Thursday, January 23, 2025

ခေတ်နှင့်အညီပြောင်းလဲတိုးတက်နေသည့် နည်းပညာနှင့် အတတ်ပညာများကို အမီလိုက်နိုင်ရေး...

တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်များ ရုပ်မြင်သံကြားထုတ်လွှင့်ရေးနှင့်ပတ်သက်၍ ပိုမိုတိုးတက်စေရေး နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ဇန်နဝါရီ ၂၂ ရက်နေ့လည်ပိုင်းက တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ် (တောင်ညို)သို့သွားရောက်ကြည့်ရှုစစ်ဆေးစဥ်...

အင်ဒို၌ဈေးဝယ်စင်တာမီးလောင်မှုကြောင့် လူ ၉ ဦး‌ေ-သဆုံးခဲ့

ဂျကာတာ၊ဇန်နဝါရီ ၂၂ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ ဈေးဝယ်စင်တာမီးလောင်မှုကြောင့် ‌ေ-သဆုံးသူ ၉ ဦးအထိရှိလာပြီဖြစ်ကြောင်း မြို့တော်၏သဘာဝဘေးအန္တရာယ်လျော့ပါးရေးအေဂျင်စီကပြောကြားခဲ့သည်။ ဈေးဝယ်စင်တာမီးလောင်မှုအပြီး ခြောက်ရက်အကြာတွင် နောက်ဆုံး‌ေ-သဆုံးသူ၏ရုပ်အလေ-ာင်းအား အဆောက်အအုံ၏ ရှစ်လွှာရှိကာရာအိုခေအခန်းတွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး...

ပြောင်းလဲတိုးတက်နေသည့် စစ်အတတ်ပညာများကို အမြဲမပြတ်လေ့လာ လေ့ကျင့်ရန်...

ယနေ့ခေတ်တွင် စစ်လက်နက်နည်းပညာများ၊ စစ်နည်းဗျူဟာများသည် အဆက်မပြတ်တိုး တက်လျက်ရှိ၍ “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဟူသည့်မူဝါဒအတိုင်း စဉ်ဆက်မပြတ်ပြောင်းလဲတိုးတက်နေသည့် စစ်အတတ်ပညာများကို အမြဲမပြတ်လေ့လာနေရမည်ပြီး သင်ယူထားရှိပြီးဖြစ်သည့်...

ဒေသငြိမ်းချမ်းလုံခြုံရေး အာဆီယံပူးပေါင်းဆောင်ရွက်မှု အရေးကြီး

ကွာလာလမ်ပူ၊ဇန်နဝါရီ ၂၂ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို ထိန်းသိမ်းစောင့်ရှောက်ရာ၌ အသက်တမျှအရေးကြီးကြောင်း မလေးရှားပြည်ထဲရေးဝန်ကြီးကပြောကြားခဲ့သည်။ နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှုအန္တရာယ်များ အပါအဝင် လက်ရှိဖြစ်ပေါ်နေသော နှင် ထပ်မံ ပေါ်ထွက်လာနေသော...
HomeInternationalယူကရိန်းအရေး မညှိနှိုင်းပါကရုရှားကိုဒဏ်ခတ်ပိတ်ဆို့မည်--ထရမ့်ပ်

ယူကရိန်းအရေး မညှိနှိုင်းပါကရုရှားကိုဒဏ်ခတ်ပိတ်ဆို့မည်–ထရမ့်ပ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံရန် အချိန်မရွေး အသင့်ရှိသည်ဟု အင်္ဂါနေ့တွင် ပြောဆိုလိုက်သည်။ သို့သော် တစ်ချိန်တည်းမှာပင် ယူကရိန်းအရေး အတွက်စေ့စပ်ညှိနှိုင်းရေးစားပွဲသို့ မလာရောက်ပါက ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ရနိုင်သည်ဟုလည်း သူက သတိပေးခဲ့သည်။

“လုံး၀ မစခဲ့သင့်တဲ့ စစ်ပွဲပါ၊ ခင်ဗျားတို့မှာသာ အရည်အချင်းရှိတဲ့ သမ္မတတစ်ယောက်ရှိရင် စစ်ပွဲဖြစ်ခဲ့မှာ မဟုတ်ပါဘူး။ ကျုပ်သာ သမ္မတအဖြစ်ရှိခဲ့ရင် ယူကရိန်းစစ်ပွဲက လုံးဝဖြစ်လာမှာ မဟုတ်ပါဘူး” ဟု မစ္စတာထရမ့်ပ်က ပြောဆိုခဲ့သည်။

