Wednesday, January 29, 2025

လျှပ်စစ်ပစ္စည်းဈေးကွက်အတွင်း ဝယ်လိုအားမြင့်တက်

လျှပ်စစ်ပစ္စည်းအပါအဝင် ဆိုလာ ရောင်းဝယ်ရေးဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်သည်အထိ ရောင်းအားတက်နေသည်ဟု လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များထံမှ စုံစမ်းသိရသည်။ ယခု ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းအချိန်မှ စတင်၍ လျှပ်စစ်မီးပြတ်တောက်ချိန် ပိုမိုများပြားလာသည့်အတွက်...

မန်းရွှေစက်တော် ဘုရားပွဲတော်ဖွင့်လှစ်ရန် အဆင်သင့်ဖြစ်နေဟုဆို

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲတော်ကိုဖွင့်လှစ်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပရေး လုပ်ငန်းကော်မတီထံမှ သိရသည်။ လက်ရှိတွင် ဘုရားပွဲတော်ကျင်းပရေးအတွက် ပြင်ဆင်မှုသည် ရာနှုန်းပြည့် ပြီးစီးနေပြီး...

တနင်္သာရီတိုင်းရှိအားကစားကွင်းများ၌ ဆိုလာစနစ်သုံးမီးတိုင်များတပ်ဆင်ပေးသွားမည်ဟု ဝန်ကြီးဦးမင်းသိန်းဇံပြော

တနင်္သာရီတိုင်း၌ အားကစားနှင့်လူငယ်ကဏ္ဍ ဖွံ့ ဖြိုးတိုးတက်ရန် တိုင်းအတွင်းရှိ အားကစားကွင်းများတွင် ဆိုလာစနစ်သုံးမီးတိုင်များတပ်ဆင်ပေးသွားမည်ဟု အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံက ပြောသည်။ တနင်္သာရီတိုင်း၊ ထားဝယ်မြို့သို့ရောက်ရှိနေသည့် ဝန်ကြီးဦးမင်းသိန်းဇံသည်...

(၉)လအတွင်း ပြည်ပသို့ ရေငန်ပုစွန်တန်ချိန် (၅၉၄၆...

မြန်မာနိုင်ငံမှ ပနားမီးရေငန်ပုစွန်များပြည်ပသို့နှစ်စဉ်တင်ပို့လျက်ရှိရာ ယခု ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်၏ ဧပြီလမှ ဒီဇင်ဘာလအထိ ရေငန်ပုစွန်တန်ချိန် (၅၉၄၆ ဒသမ ၁၈၇) တန်တင်ပို့ထားကြောင်း...
HomeInternationalအမေရိကန်ပြည်ထောင်စုသည် အစ္စရေးနှင့် အီဂျစ်နိုင်ငံများမှလွဲ၍...

အမေရိကန်ပြည်ထောင်စုသည် အစ္စရေးနှင့် အီဂျစ်နိုင်ငံများမှလွဲ၍ အခြားနိုင်ငံများအားလုံးသို့ ပေးအပ်သည့် နိုင်ငံတကာအကူအညီများကို ရပ်ဆိုင်းရန် အမိန့်ထုတ်ပြန်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုသည် အခြားနိုင်ငံများအားလုံးသို့ ပေးအပ်သည့် နိုင်ငံတကာအကူအညီများကို ရပ်ဆိုင်းရန် အမိန့်ထုတ်ပြန်ခဲ့သော်လည်း အစ္စရေးနှင့် အီဂျစ်နိုင်ငံများသို့ ပေးအပ်သည့် ငွေကြေးအကူအညီများကို ခြွင်းချက်ပြုထားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ လျှို့ဝှက်မှတ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။

“သမ္မတ ထရမ့်၏ မူဝါဒနှင့် ကိုက်ညီကြောင်း စိစစ်အတည်ပြုခြင်း မရှိသေးသရွေ့ မည်သည့်အသစ်ထောက်ပံ့ငွေ သို့မဟုတ် ရှိပြီးသားထောက်ပံ့ငွေများကို တိုးချဲ့ခြင်းများအတွက် ငွေကြေးအသစ်များ ပေးအပ်ခြင်း မပြုရ” ဟု ယင်းမှတ်တမ်းတွင် ဖော်ပြထား‌ကြောင်း သိရသည်။

