Wednesday, January 22, 2025

မြိတ်ကျွန်းစုပင်လယ်ပြင်ရှိ ကျွန်းများပေါ်တွင်ပြည်တွင်း/ပြည်ပလုပ်ငန်းရှင်များ၏ ဟိုတယ်စီမံကိန်းများကိုဆွေးနွေး

တနင်္သာရီတိုင်း၊ မြိတ်ကျွန်းစုပင်လယ်ပြင်ရှိ ကျွန်းများပေါ်တွင်ပြည်တွင်း/ပြည်ပလုပ်ငန်းရှင်များ၏ ဟိုတယ်စီမံကိန်းများနှင့်ပတ်သက်၍ တနင်္သာရီတိုင်းဝန်ကြီးချုပ်ဦးမြတ်ကို ဦးဆောင်သည့်တိုင်းအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီးတို့ ဆွေးနွေးခဲ့ကြသည်။ ၎င်းတို့သည် ဇန်နဝါရီ ၂၁ ရက်နံနက် ၁၀...

ယူကရိန်းအရေး မညှိနှိုင်းပါကရုရှားကိုဒဏ်ခတ်ပိတ်ဆို့မည်–ထရမ့်ပ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံရန် အချိန်မရွေး အသင့်ရှိသည်ဟု အင်္ဂါနေ့တွင် ပြောဆိုလိုက်သည်။ သို့သော် တစ်ချိန်တည်းမှာပင် ယူကရိန်းအရေး အတွက်စေ့စပ်ညှိနှိုင်းရေးစားပွဲသို့...

ကျားဖြန့်နှိမ်နင်းရေး ဇင်ယော်လှုပ်ရှားမှု ဒုတိယပိုင်းကို စတင်ရန်ရှိဟု...

တရုတ်နိုင်ငံအပါအဝင် အာဆီယံ (၅)နိုင်ငံပါဝင်သည့် အွန်လိုင်းငွေလိ-မ်ဂိုဏ်း(ကျားဖြန့်)များ နှိမ်နင်းရန် "ဇင်ယော်" တရားဥပဒေစိုးမိုးရေး ပူးပေါင်းလှုပ်ရှားမှု ဒုတိယပိုင်းကို စတင်ရန်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သတင်းထုတ်ပြန်သည်။ အာဆီယံ ငါးနိုင်ငံတွင်...

မြန်မာနောက်ခံကစား ဇော်မင်းထွန်းကို ဘန်ကောက်အက် (ဖ်)စီအသင်း...

မြန်မာ့လက်ရွေးစင် နောက်ခံကစား ဇော်မင်းထွန်းကို ဘန်ကောက်အက်(ဖ်)စီ အသင်းက ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အသင်းက တရားဝင် ဖော်ပြထားသည်။ ဇော်မင်းထွန်းသည် အာဆီယံ ဘောလုံးကလပ်များတွင် ကစားခဲ့သည့် ဝါရင့်နောက်ခံကစားသမားတစ်ဦးဖြစ်ပြီး...
HomeNewsLocal Newsအသေးစား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအသစ်(၃)ခုအတွက်...

အသေးစား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအသစ်(၃)ခုအတွက် မြန်မာ – အိန္ဒိယ လက်မှတ်ရေးထိုး

