Monday, January 27, 2025

ဗီယက်နမ်ဝန်ကြီးချုပ်က တရုတ်သံအမတ်ကြီးနှင့်တွေ့ဆုံ

ဟနွိုင်း၊ဇန်နဝါရီ ၂၇ ဗီယက်နမ်ဝန်ကြီးချုပ်ဖန်မင်ချင်က တရုတ်သံအမတ်ကြီးနှင့်တွေ့ဆုံပြီး တရုတ် - ဗီယက်နမ်အသိုက်အဝန်း တည်ဆောက်ရေး၏ အခြေခံအုတ်မြစ်ကို ဆက်လက် ခိုင်မာစေမည်ဖြစ်ကြောင်းကတိပြုပြောကြားခဲ့သည်။ ဆက်လက်၍လည်း နှစ်နိုင်ငံကြားရှိ အစဉ်အလာချစ်ကြည်ရင်းနှီးမှုသည် အချိန်ကာလရှည်ကြာစွာတည်ရှိခဲ့ပြီး...

ဘီလာရုစ်သမ္မတရွေးကောက်ပွဲ၌ ပူတင်၏မဟာမိတ်လူကာရှန်ကို အနိုင်ရ

အနောက်နိုင်ငံ အစိုးရများက အတုအယောင်အဖြစ် ပယ်ချခဲ့သော သမ္မတရွေးကောက်ပွဲတွင် ရုရှား၏ မဟာမိတ်တစ်ဦးဖြစ်သော ဘီလာရုစ်ခေါင်းဆောင် လူကာရှန်ကို အနိုင်ရခဲ့သည်ဟု ရွေးကောက်ပွဲတာဝန်ရှိသူများက ထုတ်ပြန်ကြေညာခဲ့သောကြောင့် သူ၏...

Online လိ-မ်လ-ည်မှုများကိုတိုက်ဖျက်ရန် မြန်မာ- တရုတ်-ထိုင်း...

နယ်စပ်ဒေသများတွင်ဖြစ်ပေါ်လျက်ရှိသည့် Online လိ-မ်လ-ည်မှုများကိုတိုက်ဖျက်ရန် မြန်မာ- တရုတ်-ထိုင်း ၃ နိုင်ငံကြား Task Force ဖွဲ့စည်း၍ Action Plan ရေးဆွဲပြီးပူးပေါင်းဆောင်ရွက်မည်ဟု...

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးနှင့် ပတ်သက်၍ ငွေကြေးများ တောင်းခံခဲ့ကြသည့်...

ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးနှင့် ပတ်သက်၍ ငွေကြေးများ တောင်းယူခွဲဝေယူခဲ့ကြသည့် ရွှေဘိုမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အပါအဝင် ဝန်ထမ်းများကို ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်ထားကြောင်း...
HomeNewsFootballရှမ်းယူနိုက်တက်အသင်းအတွက် အုပ်စုနောက်ဆုံးအဆင့်ပွဲစဉ် မြဝတီအသင်းဖြင့်...

ရှမ်းယူနိုက်တက်အသင်းအတွက် အုပ်စုနောက်ဆုံးအဆင့်ပွဲစဉ် မြဝတီအသင်းဖြင့် ယှဉ်ပြိုင်ကစားမည်

၂၀၂၄ -၂၀၂၅ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲတလျောက် အုပ်စုတွင်း ထိပ်ဆုံး၌ ရပ်တည်နေသည့် ရှမ်းယူနိုက်တက်အသင်းသည် ဇန်နဝါရီ လ(၂၆)ရက်၌ နောက်ဆုံးပွဲစဉ်အနေဖြင့် မြဝတီအသင်းနှင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

အဆိုပါ ပွဲစဉ်ကို ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းအတွင်းယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး၊ ပြိုင်ဘက် မြဝတီအသင်းသည် အုပ်စုတွင်း ရမှတ်(၅)မှတ်ဖြင့် အဆင့်(၁၃) နေရာတွင် ရပ်တည်နေသည့်အသင်းဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းမှာ အုပ်စုတွင်း ရမှတ်(၄၆)မှတ်ဖြင့် အဆင့်(၁)နေရာ၌ ရပ်တည်နေသည့် အသင်းဖြစ်ပြီး၊ Asean Club Championship Shopee Cup 2024 – 25 ပြိုင်ပွဲတွင်လည်း နိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နေရသည့် အသင်းတစ်သင်းဖြစ်သည်။

လာမည့် ဖေဖော်ဝါရီ ဒုတိယအပတ်အတွင်း ပြီးဆုံးတော့မည်ဖြစ်သည့် Myanmar National League 2024-25 ပြိုင်ပွဲကို ပြီးခဲ့သည့်နှစ် ဇူလိုင် (၆)ရက်မှစတင်ခဲ့ကာ ဘောလုံးကလပ်အသင်း (၁၂)သင်း ပါဝင်ကစားနေကြခြင်းလည်းဖြစ်သည်။

ယခုနှစ် ကျင်းပနေသည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲသည် (၁၅)ကြိမ်မြောက် ရှိပြီဖြစ်ကာ ၂၀၂၄ ဇူလိုင်လ (၆) ရက်မှ ၂၀၂၅ ဖေဖော်ဝါရီလ (၁၆) ရက်ထိ (၈) လကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗီယက်နမ်ဝန်ကြီးချုပ်က တရုတ်သံအမတ်ကြီးနှင့်တွေ့ဆုံ

