Wednesday, January 22, 2025

မြန်မာနောက်ခံကစား ဇော်မင်းထွန်းကို ဘန်ကောက်အက် (ဖ်)စီအသင်း...

မြန်မာ့လက်ရွေးစင် နောက်ခံကစား ဇော်မင်းထွန်းကို ဘန်ကောက်အက်(ဖ်)စီ အသင်းက ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အသင်းက တရားဝင် ဖော်ပြထားသည်။ ဇော်မင်းထွန်းသည် အာဆီယံ ဘောလုံးကလပ်များတွင် ကစားခဲ့သည့် ဝါရင့်နောက်ခံကစားသမားတစ်ဦးဖြစ်ပြီး...

ပြည်ထောင်စုနေ့၌ စတင်ဖွင့်လှစ်ရန်စီစဉ်နေသည့် တာချီလိတ်ညဈေး(Tachileik Night...

ဖေဖော်ဝါရီ ၁၂ ရက်(ပြည်ထောင်စုနေ့)တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ တာချီလိတ်ညဈေး(Tachileik Night Market)ကိုဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိရာ တာချီလိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဈေးရောင်းချမည့်သူများနှင့်တွေ့ဆုံဆွေးနွေးပွဲကို ဇန်နဝါရီ ၂၁...

ပြည်ပပါဆယ် အာမခံအမျိုးအစားသစ် အပါအဝင်အာမခံအမျိုးအစားသစ်ခြောက်မျိုးတွင် အာမခံထားရှိနိုင်

အာမခံအမျိုးအစားသစ်များဖြစ်သည့် ပြည်ပပါဆယ် အာမခံအမျိုးအစားသစ် အပါအဝင် အာမခံအမျိုးအစားသစ်ခြောက်မျိုးတွင် ပြည်သူများအနေဖြင့် အာမခံထားရှိနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၃၈) ကြိမ်မြောက်အစည်းအဝေးမှ သိရသည်။ အာမခံကုမ္ပဏီများအနေဖြင့် အာမခံအမျိုးအစားများကို...

ကျောက်ဖြူရေနက်ဆိပ်ကမ်း လုပ်ငန်းများပြီးစီးအောင် ဆောင်ရွက်ရန်ညွှန်ကြား

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီနှင့် တရုတ်နိုင်ငံ CITIC Group ဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းကုမ္ပဏီလီမိတက်တို့အကြား လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ်သက်တမ်း သတ်မှတ်ရက်မရောက်ခင် လုပ်ငန်းများကိုပြီးစီးအောင်ဆောင်ရွက်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန...
HomeInternationalကာဗွန်အခွန်စည်းကြပ်မည့် ကိစ္စ ထိုင်းအစိုးရ...

ကာဗွန်အခွန်စည်းကြပ်မည့် ကိစ္စ ထိုင်းအစိုးရ အတည်ပြု

ထိုင်းနိုင်ငံသည် ဖန်လုံအိမ်ဓါတ်ငွေ့လျှော့ချရေး ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေဖြင့် ကာဗွန်ဓါတ်ငွေ့ တစ်တန် ထုတ်လွှတ်လျှင် ဘတ် ၂၀၀ ကာဗွန်ခွန် စည်းကြပ် ကောက်ခံ ရန် အင်္ဂါနေ့တွင် အစိုးရအဖွဲ့က သဘောတူလိုက်သည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Paopoom Rojanasakul က ပြောကြားသည်။

သို့သော်လည်း လက်ရှိ ရေနံအခွန်တွင် ပါဝင်လာမည်ဖြစ်သော အခွန်ကောက်ခံမှုသည် ရေနံနှင့် ရေနံထွက်ကုန်များ၏ လက်လီဈေးနှုန်းကို ထိခိုက်မည်မဟုတ်ကြောင်း မစ္စတာ Paopoom က ပြောကြားခဲ့သည်။

