Friday, January 24, 2025

အမေရိက,က ဖိလစ်ပိုင်ရှိ တိုက်ဖွန်းဒုံးကျည်ပ-စ်စင်များကိုဖြန့်ကျက်နေရာချ

အမေရိကန်စစ်တပ်သည် ဘက်စုံသုံးဒုံးကျည်များကို ကီလိုမီတာ ထောင်နှင့်ချီအထိ ပ-စ်ခတ်နိုင်သော တိုက်ဖွန်းဒုံးပ-စ်စင်များကို ဖိလစ်ပိုင်နိုင်ငံ Laoag လေယာဉ်ကွင်းမှ လူဇုန်ကျွန်းပေါ်ရှိ အခြားနေရာတစ်ခုဆီ ပြောင်းရွှေ့ဖြန့်ကျက်‌ေနရာချလိုက်သည်ဟု ဖိလစ်ပိုင်အစိုးရ...

ဖ‌‌နောင်ပင်၌ဟုန်ပေါင်းတိုးကြိတ်ယူကြရာမှလူလေးဦးထက်မနည်းသေဆုံး

ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့တော်တွင် ဇန်နဝါရီ ၂၃ ရက်က တရုတ်နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် သူဌေးကြီးတစ်ဦး ဝေငှသော ငွေသားများထည့်ထားသည့် ဟုန်ပေါင်းခေါ်အန်ပေါင်းထုပ်များကို လူအများ တိုးဝှေ့ယူကြရာမှ လူအုပ်ကြားညပ်၍...

မြန်မာနိုင်ငံ၌တည်ငြိမ်အေးချမ်းရေးအမြန်ဆုံးရရှိဖို့ ဗီယက်နမ်မျှော်လင့်

ဒါဗို၊ဇန်နဝါရီ ၂၂ ဗီယက်နမ်ဝန်ကြီးချုပ်ဖန်မင်ချင်က ဗီယက်နမ်အနေဖြင့် မြန်မာ့အခြေအနေကိုအနီးကပ်စောင့်ကြည့်လျက်ရှိပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးအတွက် အထူးသဖြင့် မြန်မာနိုင်ငံ အတွက်ရည်ရွယ်ပြီး မြန်မာနိုင်ငံ၌ တည်ငြိမ်အေးချမ်းမှုအမြန်ဆုံးရစေရန်မျှော်လင့်သည်ဟု ပြောကြားခဲ့သည်။ ဆွစ်ဇာလန်နိုင်ငံ၊ဒါဗိုတွင်ကျင်းပနေသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်အစည်းအဝေးအပြီး၌...

အဖျောက်မြို့ရှိ ထင်သာမြင်သာရှိသည့်နေရာများ၌ မီးသတ်စခန်းဖုန်းနံပတ်ပါ စတစ်ကာများကပ်

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့ရှိ ထင်သာမြင်သာရှိသောနေရာများ၌ မီးသတ်စခန်း၏ဖုန်းနံပတ်ပါ စတစ်ကာများကို ယနေ့ ဇန်နဝါရီ ၂၃ ရက်နံနက် ၉ နာရီတွင် မီးသတ်တပ်ဖွဲ့ဝင်များက...
HomeInternationalနျူလက်နက်စွန့်ရန် အီရန်ကို ကုလအကြီးအကဲ...

နျူလက်နက်စွန့်ရန် အီရန်ကို ကုလအကြီးအကဲ တောင်းဆို

အီရန်နိုင်ငံသည် နျူကလီးယားလက်နက်ထုတ်လုပ်ရန် ရည်ရွယ်ချက်မရှိကြောင်းကို ရှင်းလင်းစွာဖော်ပြခြင်းဖြင့် ဒေသတွင်းနိုင်ငံများ၊ အမေရိကန်ပြည်ထောင်စုတို့နှင့် ဆက်ဆံရေးတိုးတက်စေရေးအတွက် ပထမဆုံး စတင် လုပ်ဆောင်ရမည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ဂါဇာပဋိပက္ခတွင် ပါဝင်နေသော ဘက်အားလုံးအနေဖြင့် နှစ်နိုင်ငံဖြေရှင်းချက်အတွက် စေ့စပ်ဆွေးနွေးမှုများကို လမ်းပွင့်စေနိုင်သော ထာဝရအပစ်အခတ်ရပ်စဲရေးမှ အကျိုးအမြတ်ရနိုင်သည်ကို နားလည်သဘောပေါက်မည်ဟု မျှော်လင့်ကြောင်းလည်း သူက ပြောဆိုခဲ့ပြီး ဆီးရီးယားအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုများကို ဖြေလျှော့ပေးရန် နိုင်ငံများကို တိုက်တွန်းခဲ့သည်။

