Home News Local News မြိတ်ကျွန်းစုပင်လယ်ပြင်ရှိ ကျွန်းများပေါ်တွင်ပြည်တွင်း/ပြည်ပလုပ်ငန်းရှင်များ၏ ဟိုတယ်စီမံကိန်းများကိုဆွေးနွေး

မြိတ်ကျွန်းစုပင်လယ်ပြင်ရှိ ကျွန်းများပေါ်တွင်ပြည်တွင်း/ပြည်ပလုပ်ငန်းရှင်များ၏ ဟိုတယ်စီမံကိန်းများကိုဆွေးနွေး

0
146

တနင်္သာရီတိုင်း၊ မြိတ်ကျွန်းစုပင်လယ်ပြင်ရှိ ကျွန်းများပေါ်တွင်ပြည်တွင်း/ပြည်ပလုပ်ငန်းရှင်များ၏ ဟိုတယ်စီမံကိန်းများနှင့်ပတ်သက်၍ တနင်္သာရီတိုင်းဝန်ကြီးချုပ်ဦးမြတ်ကို ဦးဆောင်သည့်တိုင်းအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီးတို့ ဆွေးနွေးခဲ့ကြသည်။

၎င်းတို့သည် ဇန်နဝါရီ ၂၁ ရက်နံနက် ၁၀ နာရီက ထားဝယ်မြို့ရှိ တနင်္သာရီတိုင်းအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

တွေ့ဆုံစဥ် မြိတ်ကျွန်းစုပင်လယ်ပြင်အတွင်းရှိ ကျွန်းများပေါ်တွင် ပြည်တွင်း/ပြည်ပလုပ်ငန်းရှင်များမှ ရင်းနှီးမြှုပ်နှံဆောင်ရွက်ထားကြသည့် ဟိုတယ်စီမံကိန်းလုပ်ငန်းများ၏အခြေအနေ၊ ထားဝယ်ခရိုင်၊ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့ရှိ ထင်ရှားပြီးခရီးသွားဆွဲဆောင်မှုနေရာများဖြစ်သော ပင်လယ်ကမ်းခြေနေရာများနှင့် ကျွန်းများ ၏အခြေအနေ၊ ပြည်ပခရီးသွားဧည့်သည်များ ဝင်ရောက်မှုအခြေအနေတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုး တက်ရေးအတွက်ဆောင်ရွက်ထားရှိမှု၊ ဒေသတွင်းခရီးသွားလုပ်ငန်းကဏ္ဍ၊ တိုင်းဒေသကြီးအတွင်းရှိ ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည်များကိုဆွဲဆောင်နိုင်သည့် သာယာလှပသောပင်လယ်ကမ်းခြေနေရာများ၊ ကျွန်းများ၊ ပင်လယ်ရေအောက်သဘာဝအလှအပများ၊ ရိုးရာ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ၊ ရိုးရာလူနေမှုဓလေ့စရိုက်များ၊ ရေမြေတောတောင်သဘာဝအလှအပများတည်ရှိမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here