အိန္ဒိယ အစိုးရ၏ အသေးစား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအသစ် (၃)ခုအတွက် ပံ့ပိုးကူညီမှုဆိုင်ရာနားလည်မှု စာချွန်လွှာကို နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အစိုးရ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး၏ ဒုတိယအကြီးအကဲ Shri Ashish Sharma တို့သည် လူမှုအခြေပြု အခြေခံအဆောက်အအုံများကို အထူးအာရုံစိုက်မှုဖြင့် ကျွမ်းကျင်မှုဆိုင်ရာ ဆောင်ရွက်ချက်များဖြင့် ချိတ်ဆက်၍ ကျား၊ မဆိုင်ရာ အသက်မွေးဝမ်းကျောင်းမှု မြှင့်တင်ရေး နှင့် လူ့အဖွဲ့အစည်းအတွင်း ခွဲခြားဆက်ဆံခြင်းခံရသောသူများ၏ ကဏ္ဍများကိုပံ့ပိုးကူညီရန်ရည်ရွယ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းများထဲမှနှစ်ခုတွင် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းဒေသကြီး (၁၀) ခုရှိ
Home Science School တွင် သက်မွေးဝမ်းကျောင်းသင်တန်းနှင့် စာသင်ခန်းဆိုင်ရာ အခြေခံအဆောက်အအုံများ ပံ့ပိုးပေးခြင်းတို့ ပါဝင်ကြောင်း၊ အဆိုပါစီမံကိန်းများသည် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ ပုသိမ်၊ ရွာငံ၊ စစ်တွေ၊ ဟားခါး နှင့် ထားဝယ် စသည့်မြို့ကြီး (၁၁) မြို့ကို ဖြန့်ကျက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တတိယစီမံကိန်းသည် ရန်ကုန်၊ မန္တလေး၊ ကချင်၊ ရှမ်းနှင့် ကရင်ပြည်နယ် အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး (၅) ခုတွင် မူးယစ်ဆေးစွဲခဲ့ကြသူများ ပြန်လည် ထူထောင်ရေးအတွက် အသက်မွေးဝမ်းကြောင်းဆိုင်ရာသင်တန်းများ ဖွင့်လှစ်ခြင်းနှင့် သင်ကြားရေးအထောက်အကူများ ပေးအပ်ခြင်းတို့ကို အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အသေးစား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ အကောင်အထည်ဖော်ရေးအတွက် အိန္ဒိယ ထောက်ပံ့ကူညီရေး နားလည်မှုစာချွန်လွှာမူဘောင်ကို ၂၀၁၀ ခုနှစ် ဇူလိုင်လ (၂၇) ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၅ ခုနှစ် ဇူလိုင်လ (၂၈)ရက်နှင့် ၂၀၂၀ ခုနှစ် ဇူလိုင်လ (၂၈) ရက်တွင် နှစ်ကြိမ် သက်တမ်းတိုးခဲ့ကြောင်း သိရသည်။

အသေးစားဖွံ့ဖြိုးတိုးတက်ရေး မံကိန်း မူဘောင်အရ အိန္ဒိယနိုင်ငံအစိုးရသည် စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ မျိုးသမီးနှင့် ကလေ-းဆေးရုံကြီး အဆင့်မြှင့်တင်ရေး၊ ရခိုင်ပြည်နယ် စစ်တွေ ကွန်ပျူတာ တက္ကသိုလ်သို့ ကွန်ပျူတာများ ထောက်ပံ့မှု နှင့် ရခိုင်ပြည်နယ်သို့ ထွန်စက်များနှင့် စပါးရိတ်သိမ်းစက်များ ထောက်ပံ့မှုအပါအဝင် အကျိုးသက်ရောက်မှုရှိသည့် စီမံကိန်းများအတွက်ပံ့ပိုးကူညီမှုများကို တိုးချဲ့ဆောင်ရွက်လျက်ရှိသလို မြန်မာနိုင်ငံရှိ အမျိုးသမီးများ၊ကလေ-းသူငယ်များနှင့် ခွဲခြားဆက်ဆံခြင်းခံရသောလူမှုအသိုက်အဝန်းများ၏ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြိတ်ကျွန်းစုပင်လယ်ပြင်ရှိ ကျွန်းများပေါ်တွင်ပြည်တွင်း/ပြည်ပလုပ်ငန်းရှင်များ၏ ဟိုတယ်စီမံကိန်းများကိုဆွေးနွေး

တနင်္သာရီတိုင်း၊ မြိတ်ကျွန်းစုပင်လယ်ပြင်ရှိ ကျွန်းများပေါ်တွင်ပြည်တွင်း/ပြည်ပလုပ်ငန်းရှင်များ၏ ဟိုတယ်စီမံကိန်းများနှင့်ပတ်သက်၍ တနင်္သာရီတိုင်းဝန်ကြီးချုပ်ဦးမြတ်ကို ဦးဆောင်သည့်တိုင်းအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီးတို့ ဆွေးနွေးခဲ့ကြသည်။ ၎င်းတို့သည် ဇန်နဝါရီ ၂၁ ရက်နံနက် ၁၀ နာရီက ထားဝယ်မြို့ရှိ တနင်္သာရီတိုင်းအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ တွေ့ဆုံစဥ် မြိတ်ကျွန်းစုပင်လယ်ပြင်အတွင်းရှိ ကျွန်းများပေါ်တွင် ပြည်တွင်း/ပြည်ပလုပ်ငန်းရှင်များမှ ရင်းနှီးမြှုပ်နှံဆောင်ရွက်ထားကြသည့် ဟိုတယ်စီမံကိန်းလုပ်ငန်းများ၏အခြေအနေ၊ ထားဝယ်ခရိုင်၊ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့ရှိ ထင်ရှားပြီးခရီးသွားဆွဲဆောင်မှုနေရာများဖြစ်သော ပင်လယ်ကမ်းခြေနေရာများနှင့် ကျွန်းများ ၏အခြေအနေ၊ ပြည်ပခရီးသွားဧည့်သည်များ ဝင်ရောက်မှုအခြေအနေတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုး တက်ရေးအတွက်ဆောင်ရွက်ထားရှိမှု၊ ဒေသတွင်းခရီးသွားလုပ်ငန်းကဏ္ဍ၊ တိုင်းဒေသကြီးအတွင်းရှိ ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည်များကိုဆွဲဆောင်နိုင်သည့်...