အဓိက ကပြသနာမှာ အီရန်နိုင်ငံနှင့် အီရန်၊ အစ္စရေး၊ အမေရိကန်ပြည်ထောင်စုတို့အကြား ဆက်ဆံရေးဖြစ်သည်ဟု ဒါးဗိုတွင်ပြုလုပ်သော ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် အရှေ့အလယ်ပိုင်းအခြေအနေအကြောင်း ဆွေးနွေးခဲ့ရာ၌ ဂူတာရက်စ်က ပြောဆိုသွားခဲ့သည်။

ယင်းနှင့်ပတ်သက်၍ မိမိ၏ မျှော်လင့်ချက်မှာ နျူကလီးလက်နက် ပိုင်ဆိုင်ခွင့်ကို စွန့်လွှတ်ကြောင်း ရှင်းရှင်းလင်းလင်း လုပ်ဆောင်ပေးရန်နှင့် တစ်ချိန်တည်းမှာပင် ဒေသတွင်းနိုင်ငံများနှင့် အပြုသဘောဆောင်သော ဆက်ဆံမှုရှိရန်သည် အရေးကြီးကြောင်းကို အီရန်နိုင်ငံသားများ နည်းလည်သဘောပေါက်ရန်ဖြစ်ကြောင်း သူက ဆိုခဲ့သည်။

ကုလသမဂ္ဂ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့အစည်း၏ အကြီးအကဲ ရာဖေးလ် ဂရော့စ်စီက ဒါးဗိုအစည်းအဝေး၏ အလားတူခေါင်းစဉ်အောက်တွင် ပြောကြားရာ၌ အီရန်နိုင်ငံသည် လက်နက်ထုတ်လုပ်နိုင်သည့်အဆင့်နီးပါး ယူရေနီယံသန့်စင်မှုကို အရှိန်မြှင့်လုပ်ဆောင်နေသည်ဟု ပြောဆိုခဲ့သည်။

အီရန်နိုင်ငံကမူ ၎င်း၏ နျူကလီးယားအစီအစဉ်သည် လုံးဝငြိမ်းချမ်းသောအကြောင်းအရာများအတွက်သာရည်ရွယ်ကြောင်း တောက်လျှောက်ပြောဆိုလာခဲ့သကဲ့သို့ ၎င်းတို့အနေဖြင့် ကိုယ်လိုချင်သည့်အဆင့်အထိ ယူရေနီယံသန့်စင်ပိုင်ခွင့်ရှိသည်ဟု ပြောကြားခဲ့သည်။

Ref: ယူအက်စ်နူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမေရိက,က ဖိလစ်ပိုင်ရှိ တိုက်ဖွန်းဒုံးကျည်ပ-စ်စင်များကိုဖြန့်ကျက်နေရာချ

အမေရိကန်စစ်တပ်သည် ဘက်စုံသုံးဒုံးကျည်များကို ကီလိုမီတာ ထောင်နှင့်ချီအထိ ပ-စ်ခတ်နိုင်သော တိုက်ဖွန်းဒုံးပ-စ်စင်များကို ဖိလစ်ပိုင်နိုင်ငံ Laoag လေယာဉ်ကွင်းမှ လူဇုန်ကျွန်းပေါ်ရှိ အခြားနေရာတစ်ခုဆီ ပြောင်းရွှေ့ဖြန့်ကျက်‌ေနရာချလိုက်သည်ဟု ဖိလစ်ပိုင်အစိုးရ အကြီးတန်း အရာရှိတစ်ဦးက ပြောဆိုခဲ့သည်။ ယင်းပ-စ်စင်များရှိ တိုမာဟော့ခ် ခရုဇ်ဒုံးကျည်များသည် ဖိလစ်ပိုင်မှ တရုတ်၊ ရုရှားရှိ ပ-စ်မှတ်များအထိ ပ-စ်ခတ်ရောက်ရှိနိုင်သကဲ့သို့ SM-6 ဒုံးကျည်များသည်လည်း ကီလိုမီတာ ၂၀၀ ကျော်ရှိ ဝေဟင်နှင့် ပင်လယ်ပစ်မှတ်များကို ပ-စ်ခတ်တိုက်ခိုက်နိုင်သည်။ ရွှေ့ပြောင်းဖြန့်ကျက်နေရာချထားခြင်းသည် ဒုံးကျည်တပ်ခွဲကို ပ-စ်ခတ်သည့်နေရာသစ်သို့ မည်မျှမြန်မြန် ရွှေ့နိုင်သည်ကို ဆုံးဖြတ်ရာတွင် အထောက်အကူဖြစ်စေမည်ဟု ဖိလစ်ပိုင်အစိုးရ အကြီးတန်း...

