ကွာလာလမ်ပူ၊ဇန်နဝါရီ ၂၂
အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို ထိန်းသိမ်းစောင့်ရှောက်ရာ၌ အသက်တမျှအရေးကြီးကြောင်း မလေးရှားပြည်ထဲရေးဝန်ကြီးကပြောကြားခဲ့သည်။
နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှုအန္တရာယ်များ အပါအဝင် လက်ရှိဖြစ်ပေါ်နေသော နှင် ထပ်မံ ပေါ်ထွက်လာနေသော လုံခြုံရေးစိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်မှာ အာဆီယံအတွက် အထူးအရေးကြီးကြောင်းလည်း အာရှ၏နိုင်ငံတကာ လုံခြုံရေးထိပ်သီးအစည်းအဝေးနှင့် ကုန်စည်ပြပွဲ 2025 မိန့်ခွန်းတွင် ၎င်းကပြောကြားခဲ့သည်။
“အာဆီယံမိတ်ဖက်များအနေနဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ယုံကြည်မှုတည်ဆောက်ရေးအခန်းကဏ္ဍကို နောက်တစ်ဆင့်တက်သင့်ပြီး ဒေသတွင်းငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ စည်းလုံးညီညွတ်မှု၊ တုန့်ပြန် ဆောင်ရွက်မှု နဲ့ ပတ်သက်ဆက်နွယ်မှုတွေရှိနေသင့်ပါတယ်” ဟုလည်း ပြောကြားခဲ့သည်။
အစွန်းရောက်မူဝါဒနှင့် အကြမ်းဖက်မူဝါဒအပါအဝင် လုံခြုံရေးဆိုင်ရာ အန္တရာယ် အမျိုးမျိုးမှ ကင်းဝေးစေရန် အာဆီယံအနေဖြင့် အတူတကွပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ၎င်းက အလေးပေးပြောကြားခဲ့သည်။
Source : ရှင်းဟွာ