Monday, January 27, 2025

နိုင်ငံတကာကုန်သွယ်မှုတန်ဖိုး၏ (၇၅) ရာခိုင်နှုန်းခန့်ကို ရန်ကုန်ဆိပ်ကမ်းမှ...

နိုင်ငံတကာကုန်သွယ်မှုတန်ဖိုး၏ (၇၅) ရာခိုင်နှုန်းခန့်ကို ရန်ကုန်ဆိပ်ကမ်းမှ ကိုင်တွယ်ဝန်ဆောင်မှုပေး၍ ပင်လယ်ရေကြောင်းဖြင့် တင်သွင်းတင်ပို့ပေးလျက်ရှိကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းကပြောသည်။ ကျန်းမာရေးဆိပ်ခံတံတားမှ ရန်ကုန်မြစ်ဝရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ကမ်းလွန်ရေကြောင်းပြစခန်း...

ထရမ့်ပ်နှင့် ဗြိတိန်ဝန်ကြီးချုပ်တို့ မကြာခင်တွေ့ဆုံရန် သဘောတူ

ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမာနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်တို့သည် ထရမ့်ပ်ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဖုန်းဆက်သွယ်ပြောဆိုခဲ့ရာ၌ ဗြိတိန်နှင့် အမေရိကအကြား ရင်းနှီး၊ နွေးထွေးသော ဆက်ဆံရေး၏ အရေးပါမှုကို...

ကမ္ဘောဒီးယားပရီးမီးယားလိဂ်အတွင်းဂိုးဖန်တီးမှုအများဆုံး နံပါတ် (၇) နေရာတွင်...

ကမ္ဘောဒီးယားပရီးမီးယားလိဂ်အတွင်းဂိုးဖန်တီးမှုအများဆုံး စွမ်းဆောင်မှု နံပါတ် (၇)နေရာတွင် မြန်မာလက်ရွေးစင် တိုက်စစ်မှုးသီဟဇော်ရပ်တည်နေကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး သီဟဇော်သည် က‌မ္ဘောဒီးယားပြည်တွင်းကလပ်တစ်ခုဖြစ်သည့် နာဂဝေါအသင်းတွင် ဝင်ရောက်ကစားနေခြင်းဖြစ်ပြီး၊ ဇန်နဝါရီ...

မြန်မာ-တရုတ်ကုန်သွယ်ရေးတွင်အရေးပါသည့် ဗလမင်းထင်အမှတ်(၂)တံတားတည်ဆောက်နေ

ကချင်ပြည်နယ်၌ မြန်မာ-တရုတ်ကုန်သွယ်ရေးတွင်အရေးပါသည့် ဗလမင်းထင်အမှတ်(၂)တံ တားကိုတည်ဆောက်လျက်ရှိရာ စီမံကိန်းဆောင်ရွက်နေမှုအား ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်မှ ဇန်နဝါရီ ၂၅ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါ ဗလမင်းထင်အမှတ်(၂)တံတားအား မြန်မာ-တရုတ်ကုန်သွယ်ရေးအတွက်အရေးပါသော...
HomeNewsLocal Newsရန်ကုန်ရှိ မြို့နယ်(၂)ခုတွင် ယနေ့နံနက်ပိုင်းက...

ရန်ကုန်ရှိ မြို့နယ်(၂)ခုတွင် ယနေ့နံနက်ပိုင်းက မိနစ်ပိုင်းသာခြား၍ မီးလောင်မှု(၂)ကြိမ်ဖြစ်

ရန်ကုန်တိုင်း၊ အလုံမြို့နယ်နှင့် စမ်းချောင်းမြို့ နယ်တို့တွင် ယမန်နေ့ ဇန်နဝါရီ ၂၄ ရက်နံနက်ပိုင်းက မိနစ်ပိုင်းသာခြား၍ မီးလောင်မှု(၂)ကြိမ်ဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။

အလုံမြို့နယ်၊ စောရန်ပိုင်(တောင်)ရပ်ကွက်၊ ငုဝါလမ်းရှိ နေအိမ်အချို့ နံနက် ၁၁ နာရီ ၃၉ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွား၍ အလုံမြို့နယ်မီးသတ်စခန်း၊ ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်း၊ စမ်းချောင်းမြို့နယ်မီးသတ်စခန်း၊ ကျောက်တံတားမြို့နယ်မီးသတ်စခန်း၊ ကမာရွတ်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြသည်။

ထို့ကြောင့် နံနက် ၁၁ နာရီ ၄၃ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၁၁ နာရီ ၄၉ မိနစ်၌ မီးငြိမ်းသွားခဲ့ကာ မီးလောင်မှုကြောင့် နေအိမ်အချို့ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် နံနက် ၁၁ နာရီခွဲခန့်ကလည်း စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမြောက်ရပ်ကွက်၊ ဓမ္မစေတီလမ်းရှိ အမှိုက်ပုံတစ်ခုတွင်မီးလောင်မှုဖြစ်ပွား၍ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၁၁ နာရီ ၃၃ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတကာကုန်သွယ်မှုတန်ဖိုး၏ (၇၅) ရာခိုင်နှုန်းခန့်ကို ရန်ကုန်ဆိပ်ကမ်းမှ ဝန်ဆောင်မှုပေးနေခြင်းဖြစ်ဟုဆို

