Thursday, January 30, 2025

တစ်နှစ်အတွင်း အရန်ဆန်အိတ်ရေ (၂၀၀၀၀၀) နီးပါးရောင်းချပေးထား

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၏ တစ်နှစ်တာအတွင်းအရန်ဆန်အိတ်ရေ (၂၀၀၀၀၀) နီးပါးရောင်းချပေးထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ နှစ်ပတ်လည်အစီရင်ခံစာအရ သိရသည်။ ပို့ကုန်အခြေပြုအရန်ဆန်များကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ပို့ကုန် တန်ချိန်အပေါ်မူတည်၍...

အောင်လနှင့် အာဒိုဂန် မကျေပွဲ ပြန်ထိုးမည်

ONE ၏ ပွဲစဉ်များဖြင့် ဝေးကွာနေသော မြန်မာစပါးအုံးဟု တင်စားခေါ်ဝေါ် ခံရသည့် ကချင်တိုင်းရင်းသားဖိုက်တာ အောင်လအန်ဆန်းနှင့် တူရကီနိုင်ငံသား ဖိုက်တာ ရှာမေးလ်အာဒိုဂန်တို့ လာမည်...

လေထုညစ်ညမ်းမှုဖြစ်စဥ်၌ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ပါဝင်လာနိုင်

မြန်မာနိုင်ငံနှင့် အိမ်နီးချင်း ထိုင်းနိုင်ငံ၌ဖြစ်ပေါ်နေသည့် လေထုညစ်ညမ်းမှုများကြောင့် လာမည့် ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ ယင်း လေထုညစ်ညမ်းမှုဖြစ်စဥ်၌ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ပါဝင်လာနိုင်ကြောင်း သိရသည်။ ထိုသို့...

ဆောက်လုပ်ရေးလုပ်ငန်းများတွင် အဓိကအသုံးပြုသည့် ဘိလပ်မြေများအား ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှ...

ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းများတွင် အဓိကအသုံးပြုသည့် ဘိလပ်မြေများကို ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှတဆင့် တင်သွင်းခွင့်ပြုထားကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများက သတင်းထုတ်ပြန်ထားသည်။ ယခုအချိန်သည် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် နိုင်ငံတစ်ဝန်းတွင် ဆောက်လုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန်ဖြင့်...
HomeInternationalကူးစက်ရောဂါများကြောင့် မွေးမြူ‌ ရေးထုတ်ကုန်တင်သွင်းမှုတရုတ်...

ကူးစက်ရောဂါများကြောင့် မွေးမြူ‌ ရေးထုတ်ကုန်တင်သွင်းမှုတရုတ် ပိတ်ပင်

သိုး၊ဆိတ် ကျောက်ရောဂါ၊ ခွာနာလျှာနာရောဂါကဲ့သို့ ကူးစက်ရောဂါများဖြစ်ပွားနေမှုကြောင့် နိုင်ငံများစွာမှ မွေးမြူရေးထုတ်ကုန်များနှင့် ယင်းတို့နှင့်ဆက်စပ်သော ထုတ်ကုန်များတင်သွင်းမှုကို တရုတ်နိုင်ငံက တားမြစ်လိုက်သည်ဟု အထွေထွေအကောက်ခွန်အုပ်ချုပ်ရေးအဖွဲ့က တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

နိုင်ငံအသီးသီးတွင် ဖြစ်ပွားနေသော ရောဂါအခြေအနေများနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အချက်အလက်များ ထုတ်ပြန်ခဲ့ပြီးနောက် ယခုပိတ်ပင်မှု ထွက်‌ေပါ်လာခြင်းဖြစ်ပြီး ပြုပြင်စီမံထားပြီးနှင့် မပြုပြင်ထားရ သေးသော ထုတ်ကုန်များကိုပါ ပိတ်ပင်မှုတွင် ပါဝင်သည်ဟု တရုတ်နိုင်ငံ အထွေထွေအကောက်ခွန်အုပ်ချုပ်ရေးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ကမ္ဘာ့အကြီးဆုံး အသားတင်သွင်းသော နိုင်ငံ၏ ပိတ်ပင်မှုခံရသောနိုင်ငံများမှာ ဂါနာ၊ ဆိုမာလီယာ၊ ကာတာ၊ ကွန်ဂို၊ နိုင်ဂျီးရီးယား၊ တန်ဇန်နီးယား၊ အီဂျစ်၊ ဘူဂေးရီးယား၊ အရှေ့တီမောနှင့် အီရစ်ထရီးယားတို့ ပါဝင်သည်။

သိုး၊ ဆိတ် ကျောက်ရောဂါများဖြစ်ပွားနေမှုကြောင့် ပါလက်စတိုင်း၊ ပါကစ္စတန်၊ အက်ဖ်ဂန်နစ္စတန်၊ နီပါးလ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှ သိုး၊ ဆိတ်နှင့် ဆက်စပ်ထုတ်ကုန်များ တင်သွင်းမှုကို ရပ်ဆိုင်းထားလိုက်ကြောင်းလည်း တရုတ်က ပြောကြားခဲ့သည်။