ဤကျယ်ပြန့်သောအမိန့်သည် ဖွံ့ဖြိုးရေးအကူအညီမှ စစ်ရေးအကူအညီအထိ အားလုံးကို ထိခိုက်စေနိုင်သည်ဟု ယူဆရသည်။ ထိုအထဲတွင် ယူကရိန်းနိုင်ငံလည်း ပါဝင်နိုင်သည်။ ယူကရိန်းသည် ဂျိုးဘိုင်ဒင်လက်ထက်တွင် လက်နက်များအတွက် ဘီလီယံချီသည့် ငွေကြေးအကူအညီများရရှိခဲ့သည်။

သို့သော် မှတ်တမ်းတွင် အစ္စရေးနှင့် အီဂျစ်နိုင်ငံများသို့ စစ်ရေးအကူအညီများကို ခြွင်းချက်ပြုထားသည်။ အစ္စရေးသည် အမေရိကန်ထံမှ ကြာရှည်စွာရရှိခဲ့သည့် အဓိကလက်နက်ထောက်ပံ့မှုများကို ဂါဇာစစ်ပွဲကတည်းက ပိုမိုတိုးချဲ့ရရှိ‌နေခဲ့သည်။ အီဂျစ်သည်လည်း ၁၉၇၉ ခုနှစ်တွင် အစ္စရေးနှင့် ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုပြီးနောက် အမေရိကန်ထံမှ ရက်ရောစွာရရှိခဲ့သည့် ကာကွယ်ရေးအကူအညီများကို ဆက်လက်ရရှိနေဆဲဖြစ်သည်။

တနင်္လာနေ့တွင် တာဝန်စတင်ယူပြီး မကြာမီ ထရမ့်သည် သူ၏နိုင်ငံခြားရေးမူဝါဒနှင့် ကိုက်ညီမှုနှင့် ထိရောက်မှုများကို ပြန်လည်သုံးသပ်ရန် နိုင်ငံခြားဖွံ့ဖြိုးရေးအကူအညီများကို ၉၀ ရက်ကြာ ရွှေ့ဆိုင်းရန် အမိန့်ထုတ်ပြန်ခဲ့သည်။

သို့သော် ဤအမိန့်၏ အတိုင်းအတာကို ချက်ချင်းမသိရသေးပါ၊ အမေရိကန်ကွန်ဂရက်သည် ဖက်ဒရယ်အစိုးရ၏ ဘဏ္ဍာရေးစာရင်းကို သတ်မှတ်ပေးသည့်အတွက် မည်သည့်ငွေကြေးကို ဖြတ်တောက်နိုင်မည်ကို မသိရသေးပါ။

နိုင်ငံခြားရေးဝန်ကြီးဌာန၏မှတ်တမ်းတွင်မူ အမိန့်သည် ချက်ချင်းအကျိုးသက်ရောက်မှုရှိစေရန်နှင့် တာဝန်ရှိသည့် အကြီးတန်းအရာရှိများအ‌နေနှင့်လည်း“ဥပဒေအရ အများဆုံးခွင့်ပြုထားသည့်အတိုင်း၊ ရူဘီယိုက ပြန်လည်သုံးသပ်ပြီး ဆုံးဖြတ်ချက်ချမှတ်သည်အထိ နိုင်ငံခြားအကူအညီအတွက် မည်သည့်ကတိကဝတ်သစ်မျှ မပြုလုပ်ရ” ဟု ဖော်ပြထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လျှပ်စစ်ပစ္စည်းဈေးကွက်အတွင်း ဝယ်လိုအားမြင့်တက်

လျှပ်စစ်ပစ္စည်းအပါအဝင် ဆိုလာ ရောင်းဝယ်ရေးဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်သည်အထိ ရောင်းအားတက်နေသည်ဟု လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များထံမှ စုံစမ်းသိရသည်။ ယခု ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းအချိန်မှ စတင်၍ လျှပ်စစ်မီးပြတ်တောက်ချိန် ပိုမိုများပြားလာသည့်အတွက် မီးစက် ၊ ဆိုလာ၊ အင်ဗာတာ၊ အခြားအားသွင်းမီးသီးများမှအစ ဓာတ်မီးအဆုံး ဝယ်ယူသူနှစ်ဆကျော်မြင့်တက်လာခဲ့ကြောင်း သိရသည်။ " လျှပ်စစ်မီး ပြတ်ချိန်ပိုများလာတဲ့အတွက် အိမ်သုံးဆိုင်သုံး ဘက်ထရီတို့ ၊ မီးသီးတို့ ၊အင်ဗာတာတို့ အရင်ထက်ရောင်းအားတက်လာတယ်။ နှစ်ဆကျော်လောက်တက်တယ်။ တစ်ခါတလေ ဆိုင်မှာတောင်အရောင်းပြတ်တဲ့အထိ ဝယ်လို အားများနေတာ။"ဟု လျှပ်စစ်ပစ္စည်းရောင်းဝယ်ရေး ဆိုင်ရှင်တစ်ဦးက ဆို သည်။ လက်ရှိ ရန်ကုန်တိုင်းအတွင်း...