ဟနွိုင်း၊ဇန်နဝါရီ ၂၇ ဗီယက်နမ်ဝန်ကြီးချုပ်ဖန်မင်ချင်က တရုတ်သံအမတ်ကြီးနှင့်တွေ့ဆုံပြီး တရုတ် - ဗီယက်နမ်အသိုက်အဝန်း တည်ဆောက်ရေး၏ အခြေခံအုတ်မြစ်ကို ဆက်လက် ခိုင်မာစေမည်ဖြစ်ကြောင်းကတိပြုပြောကြားခဲ့သည်။ ဆက်လက်၍လည်း နှစ်နိုင်ငံကြားရှိ အစဉ်အလာချစ်ကြည်ရင်းနှီးမှုသည် အချိန်ကာလရှည်ကြာစွာတည်ရှိခဲ့ပြီး ပျက်ပြယ်ကျိုးပေါက်မည်မဟုတ်ကြောင်းပြောကြားခဲ့သည်။ ဗီယက်နမ်ကွန်မြူနစ်ပါတီနှင့် ဗီယက်နမ်အစိုးရတို့သည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ရေးကို အရေးကြီးသောရွေးချယ်မှုနှင့်ထိပ်တန်းဦးစားပေးတစ်ရပ်အဖြစ် အမြဲမှတ်ယူခဲ့ကြောင်းလည်း၎င်းကအ‌ေလး‌ေပး‌ေပြာကြားခဲ့သည်။ ယင်းနောက် နှစ်နိုင်ငံကြား ရေလမ်းနှင့်ကုန်းလမ်းဆက်သွယ်မှု၏ အားသာချက်များကို အပြည့်အဝအသုံးချကာ နှစ်ဖက်လုံး၏ ပူးပေါင်းဆောင်ရွက်မှုနှင့် အရေးပါသည့် စီမံချက်များကို ပိုမိုအကောင်အထည်ဖော်ရန်လည်း တိုက်တွန်းခဲ့သည်။ တရုတ်သံအမတ်ကြီးကမူ ဒေသတွင်းသာမက ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်သာယာဝပြောရေးအတွက်ပါ နှစ်နိုင်ငံချစ်ကြည်မှုကို မှန်မှန် နှင့် ရေရှည် ဖွံ့ဖြိုး တိုးတက်ရန် ဗီယက်နမ်နိုင်ငံနှင့် လက်တွဲဆောင်ရွက်သွားရန်ဆန္ဒရှိကြောင်းပြောကြားခဲ့သည်။ Source...

ဘီလာရုစ်သမ္မတရွေးကောက်ပွဲ၌ ပူတင်၏မဟာမိတ်လူကာရှန်ကို အနိုင်ရ

အနောက်နိုင်ငံ အစိုးရများက အတုအယောင်အဖြစ် ပယ်ချခဲ့သော သမ္မတရွေးကောက်ပွဲတွင် ရုရှား၏ မဟာမိတ်တစ်ဦးဖြစ်သော ဘီလာရုစ်ခေါင်းဆောင် လူကာရှန်ကို အနိုင်ရခဲ့သည်ဟု ရွေးကောက်ပွဲတာဝန်ရှိသူများက ထုတ်ပြန်ကြေညာခဲ့သောကြောင့် သူ၏ ၃၁ နှစ်ကြာ အုပ်စိုးမှုကို ထပ်မံသက်တမ်းတိုးနိုင်ခဲ့သည်။ “ဘီလာရုစ်သမ္မတနိုင်ငံကို ဂုဏ်ပြုနိုင်ပါပြီ၊ ကျွန်တော်တို့တွေ သမ္မတတစ်ဦးကို ရွေးချယ်ခဲ့ပါပြီ” ဟု နိုင်ငံ၏ ဗဟိုရွေးကောက်ပွဲကော်မရှင်အကြီးအကဲက တနင်္လာနေ့အစောပိုင်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ဗဟိုရွေးကောက်ပွဲကော်မရှင်၏ တရားဝင် တယ်လီဂရမ်အကောင့်တွင် ဖော်ပြခဲ့သော ကနဦးရလဒ်များအရ လူကာရှန်ကိုသည် ပြိုင်ဘက်ကိုယ်စားလှယ်လောင်းလေးဦး၏ ကြီးကြီးမားမားစိန်ခေါ်နိုင်မှုမျိုး မကြုံခဲ့ရဘဲ မဲအရေအတွက် ၈၆ ဒဿမ...

Online လိ-မ်လ-ည်မှုများကိုတိုက်ဖျက်ရန် မြန်မာ- တရုတ်-ထိုင်း ၃ နိုင်ငံကြား Task Force ဖွဲ့စည်း၍ Action Plan ရေးဆွဲပြီးပူးပေါင်းဆောင်ရွက်မည်

နယ်စပ်ဒေသများတွင်ဖြစ်ပေါ်လျက်ရှိသည့် Online လိ-မ်လ-ည်မှုများကိုတိုက်ဖျက်ရန် မြန်မာ- တရုတ်-ထိုင်း ၃ နိုင်ငံကြား Task Force ဖွဲ့စည်း၍ Action Plan ရေးဆွဲပြီးပူးပေါင်းဆောင်ရွက်မည်ဟု နစက အဖွဲ့ဝင်၊ မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုကြောင့်ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများအား ဥပဒေနှင့်အညီအမြန်ဆုံးအ ရေးယူပြည်နှင်လွှဲပြောင်းမှုကြီးကြပ်ရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးရာပြည့်က ပြောသည်။ ၎င်းမှ ယနေ့ ဇန်နဝါရီ ၂၇ ရက်နေ့လည် ၁ နာရီက နေပြည်တော်၌ပြုလုပ်သည့် နယ်စပ်ဒေသများတွင်ဖြစ်ပေါ်လျက်ရှိသော Online အသုံးပြုလိ-မ်လ-ည်မှု(Online Sca-m)နှင့် လော-င်းကစားမှု (Online Gam-bling)များအား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071