Thursday, January 30, 2025

လေထုညစ်ညမ်းမှုဖြစ်စဥ်၌ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ပါဝင်လာနိုင်

မြန်မာနိုင်ငံနှင့် အိမ်နီးချင်း ထိုင်းနိုင်ငံ၌ဖြစ်ပေါ်နေသည့် လေထုညစ်ညမ်းမှုများကြောင့် လာမည့် ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ ယင်း လေထုညစ်ညမ်းမှုဖြစ်စဥ်၌ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ပါဝင်လာနိုင်ကြောင်း သိရသည်။ ထိုသို့...

ဆောက်လုပ်ရေးလုပ်ငန်းများတွင် အဓိကအသုံးပြုသည့် ဘိလပ်မြေများအား ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှ...

ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းများတွင် အဓိကအသုံးပြုသည့် ဘိလပ်မြေများကို ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှတဆင့် တင်သွင်းခွင့်ပြုထားကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများက သတင်းထုတ်ပြန်ထားသည်။ ယခုအချိန်သည် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် နိုင်ငံတစ်ဝန်းတွင် ဆောက်လုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန်ဖြင့်...

ဘန်ကောက်-တရုတ်အမြန်ရထားလမ်း ၂၀၃၀ တွင် ပြီးစီးရန်...

ထိုင်းနိုင်ငံသည် လာအိုနိုင်ငံကိုဖြတ်၍ တရုတ်နိုင်ငံနှင့် ဆက်သွယ်မည့် ၎င်း၏ ပထမဆုံး မြန်နှုန်းမြင့်ရထားလမ်းကို ၂၀၃၀ ပြည့်နှစ်တွင် အပြီးသတ် ဖေါက်လုပ်နိုင်မည်ဟု မျှော်မှန်းကြောင်းသိရသည်။ ကာလရှည်ကြာစွာ...

အလုပ်အကိုင်အခွင့်အလမ်း(၁၀၁၆)ဦးရရှိမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၃)ခုကို ရန်ကုန်တိုင်း၌ခွင့်ပြုပေး

ရန်ကုန်တိုင်းအတွင်း၌ အလုပ်အကိုင်အခွင့်အလမ်း(၁၀၁၆)ဦးရရှိမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၃)ခုကို ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းတက်ရောက်ခဲ့သည့် ဇန်နဝါရီ ၂၈ ရက်နံနက်ပိုင်းကကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏(၁/၂၀၂၅)ကြိမ်မြောက် အစည်းအဝေးမှ ခွင့်ပြုပေးခဲ့သည်။ ရာနှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၁)ခုနှင့်...
HomeNewsLocal Newsမလေးသွားမည့် မြန်မာ ၁၀...

မလေးသွားမည့် မြန်မာ ၁၀ ဦး ထိုင်းမှာ အဖမ်းခံရ

မလေးရှားနိုင်ငံကို အလုပ်လုပ်ရန်သွားမည့် မြန်မာနိုင်ငံသား ၁၀ ဦးနှင့် ထိုင်းယာဉ်မောင်း နှစ်ဦးတို့သည် ထိုင်းနိုင်ငံတောင်ပိုင်း ဆွန်ခလာပြည်နယ် ချန်နာခရိုင်တွင် ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးဌာန အဖွဲ့တစ်ဖွဲ့နှင့် အမြန်လမ်းရဲတပ်ဖွဲ့တို့သည် စနေနေ့ညနေပိုင်းက ချန်နာခရိုင် လမ်းတစ်ခုပေါ်တွင် ယာဉ်နှစ်စီးကို သတင်းပေးချက်အရ စစ်ဆေးရှာဖွေမှုလုပ်ခဲ့သည်ဟု အမှတ် ၇ အမြန်လမ်းရဲတပ်ဖွဲ့ ရဲမှူးကြီး Chanokruadee Pongsiri က ပြောဆိုသည်။

ယင်းတွင် ထိုင်းနိုင်ငံသား ယာဉ်မောင်းနှစ်ဦးနှင့် မြန်မာနိုင်ငံသား ၁၀ ဦး(အမျိုးသား ၇ ဦး အမျိုးသမီး ၃ ဦး} တို့ကို တွေ့ရှိဖမ်းဆီးခဲ့ပြီး ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ငံရန် ရဲတပ်ဖွဲ့က ထိန်းသိမ်းထားသည်ဟု ဆိုသည်။

မြန်မာနိုင်ငံသားများကို ပို့ဆောင်ပေးရန်အတွက် ၎င်းတို့ကို ဘတ် ၂,၀၀၀ စီဖြင့် ငှားရမ်းခဲ့ခြင်းဖြစ်သည်ဟု ထိုင်းယာဉ်မောင်းများက ထွက်ဆိုခဲ့သည်။