ဖ‌‌နောင်ပင်၌ဟုန်ပေါင်းတိုးကြိတ်ယူကြရာမှလူလေးဦးထက်မနည်းသေဆုံး

ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့တော်တွင် ဇန်နဝါရီ ၂၃ ရက်က တရုတ်နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် သူဌေးကြီးတစ်ဦး ဝေငှသော ငွေသားများထည့်ထားသည့် ဟုန်ပေါင်းခေါ်အန်ပေါင်းထုပ်များကို လူအများ တိုးဝှေ့ယူကြရာမှ လူအုပ်ကြားညပ်၍ အသက်ရှုကြပ်ကာ လူလေးဦးထက်မနည်း သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်၏ ရင်းနှီးသော မဟာမိတ်တစ်ဦးဖြစ်သူ မစ္စတာ Sok Kong ပိုင်ဆိုင်သော ဖ‌ေနာင်ပင်မြို့လယ်ရှိ အိမ်ကြီး၏ ကျယ်ပြောလှသော ခြံတံခါးပေါက်များရှေ့တွင် လူများ ရာနှင့်ချီ၍ စုဝေးရောက်ရှိလာကြသည်ကို ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သောဓါတ်ပုံများတွင် တွေ့ရသည်။ “ဒီမနက်မှာ သူဌေးကြီး Sok Kong က...

မြန်မာနိုင်ငံ၌တည်ငြိမ်အေးချမ်းရေးအမြန်ဆုံးရရှိဖို့ ဗီယက်နမ်မျှော်လင့်

ဒါဗို၊ဇန်နဝါရီ ၂၂ ဗီယက်နမ်ဝန်ကြီးချုပ်ဖန်မင်ချင်က ဗီယက်နမ်အနေဖြင့် မြန်မာ့အခြေအနေကိုအနီးကပ်စောင့်ကြည့်လျက်ရှိပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးအတွက် အထူးသဖြင့် မြန်မာနိုင်ငံ အတွက်ရည်ရွယ်ပြီး မြန်မာနိုင်ငံ၌ တည်ငြိမ်အေးချမ်းမှုအမြန်ဆုံးရစေရန်မျှော်လင့်သည်ဟု ပြောကြားခဲ့သည်။ ဆွစ်ဇာလန်နိုင်ငံ၊ဒါဗိုတွင်ကျင်းပနေသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်အစည်းအဝေးအပြီး၌ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ် ဂျူလီဘီး‌ရှော့ပ်နှင့်တွေ့ဆုံစဉ် ဝန်ကြီးချုပ်က ဗီယက်နမ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏လွတ်လပ်ရေး၊အချုပ်အခြာအာဏာနှင့် နယ်မြေ တည်တံ့ ခိုင်မြဲမှုကိုလေးစားကြောင်းထပ်‌ေလာင်းအတည်ပြုပြောကြားခဲ့သည်။ ဗီယက်နမ်အနေဖြင့် မြန်မာပြည်သူများ၏ အကျိုးစီးပွားကိုသာထိခိုက်စေသည့် ကုန်သွယ်ရေးပိတ်ပင်မှုကိုမလိုလားသကဲ့သို့ မြန်မာ့အရေးသည် မြန်မာပြည်သူများကိုယ်တိုင်က သဘောတူညီချက်၊ မျှတသော အပေးအယူနှင့်သက်ဆိုင်ရာအဖွဲ့အစည်းများ အားလုံးပါဝင်ညှိနှိုင်းခြင်းဖြင့်သာဖြေရှင်းရမည်ဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။ ဆက်လက်၍ ဗီယက်နမ်အပါအဝင် အာဆီယံအသိုက်အဝန်း၏ မြန်မာ့အရေးကြိုးပမ်းမှုများနှင့်ပတ်သက်၍လည်း ၎င်းကအလေးပေးပြောကြားခဲ့သည်။ ယင်းနောက် ဘီးရှော့ပ်က ဝန်ကြီးချုပ်ချင်၏ အဆိုပြုချက်များကို သဘောတူညီပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071