ထို့အပြင် ခွာနာလျှာနာရောဂါဖြစ်ပွားနေမှုကြောင့် ဂျာမနီနိုင်ငံမှ သိုး၊ ဆိတ်၊ နွား၊ ဝက်သားများအပါအဝင် ဆက်စပ်ထုတ်ကုန်များ တင်သွင်းမှုကိုလည်း ပိတ်ပင်ခဲ့ကြောင်း သိရသည်။

Ref: tuoi tre news, ယူအက်စ်နူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တစ်နှစ်အတွင်း အရန်ဆန်အိတ်ရေ (၂၀၀၀၀၀) နီးပါးရောင်းချပေးထား

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၏ တစ်နှစ်တာအတွင်းအရန်ဆန်အိတ်ရေ (၂၀၀၀၀၀) နီးပါးရောင်းချပေးထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ နှစ်ပတ်လည်အစီရင်ခံစာအရ သိရသည်။ ပို့ကုန်အခြေပြုအရန်ဆန်များကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ပို့ကုန် တန်ချိန်အပေါ်မူတည်၍ ဝယ်ယူစုဆောင်းခဲ့ကြောင်း သိရသည်။ အဆိုပါအရန်ဆန်များကို ကဏ္ဍ(၆) ခုသို့သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ပြန်လည်ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထိုကဲ့သို့ရောင်းချပေးမှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လက်လီဆန်ဆိုင် (၅၈) ဆိုင်မှတဆင့်ရောင်းချပေးခြင်း၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တိုင်းစစ်ဌာနချုပ် (၉) ခုရှိတပ်ရင်းတပ်ဖွဲ့မိသားစုဝင်များအတွက် လစဉ်ရောင်းချခြင်း၊ဝန်ကြီးဌာန၊ ဌာနဆိုင်ရာ(၃) ခုသို့ရောင်းချခြင်း၊ အမ်းဒေသသို့ရောင်းချခြင်း ပထမအကြိမ် ဧပြီလ (၆၂၀၅) အိတ်၊ ဒုတိယအကြိမ်မေလ (၆၁၇၀) အိတ်‌၊...

အောင်လနှင့် အာဒိုဂန် မကျေပွဲ ပြန်ထိုးမည်

ONE ၏ ပွဲစဉ်များဖြင့် ဝေးကွာနေသော မြန်မာစပါးအုံးဟု တင်စားခေါ်ဝေါ် ခံရသည့် ကချင်တိုင်းရင်းသားဖိုက်တာ အောင်လအန်ဆန်းနှင့် တူရကီနိုင်ငံသား ဖိုက်တာ ရှာမေးလ်အာဒိုဂန်တို့ လာမည် ဖေဖော်ဝါရီ (၂၀)ရက်တွင် ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း သိရသည်။ ၎င်းတို့ နှစ်ဦးသည် ONE က ကျင်းပပြုလုပ်သည့် ONE- 171 ပွဲစဉ်အတွင်း ပါဝင် ထိုးသ-တ်သွားမည်ဖြစ်ကာ ၊ ပြိုင်ပွဲကို ကာတာနိုင်ငံ၊ ဒိုဟာမြို့ရှိ Lusail Sports Arena ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ပြိုင်ဘက်(၂)ဦးသည် ယခင်နှစ် စက်တင်ဘာ (၆)ရက်နေ့၌...

လေထုညစ်ညမ်းမှုဖြစ်စဥ်၌ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ပါဝင်လာနိုင်

မြန်မာနိုင်ငံနှင့် အိမ်နီးချင်း ထိုင်းနိုင်ငံ၌ဖြစ်ပေါ်နေသည့် လေထုညစ်ညမ်းမှုများကြောင့် လာမည့် ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ ယင်း လေထုညစ်ညမ်းမှုဖြစ်စဥ်၌ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ပါဝင်လာနိုင်ကြောင်း သိရသည်။ ထိုသို့ ပါဝင်လာနိုင်ကြောင်းကို မွန်ပြည်နယ် က ရင်ပြည်နယ် မိုးလေဝသသတိပေးထုတ်ပြန်ချက်မှ ဇန်နဝါရီ ၂၈ ရက်က အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပြည်နယ်(၂)ခုအတွင်း လေထုညစ်ညမ်းမှုဖြစ်စဥ်အား အထူးသတိပြုရမည့်ဒေသများမှာ မော်လမြိုင်၊ ဇာသပြင်၊ ဂျိုင်းမြစ်ဝှမ်းဒေသများ၊ ကျိုက်မရော၊ မုဒုံ၊ ကတိုး၊ ပေါင်၊ သထုံ၊ ဘားအံ၊ ဘီးလင်း၊ ကျိုက်ထိုတို့ဖြစ်ကာ ယင်း ဒေသများတစ်ဝိုက်တွင် နံနက်ပိုင်းနှင့်ညနေပိုင်းတို့၌...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071