ရန်ကုန်မှ အများစုပါဝင်သော မြန်မာနိုင်ငံသားအားလုံးသည် ယခုအဖမ်းမခံရမီကတည်းက ခရီးသွားလာနေခဲ့သည်မှာ ၅ ရက်ကြာပြီဟု သိရကြောင်း ရဲမှူးကြီး Chanokruadee က ပြောသည်။ ၎င်းတို့အနေဖြင့် မလေးရှားနိုင်ငံသို့ ရောက်ရှိခဲ့ပါက ယင်းတွင် ရှိနေသည့် မြန်မာပွဲစားကို တစ်ဦးလျှင် ဘတ် ၁၂၀,၀၀၀ ခန့်စီ ပေးရမည်ဖြစ်သည်ဟုလည်း သိရသည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လေထုညစ်ညမ်းမှုဖြစ်စဥ်၌ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ပါဝင်လာနိုင်

မြန်မာနိုင်ငံနှင့် အိမ်နီးချင်း ထိုင်းနိုင်ငံ၌ဖြစ်ပေါ်နေသည့် လေထုညစ်ညမ်းမှုများကြောင့် လာမည့် ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ ယင်း လေထုညစ်ညမ်းမှုဖြစ်စဥ်၌ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ပါဝင်လာနိုင်ကြောင်း သိရသည်။ ထိုသို့ ပါဝင်လာနိုင်ကြောင်းကို မွန်ပြည်နယ် က ရင်ပြည်နယ် မိုးလေဝသသတိပေးထုတ်ပြန်ချက်မှ ဇန်နဝါရီ ၂၈ ရက်က အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပြည်နယ်(၂)ခုအတွင်း လေထုညစ်ညမ်းမှုဖြစ်စဥ်အား အထူးသတိပြုရမည့်ဒေသများမှာ မော်လမြိုင်၊ ဇာသပြင်၊ ဂျိုင်းမြစ်ဝှမ်းဒေသများ၊ ကျိုက်မရော၊ မုဒုံ၊ ကတိုး၊ ပေါင်၊ သထုံ၊ ဘားအံ၊ ဘီးလင်း၊ ကျိုက်ထိုတို့ဖြစ်ကာ ယင်း ဒေသများတစ်ဝိုက်တွင် နံနက်ပိုင်းနှင့်ညနေပိုင်းတို့၌...

ဆောက်လုပ်ရေးလုပ်ငန်းများတွင် အဓိကအသုံးပြုသည့် ဘိလပ်မြေများအား ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှ တင်သွင်းခွင့်ပြု

ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းများတွင် အဓိကအသုံးပြုသည့် ဘိလပ်မြေများကို ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှတဆင့် တင်သွင်းခွင့်ပြုထားကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများက သတင်းထုတ်ပြန်ထားသည်။ ယခုအချိန်သည် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် နိုင်ငံတစ်ဝန်းတွင် ဆောက်လုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ဆောက်လုပ်ရေး လုပ်ငန်းအတွက် မရှိမဖြစ်လိုအပ်သည့် ပြည်တွင်းဘိလပ်မြေ လိုအပ်ချက် ပြည့်မီစေရန်နှင့် ပြည်တွင်းဘိလပ်မြေ ထုတ်လုပ်မှုများကို အားဖြည့်ရန်အတွက် ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းမှလည်းကောင်း၊ ပင်လယ်ရေကြောင်းမှလည်းကောင်း ဘိလပ်မြေများအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးပတ်မှစတင်၍ တင်သွင်းခွင့်ပြုလျက်ရှိကြောင်း သိရသည်။ ပြည်တွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းများတွင် အသုံးလိုသည့် ဘိလပ်မြေကို တရုတ်၊ ထိုင်းနှင့် မလေးရှားနိုင်ငံတို့မှ...

ဘန်ကောက်-တရုတ်အမြန်ရထားလမ်း ၂၀၃၀ တွင် ပြီးစီးရန် မျှော်မှန်း

ထိုင်းနိုင်ငံသည် လာအိုနိုင်ငံကိုဖြတ်၍ တရုတ်နိုင်ငံနှင့် ဆက်သွယ်မည့် ၎င်း၏ ပထမဆုံး မြန်နှုန်းမြင့်ရထားလမ်းကို ၂၀၃၀ ပြည့်နှစ်တွင် အပြီးသတ် ဖေါက်လုပ်နိုင်မည်ဟု မျှော်မှန်းကြောင်းသိရသည်။ ကာလရှည်ကြာစွာ နှောင့်နှေးနေသည့် စီမံကိန်းသည် နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ကုန်သွယ်မှုကို ပိုမိုတိုးတက်စေမည့် အဓိကသော့ချက်အဖြစ် တာဝန်ရှိသူများက ကြွေးကြော်ထားခဲ့သည်။ ဘန်ကောက်နှင့် နာခွန်ရတ်ချစီမာပြည်နယ်တို့ကို ဆက်သွယ်မည့် စီမံကိန်းပထမအဆင့်သည် ၃၆ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဟု အစိုးရပြောရေးဆိုခွင့်ရှိသူ Jirayu Houngsub က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။ အရှေ့မြောက်နယ်စပ်ပြည်နယ် နန်ခိုင်အထိ ရထားလမ်းတိုးချဲ့မည့် ဒုတိယအဆင့် လုပ်ငန်းအစီအစဉ်ရေးဆွဲမှုကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071