ကာဗွန်ဈေးနှုန်းသတ်မှတ်ခြင်းသည် စက်မှုကဏ္ဍ၏ ကုန်ကျစရိတ်ကို ထိခိုက်မည်မဟုတ်သကဲ့သို့ လောင်စာဆီ ၏ လက်လီဈေးနှုန်းများ အပေါ်လည်း အကျိုးသက်ရောက်မည်မဟုတ်ဟု သူက ဆက်လက် ပြောကြားခဲ့သည်။

အဆိုပါစီမံချက်သည် စားသုံးသူဆိုင်ရာ အမူအကျင့်ကို သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စေရန် ပြောင်းလဲရာတွင် အကူအညီဖြစ် စေရန်နှင့် သဘာဝပတ်ဝန်းကျင် အပေါ် ထိခိုက်မှုများကို ဦးစားပေးစဉ်းစားသော နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများတွင် အထောက်အကူဖြစ်စေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း မစ္စတာ Papoom က ပြောဆိုသည်။

ထိုင်းနိုင်ငံသည် ၂၀၅၀ ပြည့်နှစ်တွင် ကာဗွန်မျှခြေရောက်ရှိရန်နှင့် ၂၀၂၆ ခုနှစ်တွင် ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှု လုံး၀ မရှိစေရန် ရည်မှန်းထားကြောင်းနှင့် မော်တော်ယာဉ်များနှင့် ရေနံစက်မှုလုပ်ငန်းများသည် ကာဗွန်ထုတ်လွှတ်မှု ၇၀ ရာခိုင်နှုန်း၏ အရင်းခံ အကြောင်းတရားများဖြစ်ကြောင်း သူက ပြောဆိုခဲ့သည်။

ကာဗွန်ဈေးနှုန်း ယန္တရားအရ လိုက်နာရမည့် ထုတ်ကုန်များတွင် ဓါတ်ဆီ၊ ရေနံဆီ၊ လေယာဉ်ဆီ၊ ဒီဇယ်၊ ဇီဝဒီဇယ်၊ ရေနံဓါတ်ငွေ့ရည်နှင့် လောင်စာဆီတို့ပါဝင်သည်ဟု မစ္စတာ Paopoom က ပြောဆိုခဲ့သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနောက်ခံကစား ဇော်မင်းထွန်းကို ဘန်ကောက်အက် (ဖ်)စီအသင်း ခေါ်ယူ

မြန်မာ့လက်ရွေးစင် နောက်ခံကစား ဇော်မင်းထွန်းကို ဘန်ကောက်အက်(ဖ်)စီ အသင်းက ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အသင်းက တရားဝင် ဖော်ပြထားသည်။ ဇော်မင်းထွန်းသည် အာဆီယံ ဘောလုံးကလပ်များတွင် ကစားခဲ့သည့် ဝါရင့်နောက်ခံကစားသမားတစ်ဦးဖြစ်ပြီး ဘန်ကောက်အက်(ဖ်)စီ၏ နောက်ခံကစားသမားအဖြစ်ခေါ်ယူခံရခြင်းဖြစ်သည်။ ဘန်ကောက်အက်(ဖ်)စီအသင်းသည် လက်ရှိ ထိုင်းလိဂ်(၂) ၏ အဆင့်ရပ်တည်မှု အဆင့်(၃)နေရာ၌ ရှိနေပြီး တန်းတက်ကစားရန် ရေပန်းစားနေသည့် အသင်းတစ်သင်းလည်းဖြစ်သည်။ ဘန်ကောက်အက်(ဖ်)စီအသင်း၏ နောက်ဆုံးကစားခဲ့သည့်ပွဲစဉ် (၂)ပွဲအတွင်းနောက်ခံကစားသမား လိုအပ်ချက်များကြောင့် ရှူံးနိမ့်မှုများရှိနေသည့်အတွက် ‌ဇော်မင်းထွန်းကို အသင်း၏ နောက်ခံကစားသမားအဖြစ်ခေါ်ယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ဇော်မင်းထွန်းသည် ဘန်ကောက်အက်ဖ်စီသို့ မပြောင်းမီ ထိုင်းနိုင်ငံတွင် ဖူးခက်အသင်း၊ ဆူခိုထိုင်းအက်ဖ်စီ၊ ထရတ်အက်ဖ်စီ၊ နခွန်ပသိုယူနိုက်တက်အသင်းတို့တွင်...