မန်းရွှေစက်တော် ဘုရားပွဲတော်ဖွင့်လှစ်ရန် အဆင်သင့်ဖြစ်နေဟုဆို

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲတော်ကိုဖွင့်လှစ်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပရေး လုပ်ငန်းကော်မတီထံမှ သိရသည်။ လက်ရှိတွင် ဘုရားပွဲတော်ကျင်းပရေးအတွက် ပြင်ဆင်မှုသည် ရာနှုန်းပြည့် ပြီးစီးနေပြီး ဘုရားဖူးဧည့်သည်များနားခိုနိုင်မည့် တည်းခိုဆောင်တည်ဆောက်မှု (၉၀) ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ " ဘုရားပွဲတော်အတွက် ပြင်ဆင်နေမှုက ပြီးသလောက်ဖြစ်နေပြီ။ တချို့တည်းခိုဆောင်တွေဆိုရင် လက်စသတ်နေပြီ။ အခုချိန်လာမယ်ဆိုလည်း လာလို့ရပါတယ်။ လက်ရှိအချိန်ထိတော့ တစ်စုံတစ်ရာတိုက်ပွဲမရှိဘူး။ လုံခြုံရေးတိုးမြှင့်ထားတယ်။ အေးအေးချမ်းချမ်းဖူးလို့ရတယ်" ဟု မန်းရွှေစက်တော်ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပစဉ်ကာလ ဘုရားဖူးလာရောက်ကြသူများ တည်းခိုနားနေနိုင်ရန် မန်းချောင်းသောင်ပြင်အတွင်း၌ တည်းခိုဆောင်နှင့်...

တနင်္သာရီတိုင်းရှိအားကစားကွင်းများ၌ ဆိုလာစနစ်သုံးမီးတိုင်များတပ်ဆင်ပေးသွားမည်ဟု ဝန်ကြီးဦးမင်းသိန်းဇံပြော

တနင်္သာရီတိုင်း၌ အားကစားနှင့်လူငယ်ကဏ္ဍ ဖွံ့ ဖြိုးတိုးတက်ရန် တိုင်းအတွင်းရှိ အားကစားကွင်းများတွင် ဆိုလာစနစ်သုံးမီးတိုင်များတပ်ဆင်ပေးသွားမည်ဟု အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံက ပြောသည်။ တနင်္သာရီတိုင်း၊ ထားဝယ်မြို့သို့ရောက်ရှိနေသည့် ဝန်ကြီးဦးမင်းသိန်းဇံသည် တနင်္သာရီတိုင်းဝန်ကြီးချုပ်ဦးမြတ်ကိုနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် တနင်္သာရီတိုင်းဒေသကြီးအစီ အစဉ်ဖြင့် လူငယ်မျိုးဆက်သစ်များမွေးထုတ် ပေးနိုင်ရန်ဆောင်ရွက်နေမှုများ၊ တိုင်းအတွင်းရှိ အားကစားကွင်းများတွင် ဆိုလာစနစ်သုံးမီးတိုင်များတပ်ဆင်ပေးမည့်အခြေအနေများကို ဆွေး နွေးပြီးနောက် ပြည်ထောင်စုဝန်ကြီးမှ အားက စားအထောက်အကူပြုပစ္စည်းများပေးအပ်ခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ တနင်္သာရီတိုင်းမိုးလုံလေလုံအားကစားခန်းမ၊ အားကစားကွင်း၊ ရွှေဝယ်သီရိရင်ပြင်ရှိ ဖူဆယ်အားကစားခန်းမ၊ ရွှေဝယ်သီရိ အားကစားခန်းမတို့ကို ကြည့်ရှုစစ် ဆေးပြီး ရွှေဝယ်သီရိအားကစားခန်းမတွင်လေ့ ကျင့်နေသည့် ဘော်လီဘောအားကစားသမားများကိုတွေ့ဆုံ၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071