Wednesday, January 29, 2025

ကလေ-းအလုပ်သမား ပပျောက်ရေး ထိရောက်စွာဆောင်ရွက်ရန် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်...

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အတွက် ကလေ-းအလုပ်သမားပပျောက်ရေးဆိုင်ရာ ကိစ္စရပ်များကို အရှိန်အဟုန်မပြတ် ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်ရန် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် က ပြောကြားသည်။ မြန်မာနိုင်ငံ ကလေ-းအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ...

တရုတ်ခရီးသွားများစိုးရိမ်မှုလျော့စေရေးထိုင်းကရှီကိုအကူအညီတောင်းမည်

လာမည့်သီတင်းပတ်တွင် သူ၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံရာ၌ ထိုင်းနိုင်ငံတွင် ခရီးသွားများ၏ ဘေးကင်းလုံခြုံမှုဆိုင်ရာ စိုးရိမ်ပူပန်မှုများ လျော့ကျစေရေးကို အကူအညီတောင်းသွားမှာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်...

လျှပ်စစ်ပစ္စည်းဈေးကွက်အတွင်း ဝယ်လိုအားမြင့်တက်

လျှပ်စစ်ပစ္စည်းအပါအဝင် ဆိုလာ ရောင်းဝယ်ရေးဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်သည်အထိ ရောင်းအားတက်နေသည်ဟု လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များထံမှ စုံစမ်းသိရသည်။ ယခု ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းအချိန်မှ စတင်၍ လျှပ်စစ်မီးပြတ်တောက်ချိန် ပိုမိုများပြားလာသည့်အတွက်...

မန်းရွှေစက်တော် ဘုရားပွဲတော်ဖွင့်လှစ်ရန် အဆင်သင့်ဖြစ်နေဟုဆို

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲတော်ကိုဖွင့်လှစ်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပရေး လုပ်ငန်းကော်မတီထံမှ သိရသည်။ လက်ရှိတွင် ဘုရားပွဲတော်ကျင်းပရေးအတွက် ပြင်ဆင်မှုသည် ရာနှုန်းပြည့် ပြီးစီးနေပြီး...
HomeInternationalနယ်နှင်သူများတင်လာသောကန်စစ်လေယာဉ် မက္ကဆီကို ဆင်းသက်ခွင့်...

နယ်နှင်သူများတင်လာသောကန်စစ်လေယာဉ် မက္ကဆီကို ဆင်းသက်ခွင့် မပြု

နေရပ်ပြန်ပို့သည့် ရွှေ့ပြောင်းအခြေချများ ကိုတင်ဆောင်လာသော အမေရိကန်စစ်လေယာဉ်တစ်စင်းကို ဆင်းသက်ခွင့်ပြုရန် သမ္မတဒေါ်နယ်ထရမ့်ပ်အစိုးရ၏ တောင်းဆိုမှုကို မက္ကဆီကို အစိုးရက ငြင်းပယ်ခဲ့သည်ဟု အမေရိကန်နှင့် မက္ကဆီကို အရာရှိများက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။

အမေရိကန်စစ်တပ်သည် ဇန်နဝါရီလ ၂၄ ရက်‌ေန့က ရွှေ့ပြောင်းအခြေချသူ ၈၀ စီ လိုက်ပါခဲ့သော အလားတူ လေယာဉ်ခရီးစဉ်နှစ်ခုဖြင့် ဂွါတီမာလာသို့ နေရပ်ပြန်ပို့မှုလုပ်ဆောင်ခဲ့သည်။

ဂွါတီမာလာနိုင်ငံသား စုစုပေါင်း၂၆၅ ဦးသည် စစ်ဘက်လေယာဉ်နှစ်စင်း၊ စင်းလုံးငှားလေယာဉ်တစ်စင်းတို့ပါဝင်သော ခရီးစဉ်သုံးကြောင်းဖြင့် ဆိုက်ရောက်လာခဲ့သည်ဟု ဗဟိုအမေရိကနိုင်ငံ၏ ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ အင်စတီကျူ့က ပြောကြားခဲ့သည်။

သို့ရာတွင် ဆင်းသက်ခွင့် ငြင်းပယ်ခံခဲ့ရသဖြင့် မက္ကဆီကိုတွင် C-17 သယ်ယူပို့ဆောင်ရေးလေယာဉ် ဆင်းသက်မည့် အစီအစဉ်ကို အမေရိကန်အစိုးရက ဆက်အကောင်အထည်ဖော်နိုင်ခြင်း မရှိခဲ့ပေ။

အဆိုပါဆုံးဖြတ်ချက်ကိုအမေရိကနှင့် မက္ကဆီကို အရာရှိတစ်ဦးစီက အတည်ပြုခဲ့ကြပြီး အင်န်ဘီစီသတင်းဌာနက ပထမဆုံးသတင်းဖော်ပြခဲ့သည်။