ပြည်ထောင်စုနေ့၌ စတင်ဖွင့်လှစ်ရန်စီစဉ်နေသည့် တာချီလိတ်ညဈေး(Tachileik Night Market)

ဖေဖော်ဝါရီ ၁၂ ရက်(ပြည်ထောင်စုနေ့)တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ တာချီလိတ်ညဈေး(Tachileik Night Market)ကိုဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိရာ တာချီလိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဈေးရောင်းချမည့်သူများနှင့်တွေ့ဆုံဆွေးနွေးပွဲကို ဇန်နဝါရီ ၂၁ ရက်မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ မြန်မာ-ထိုင်း နယ်စပ်မြို့တစ်မြို့၏အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး၊ ယာဉ်ကြောပိတ်ဆို့မှုမဖြစ်ပေါ်စေရေး၊ ခရီးသွားလုပ်ငန်းအထောက်အကူပြု တာချီလိတ်ညဈေးကြီးဖြစ်ပေါ်လာစေရေး၊ တာချီလိတ်မြို့လမ်းမကြီးများပေါ်တွင် နေရာအနှံ့ပြန့်ကျဲရောင်းချနေသော လမ်းဘေးပျံကျဈေးရောင်းချသူများအား နေရာအတည်တကျဖြင့် စည်းကမ်းတကျရောင်းချနိုင်စေရေးတို့အတွက် တာချီလိတ်ညဈေး(Night Market)ကို ဂေါက် ကွင်းလမ်း၌ဖွင့်လှစ်နိုင်ရန်စီစဉ်ဆောင်ရွက်ထားသည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် တာချီလိတ်မြို့နယ်စည်ပင်မှတာဝန်ရှိသူက ညဈေးတွင် ဆိုင်ခန်းများအား မဲစနစ်နှင့်နေရာချထားရေး၊အမှိုက်နှင့်သန့်စင်ခန်းများ ဆောင်ရွက်ရေး၊ တာချီလိတ်ညဈေးကြီးကြပ်မှုကော်မတီမှတာဝန်ရှိသူမှ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊...

ပြည်ပပါဆယ် အာမခံအမျိုးအစားသစ် အပါအဝင်အာမခံအမျိုးအစားသစ်ခြောက်မျိုးတွင် အာမခံထားရှိနိုင်

အာမခံအမျိုးအစားသစ်များဖြစ်သည့် ပြည်ပပါဆယ် အာမခံအမျိုးအစားသစ် အပါအဝင် အာမခံအမျိုးအစားသစ်ခြောက်မျိုးတွင် ပြည်သူများအနေဖြင့် အာမခံထားရှိနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၃၈) ကြိမ်မြောက်အစည်းအဝေးမှ သိရသည်။ အာမခံကုမ္ပဏီများအနေဖြင့် အာမခံအမျိုးအစားများကို ဝင်ငွေနည်းပြည်သူများ အာမခံဝန်ဆောင်ပေးနိုင်ရေး ဆောင်ရွက်ရန်နှင့် အာမခံဝန်ဆောင်မှုပေးရာတွင် သတ်မှတ်ထားသည့် ဥပဒေစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားရန်လိုကြောင်း အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်က ပြောသည်။ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အနေဖြင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ (၂၇) ရက်တွင် မြန်မာနိုင်ငံအာမခံ ဈေးကွက်အတွင်းရှိ အာမခံလုပ်ငန်းလုပ်ကိုင်သူများ၏ ဘဏ္ဍာရေးခိုင်မာမှုရှိစေရန် လိုက်နာရမည့်ညွှန်ကြားချက်သုံးခုကိုထုတ်ပြန်ခဲ့ပြီး အများပြည်သူကျန်းမာရေးစောင့်ရှောက်မှု အကာအကွယ်ပေးနိုင်ရန်အတွက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071