ယူကရိန်းအရေး မညှိနှိုင်းပါကရုရှားကိုဒဏ်ခတ်ပိတ်ဆို့မည်–ထရမ့်ပ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံရန် အချိန်မရွေး အသင့်ရှိသည်ဟု အင်္ဂါနေ့တွင် ပြောဆိုလိုက်သည်။ သို့သော် တစ်ချိန်တည်းမှာပင် ယူကရိန်းအရေး အတွက်စေ့စပ်ညှိနှိုင်းရေးစားပွဲသို့ မလာရောက်ပါက ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ရနိုင်သည်ဟုလည်း သူက သတိပေးခဲ့သည်။ “လုံး၀ မစခဲ့သင့်တဲ့ စစ်ပွဲပါ၊ ခင်ဗျားတို့မှာသာ အရည်အချင်းရှိတဲ့ သမ္မတတစ်ယောက်ရှိရင် စစ်ပွဲဖြစ်ခဲ့မှာ မဟုတ်ပါဘူး။ ကျုပ်သာ သမ္မတအဖြစ်ရှိခဲ့ရင် ယူကရိန်းစစ်ပွဲက လုံးဝဖြစ်လာမှာ မဟုတ်ပါဘူး” ဟု မစ္စတာထရမ့်ပ်က ပြောဆိုခဲ့သည်။ ရုရှားအနေဖြင့် ယူကရိန်းနိုင်ငံအတွင်း လုံး၀ ဝင်ရောက်ခဲ့မှာမဟုတ်ကြောင်း၊ သူ့အနေဖြင့် ပူတင်နှင့်...

ကျားဖြန့်နှိမ်နင်းရေး ဇင်ယော်လှုပ်ရှားမှု ဒုတိယပိုင်းကို စတင်ရန်ရှိဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးဆို

တရုတ်နိုင်ငံအပါအဝင် အာဆီယံ (၅)နိုင်ငံပါဝင်သည့် အွန်လိုင်းငွေလိ-မ်ဂိုဏ်း(ကျားဖြန့်)များ နှိမ်နင်းရန် "ဇင်ယော်" တရားဥပဒေစိုးမိုးရေး ပူးပေါင်းလှုပ်ရှားမှု ဒုတိယပိုင်းကို စတင်ရန်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သတင်းထုတ်ပြန်သည်။ အာဆီယံ ငါးနိုင်ငံတွင် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ် တို့ ပါဝင်ပြီး ယင်းလှုပ်ရှားမှုကို ယခုနှစ်၏ သင့်လျော်သောအချိန်ကောင်းတွင် စတင်သွားမည်ဖြစ်သည်ဟုဆိုသည်။ ယင်းလှုပ်ရှားမှုမှ တဆင့် ဆက်သွယ်ရေးလိ-မ်-လ-ည်မှုနှင့် ကွင်းဆက်ရာဇဝတ်မှုများအား အဆက်မပြတ် အာရုံစိုက် တိုက်ဖျက်သွားမည်ဖြစ်ကာ နိုင်ငံအသီးသီးမှ ပျောက်ဆုံး၊ ပိတ်လှောင်ခံနေရသူများကို အစွမ်းကုန် ကယ်ဆယ်သွားမည်ဖြစ်ပြီး နိုင်ငံအသီးသီးမှ နိုင်ငံသားများ၏ အသက်အိုးအိမ် စည်းစိမ်လုံခြုံရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071