဆံမှု ကို ခိုင်မာစေရန်အတွက် မလေးရှား-အီးယူ လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက်(MEUFTA)အတွက် စေ့စပ်ညှိနှိုင်းမှုများကို ပြန်လည်စတင်သွားမည်ဖြစ်သည်ဟု မလေးရှားဝန်ကြီးချုပ်ရုံးက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ယင်းသဘောတူညီချက်သည် အရေးပါသော ကဏ္ဍများအတွက် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်ကို အားကောင်း ခိုင်မာစေပြီး မလေးရှားနိုင်ငံ၏ စီးပွားရေးကဏ္ဍများစွာတွင် ကြီးမားသော အကျိုးကျေးဇူးများ ရရှိလာမည်ဟု မျှော်လင့်ထားကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်၏ ဇန်နဝါရီ ၁၉-၂၀ ရက် ဘယ်ဂျီယံနိုင်ငံ အလုပ်သဘောခရီးစဉ်အတွင်း ပူးတွဲ ကြေငြာချက်တွင် ဖော်ပြထား သည်။ လျှပ်စစ်နှင့် အီလက်ထရောနစ်ထုတ်ကုန်များ၊ စားအုန်းဆီနှင့်...

ထရမ့်ပ်ကျမ်းကျိန်ပြီးနာရီပိုင်းအတွင်းပူတင်နှင့်ရှီ အွန်လိုင်းမှဆွေးနွေး

အမေရိကန်၏ ၄၇ ယောက်မြောက် သမ္မတအဖြစ် ဒေါ်နယ်ထရမ့်ပ် ကျမ်းသစ္စာ ကျိန်ဆိုပြီး နာရီပိုင်းအတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အင်္ဂါနေ့(ဇန်နဝါရီလ ၂၁) က တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဗီဒီယိုမှတဆင့် ဆက်သွယ်စကားပြောခဲ့ပြီး ၎င်းတို့၏ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုတိုးတက်စေရေး အဆိုပြုခဲ့သည်။ ပူတင်သည် ရှီကို လက်ပြကာ သူ၏ ချစ်မိတ်ဆွေအဖြစ် နှုတ်ခွန်းဆက်ပြီး ရုရှား-တရုတ် ဘက်စုံပူးပေါင်းဆောင်ရွက်မှုနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ဖေါ်ဆောင်ရေးဆိုင်ရာ အစီအစဉ်သစ်များကို အကြမ်းဖျဉ်းပြောကြားလိုကြောင်း ပြောခဲ့သည်။ ခေါင်းဆောင်နှစ်ဦး ဆွေးနွေးခဲ့သည့် ဗီဒီယိုဖိုင်ကို ခရမ်လင်က ထုတ်ပြန်ပေးခဲ့သည်။ “...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071