နိုင်ငံတကာကုန်သွယ်မှုတန်ဖိုး၏ (၇၅) ရာခိုင်နှုန်းခန့်ကို ရန်ကုန်ဆိပ်ကမ်းမှ ကိုင်တွယ်ဝန်ဆောင်မှုပေး၍ ပင်လယ်ရေကြောင်းဖြင့် တင်သွင်းတင်ပို့ပေးလျက်ရှိကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းကပြောသည်။ ကျန်းမာရေးဆိပ်ခံတံတားမှ ရန်ကုန်မြစ်ဝရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ကမ်းလွန်ရေကြောင်းပြစခန်း (Offshore Fixed Pilot Station) သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတကာကုန်သွယ်မှုတန်ဖိုး၏ ၇၅ ရာခိုင်နှုန်းခန့်ကို ရန်ကုန်ဆိပ်ကမ်းမှ ကိုင်တွယ်ဝန်ဆောင်မှုပေး၍ ပင်လယ်ရေကြောင်းဖြင့် တင်သွင်းတင်ပို့ပေးလျက်ရှိရာ ဆိပ်ကမ်းလုပ်ငန်းကဏ္ဍသည် နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါသဖြင့် ဆိပ်ကမ်းလုပ်ငန်းများကောင်းစွာလည်ပတ်နေနိုင်ရန် နေ့/ည ရာသီမရွေး ပင်လယ်ထဲနှင့် ရေလမ်းကြောင်းတလျှောက်တွင် တာဝန်ထမ်းဆောင်နေကြရသည့် ဆိပ်ကမ်းဆိုင်ရာ၊ ရေကြောင်းဆိုင်ရာ ရေကြောင်းပြမှူးကြီးများနှင့်...

ထရမ့်ပ်နှင့် ဗြိတိန်ဝန်ကြီးချုပ်တို့ မကြာခင်တွေ့ဆုံရန် သဘောတူ

ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမာနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်တို့သည် ထရမ့်ပ်ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဖုန်းဆက်သွယ်ပြောဆိုခဲ့ရာ၌ ဗြိတိန်နှင့် အမေရိကအကြား ရင်းနှီး၊ နွေးထွေးသော ဆက်ဆံရေး၏ အရေးပါမှုကို ဆွေးနွေးခဲ့ကြပြီး မကြာခင်တွင် တွေ့ဆုံကြရန် သဘောတူခဲ့ကြသည်ဟု ဗြိတိန်ဝန်ကြီးချုပ်ရုံးက ပြောဆိုသည်။ ဝန်ကြီးချုပ်ကို ထရမ့်ပ်က ချီးကျူးမှုလုပ်ခဲ့အပြီး နာရီပိုင်းအကြာတွင် ပြုလုပ်ခဲ့သော ဖုန်းဆက်သွယ်ဆွေးနွေးမှုသည် ၄၅ မိနစ်ကြာမြင့်ခဲ့သည်။ ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သော စတားမာ၏ အစ်ကိုဖြစ်သူ Nick အတွက် ဝမ်းနည်းကြေကွဲပါကြောင်း ပြောဆိုကာ ထရမ့်ပ်က စကားဝိုင်းကို အစပြုခဲ့သည်ဟု ဝန်ကြီးချုပ်ရုံးက ပြောဆိုသည်။ ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲမှုနှင့်...

ကမ္ဘောဒီးယားပရီးမီးယားလိဂ်အတွင်းဂိုးဖန်တီးမှုအများဆုံး နံပါတ် (၇) နေရာတွင် ရပ်တည်နေသည့် တိုက်စစ်မှူး သီဟဇော်

ကမ္ဘောဒီးယားပရီးမီးယားလိဂ်အတွင်းဂိုးဖန်တီးမှုအများဆုံး စွမ်းဆောင်မှု နံပါတ် (၇)နေရာတွင် မြန်မာလက်ရွေးစင် တိုက်စစ်မှုးသီဟဇော်ရပ်တည်နေကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး သီဟဇော်သည် က‌မ္ဘောဒီးယားပြည်တွင်းကလပ်တစ်ခုဖြစ်သည့် နာဂဝေါအသင်းတွင် ဝင်ရောက်ကစားနေခြင်းဖြစ်ပြီး၊ ဇန်နဝါရီ (၂၅)ရက်၌ LIFE FC အသင်းနှင့် ယှဉ်ပြိုင်ကစားရာတွင် အဖွင့်ဂိုးကိုသွင်းယူပေးနိုင်ခဲ့သည့်အပြင်ပွဲစဥ် ၏ အကောင်းဆုံး ကစားသမားဆုကိုရရှိခဲ့သည်။ ထို့အပြင် ၎င်းအနေဖြင့် နာဂဝေါအသင်းသို့ စတင်ရောက်ရှိစဉ် ပွဲဦးထွက်အဖြစ် Kirivong Sok Sen Chey FC အသင်းနှင့်ပွဲစဥ်တွင်လည်း အဖွင့်ဂိုးကိုသွင်းယူခဲ့ပြီး အကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးခဲ့သေးသည်။ ထို့ကြောင့် ကမ္ဘောဒီးယားပရီးမီးယားလိဂ်ပြိုင်ပွဲတစ်လျောက် အကောင်းဆုံးကစားသမားဆုကို (၂)ကြိမ်ဆွတ်ခူးထားနိုင်သည့် တိုက်စစ်မှူးတစ်ဦးဖြစ်သည်။ သီဟဇော်သည် ယခုနှစ်ရာသီအတွင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071