ရုရှားအနေဖြင့် ယူကရိန်းနိုင်ငံအတွင်း လုံး၀ ဝင်ရောက်ခဲ့မှာမဟုတ်ကြောင်း၊ သူ့အနေဖြင့် ပူတင်နှင့် အလွန်ခိုင်မာသော နားလည်မှုရှိကြောင်းနှင့် ဒီအဖြစ်မျိုး ဘယ်တော့မှ ဖြစ်လာမည်မဟုတ်ကြောင်း ထရမ့်ပ်က ဆိုခဲ့သည်။ ထို့အပြင် ပူတင်သည် ဘိုင်ဒင်ကို မလေးစားကြောင်းနှင့် ယင်းမှာ အလွန်ရိုးရှင်းကြောင်း၊ ၎င်းတို့အပေါ် သူ မလေးစားခဲ့ကြောင်း၊ သူသည် ညဏ်ကောင်းသူဖြစ်ကြောင်းနှင့် အခြေအနေကို နားလည်ကြောင်း ထရမ့်ပ်က ပြောဆိုခဲ့သည်။

ပူတင်နှင့် တွေ့ဆုံဖို့ရှိပါသလားဆိုသော မေးခွန်းကို မစ္စတာပူတင်နှင့် တွေ့ရန် သူ အချိန်မရွေး အသင့်ရှိသည်ဟု ဖြေကြားခဲ့သည်။

ယူကရိန်းစစ်ပွဲကြောင့် လူသန်းပေါင်းများစွာ ‌ေ-သကြေနေကြရပြီး မြို့များစွာ ပျက်စီးထိခိုက်နေကြောင်း၊ လူ‌ေ-သဆုံးမှု သတင်းများသည် တရားဝင်ထုတ်ပြန်သော ကိန်းဂဏန်းများထက် ပိုများကြောင်း မိမိတို့ အစိုးရက ကိန်းဂဏန်းအမှန်ကို မထုတ်ပြန်လိုခြင်းဖြစ်နိုင်ပြီး ယင်းအတွက် မိမိအပြစ်တင်ကြောင်း ထရမ့်ပ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

အမေရိကအနေဖြင့် ယူကရိန်းကို လက်နက်တွေ ဆက်လက်ထောက်ပံ့မည်လား ရပ်ဆိုင်းမည်လားဆိုသော မေးခွန်းကို ထရမ့်ပ်က ယင်းကိစ္စအပေါ် စောင့်ကြည့်လျက်ရှိကြောင်း ဆိုခဲ့သည်။

ဇလန်းစကီးနှင့် မိမိတို့ စကားပြောနေကြောင်း၊ မကြာခင်တွင် သမ္မတပူတင်နှင့် ဆွေးနွေးသွားမှာဖြစ်ပြီး ဘာတွေဖြစ်မည်ဆိုသည်ကို တွေ့ရမှာဖြစ်ကြောင်းနှင့် မကြာခင်တွင် တွေ့မြင်ရတော့မှာဖြစ်ကြောင်း ထရမ့်ပ်က ပြောဆိုသွားခဲ့သည်။

Ref: The Hindu

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ခေတ်နှင့်အညီပြောင်းလဲတိုးတက်နေသည့် နည်းပညာနှင့် အတတ်ပညာများကို အမီလိုက်နိုင်ရေး ဆောင်ရွက်ရမည်

တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်များ ရုပ်မြင်သံကြားထုတ်လွှင့်ရေးနှင့်ပတ်သက်၍ ပိုမိုတိုးတက်စေရေး နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ဇန်နဝါရီ ၂၂ ရက်နေ့လည်ပိုင်းက တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ် (တောင်ညို)သို့သွားရောက်ကြည့်ရှုစစ်ဆေးစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ ရုပ်သံထုတ်လွှင့်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် အားနည်းချက်၊ အားသာချက်များကို သင်ခန်းစာဖော်ထုတ်ပြီး မိမိတို့ရုပ်သံထုတ်လွှင့်မှုများ တိုးတက်စေရေးဆောင်ရွက်ရန်၊ Professional ဖြစ်ရန်နှင့် မိမိတို့၏ရည်မှန်းချက်တာဝန်များကို အောင်မြင်အောင်ဆောင်ရွက်နိုင်ရန်လိုသည်ဟု ပြောသည်။ တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်များ အနေဖြင့် ရုပ်မြင်သံကြားထုတ်လွှင့်ရေးနှင့်ပတ်သက်၍ ပိုမိုတိုးတက်စေရေးအတွက် ပြည်တွင်း၊ ပြည်ပမှ အခြားရုပ်သံလွှင့်ဌာနများ၏ ရိုက်ကူးထုတ်လွှင့်မှုများကို ကြည့်ရှုလေ့လာ၍ မိမိတို့၏ ရုပ်သံထုတ်လွှင့်မှုများကို တိုးတက်အောင်ဆောင်ရွက်ကြရန်လိုကြောင်း ပြောသည်။ “ယခုခေတ်ဟာ နည်းပညာခေတ်၊ AI ခေတ်ကိုရောက်ရှိနေတာဖြစ်လို့...