မက္ကဆီကိုနိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၂၄ ရက် နေ့တွင် ပြောဆိုခဲ့ရာ၌ နိုင်ငံသည် အမေရိကနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိကြောင်းနှင့် ရွှေ့ပြောင်းနေထိုင်သူများအရေးကဲ့သို့ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ကြောင်း ပြောကြားခဲ့သည်။

လေယာဉ်ဆင်းသက်ခွင့်ကို ငြင်းပယ်ရခြင်း၏ အကြောင်းရင်းကို အထက်ပါ မက္ကဆီကို အရာရှိက ပြောကြားခဲ့ခြင်း မရှိသကဲ့သို့ မက္ကဆီကိုနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အဆိုပါဖြစ်ရပ်ကို ဖော်ပြခဲ့ခြင်းမရှိပေ။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကလေ-းအလုပ်သမား ပပျောက်ရေး ထိရောက်စွာဆောင်ရွက်ရန် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ပြောကြား

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အတွက် ကလေ-းအလုပ်သမားပပျောက်ရေးဆိုင်ရာ ကိစ္စရပ်များကို အရှိန်အဟုန်မပြတ် ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်ရန် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် က ပြောကြားသည်။ မြန်မာနိုင်ငံ ကလေ-းအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သဖြင့် ကလေ-းအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာမှုများ၊ အခက်အခဲများ၊ အားနည်းချက်များရှိသော်လည်း ကလေ-းအလုပ်သမား လျော့နည်းပပျောက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်သတ်မှတ်ကာ စီမံချက်ပါအညွှန်းကိန်းများရရှိအောင် ရေရှည်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အမျိုးသားအဆင့် လုပ်ငန်းကော်မတီ (၈) ရပ်အနေဖြင့် လုပ်ငန်းစီမံချက် (၂၀၂၄-၂၀၂၈ ခုနှစ်)ပါ အညွှန်းကိန်းများကိုရရှိအောင် အကောင်အထည်ဖော်...

တရုတ်ခရီးသွားများစိုးရိမ်မှုလျော့စေရေးထိုင်းကရှီကိုအကူအညီတောင်းမည်

လာမည့်သီတင်းပတ်တွင် သူ၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံရာ၌ ထိုင်းနိုင်ငံတွင် ခရီးသွားများ၏ ဘေးကင်းလုံခြုံမှုဆိုင်ရာ စိုးရိမ်ပူပန်မှုများ လျော့ကျစေရေးကို အကူအညီတောင်းသွားမှာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပေတုံတန်ရှင်နာဝပ်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ ယခုလအစောပိုင်းက ထိုင်း-မြန်မာနယ်စပ်တွင် တရုတ်သရုပ်ဆောင်တစ်ဦး လူကု-န်ကူးခံလိုက်ရသည့် သတင်းထွက်ပေါ်လာပြီးနောက် ခရီးသွားအချို့က ခရီးစဉ်ဖျက်သိမ်းမှုများလုပ်လာစဉ် တရုတ်ခရီးသွားများ၏ ဘေးကင်းလုံခြုံမှုအတွက် အစိုးရက အာမခံချက်ပေးခဲ့သည်။ ယင်းဖြစ်ရပ်များအပြိး ပေတုံတန်က ဖေဖော်ဝါရီ ၅ ရက်မှ ၈ ရက်အတွင်း ပေကျင်းကို သွားရောက်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံ၏ ဘေးကင်းလုံခြုံမှုနှင့် ပတ်သက်၍ အပျက်သဘောဆောင်သော...

လျှပ်စစ်ပစ္စည်းဈေးကွက်အတွင်း ဝယ်လိုအားမြင့်တက်

လျှပ်စစ်ပစ္စည်းအပါအဝင် ဆိုလာ ရောင်းဝယ်ရေးဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်သည်အထိ ရောင်းအားတက်နေသည်ဟု လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များထံမှ စုံစမ်းသိရသည်။ ယခု ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းအချိန်မှ စတင်၍ လျှပ်စစ်မီးပြတ်တောက်ချိန် ပိုမိုများပြားလာသည့်အတွက် မီးစက် ၊ ဆိုလာ၊ အင်ဗာတာ၊ အခြားအားသွင်းမီးသီးများမှအစ ဓာတ်မီးအဆုံး ဝယ်ယူသူနှစ်ဆကျော်မြင့်တက်လာခဲ့ကြောင်း သိရသည်။ " လျှပ်စစ်မီး ပြတ်ချိန်ပိုများလာတဲ့အတွက် အိမ်သုံးဆိုင်သုံး ဘက်ထရီတို့ ၊ မီးသီးတို့ ၊အင်ဗာတာတို့ အရင်ထက်ရောင်းအားတက်လာတယ်။ နှစ်ဆကျော်လောက်တက်တယ်။ တစ်ခါတလေ ဆိုင်မှာတောင်အရောင်းပြတ်တဲ့အထိ ဝယ်လို အားများနေတာ။"ဟု လျှပ်စစ်ပစ္စည်းရောင်းဝယ်ရေး ဆိုင်ရှင်တစ်ဦးက ဆို သည်။ လက်ရှိ ရန်ကုန်တိုင်းအတွင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071