အင်ဒို၌ဈေးဝယ်စင်တာမီးလောင်မှုကြောင့် လူ ၉ ဦး‌ေ-သဆုံးခဲ့

ဂျကာတာ၊ဇန်နဝါရီ ၂၂ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ ဈေးဝယ်စင်တာမီးလောင်မှုကြောင့် ‌ေ-သဆုံးသူ ၉ ဦးအထိရှိလာပြီဖြစ်ကြောင်း မြို့တော်၏သဘာဝဘေးအန္တရာယ်လျော့ပါးရေးအေဂျင်စီကပြောကြားခဲ့သည်။ ဈေးဝယ်စင်တာမီးလောင်မှုအပြီး ခြောက်ရက်အကြာတွင် နောက်ဆုံး‌ေ-သဆုံးသူ၏ရုပ်အလေ-ာင်းအား အဆောက်အအုံ၏ ရှစ်လွှာရှိကာရာအိုခေအခန်းတွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ‌ေ-သဆုံးသူ ၉ ဦးအထိမြင့်တက်လာခြင်းလည်းဖြစ်သည်။ နောက်ဆုံးတွေ့ရှိသည့်‌ေ-သဆုံးသူအား မည်သူမည်ဝါဖော်ထုတ်နိုင်ရေးအတွက် ကျန်‌ေ-သဆုံးသူများနည်းတူ ရဲဆေးရုံသို့ပို့ဆောင်ထားသည်ဟုလည်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။ လူနေထူထပ်သည့် တာမန်ဆရီခရိုင်ခွဲရှိ Glodock ပလာဇာ၌ ပြီးခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့က မီးလောင်ခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ချိန်၌ ပလာဇာထဲတွင် ဈေးဝယ်သူအများအပြားရှိနေကြကာ မီးလောင်ကျွမ်းမှုသည် အဆောက်အအုံ၏ခုနစ်ထပ်နှင့်ရှစ်ထပ်တို့မှစတင်ခြင်းဖြစ်သည်ဟုယူဆကြပြီး သောကြာနေ့မှ မီးကိုအပြီးသတ်ငြှိမ်းနိုင်ခဲ့သည်ဟုလည်းဆိုသည်။ ‌ေ-သဆုံးသူများသည် မည်သူမည်ဝါ ဖြစ်သည်ဟု အတည်ပြုနိုင်ရန် အချိန်အတန်ကြာယူရဦးမည်ဟုလည်း ရဲတပ်ဖွဲ့ကပြောကြားကာ မီးလောင်ရသည့်အကြောင်းအရင်းကို...

ပြောင်းလဲတိုးတက်နေသည့် စစ်အတတ်ပညာများကို အမြဲမပြတ်လေ့လာ လေ့ကျင့်ရန် တပ်ချုပ်မှာကြား

ယနေ့ခေတ်တွင် စစ်လက်နက်နည်းပညာများ၊ စစ်နည်းဗျူဟာများသည် အဆက်မပြတ်တိုး တက်လျက်ရှိ၍ “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဟူသည့်မူဝါဒအတိုင်း စဉ်ဆက်မပြတ်ပြောင်းလဲတိုးတက်နေသည့် စစ်အတတ်ပညာများကို အမြဲမပြတ်လေ့လာနေရမည်ပြီး သင်ယူထားရှိပြီးဖြစ်သည့် စစ်မှုရေးရာနည်းနာများနှင့် အတတ်ပညာများကို ပိုမိုကျွမ်းကျင်အောင် အမြဲလေ့ကျင့်နေရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ ဇန်နဝါရီ ၂၂ ရက်နံနက်ပိုင်းက နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ တောင်ညိုတပ်နယ်ရှိ နယ်မြေခံလေ့ကျင့်ရေးသင်တန်းကျောင်း ၌ သင်တန်းသားများကို သင်ကြားလေ့ကျင့်ပေးနေမှုအား ၎င်းမှ ကြည့်ရှုစစ်ဆေးစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ချမှတ်ထားရှိသည့်စည်းမျဉ်းစည်းကမ်းများအတိုင်း အမြဲလိုက်နာကျင့်သုံးနေရမည်ဖြစ်ပြီး စစ်သားကောင်း တစ်ယောက်ပီသစွာ နေထိုင်ကျင့်ကြံမည်ဆိုပါက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071