Looking for something?

Explore the website

Looking for something?

Wednesday, February 19, 2025

မြဝတီမြို့ စက်သုံးဆီမှောင်ခိုဈေးကွက်အတွင်း စက်သုံးဆီဈေးများ ပြန်ကျလာ

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ရှိ စက်သုံးဆီမှောင်ခိုဈေးကွက်အတွင်း စက်သုံးဆီဈေးနှုန်းများ ပြန်လည်ကျဆင်းလာကြောင်း ဒေသခံစက်သုံးဆီဝယ်ယူသုံးစွဲသူများထံက သိရသည်။ လက်ရှိ မှောင်ခိုဈေးကွင်အတွင်း စက်သုံးဆီ တစ်လီတာ ကျပ် (၁၅,၀၀၀)မှ ကျပ်...

အဝေးသင် တက္ကသိုလ်သင်တန်းများ အပ်နှံမှု ဆက်လက်...

အဝေးသင်တက္ကသိုလ်သင်တန်းများ ကျောင်းအပ်နှံမှုကို သင်တန်းနှစ်အလိုက် ဆက်လက်လက်ခံနေသည်။ လက်ရှိတွင် အဝေးသင်တက္ကသိုလ် ပထမနှစ်သင်တန်းများအတွက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်မှ ၂၀၂၅ ခုနှစ်...

ဥပဒေကြမ်းတွင်ထိုင်းများကာစီနိုရုံထဲမဝင်နိုင်အောင် တင်းကြပ်ထား

နိုင်ငံ၏ ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန်အတွက် ဂိမ်းစီးပွားရေးအချက်အချာဖြစ်လာရန် ကြံစည်နေသော ထိုင်းနိုင်ငံသည် ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရန်ရည်ရွယ်သည့် ဥပဒေမူကြမ်းသစ်တွင် ပြည်တွင်းလော-င်းကစားသူများ အနေဖြင့် ကာစီနိုရုံများသို့ အလွယ်တကူ...

ရွှေပြည်သာတွင် ယာဉ်(၃)စီး ဆင့်တို-က်မှု ထပ်မံဖြစ်ပွားပြန်၊...

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် အမှတ် (၂၇)ရပ်ကွက် လှော်ကားဥယျာဉ်လမ်း၊ ကံဦးကျောင်းတိုက်အနီးတွင် ယာဉ်(၃)စီး တို-က်မှုဖြစ်ပွားပြီး ကုန်ကားပေါ်မှ ယာဉ်အကူ တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများနှင့်...
HomeNewsLocal Newsမြန်မာ-လာအိုနယ်စပ် သုံးဆူကပ်ကျော်စေတီ ထီးတော်တင်...

မြန်မာ-လာအိုနယ်စပ် သုံးဆူကပ်ကျော်စေတီ ထီးတော်တင် အလှူမင်္ဂလာအခမ်းအနားကျင်းပ

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းလပ်မြို့၊ မဲခေါင်ဗျူးပွိုင့် (Mekong View Point) ကမ်းခြေ၌ ယနေ့ ဇန်နဝါရီ (၂၈)ရက် နံနက်ပိုင်းအချိန်တွင် သုံးဆူကပ်ကျော်စေတီ ထီးတော်တင်အလှူမင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တဆက်တည်းတွင် နဂါးရုံဘုရား၊ ဆရာတော်စံကျောင်းဆောင် ရှင်ဥဗ္ဗဂုတ္တတို့အား ရေစက်ချ အလှူတော်မင်္ဂလာကိုလည်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် သုံးဆူကပ်ကျော်စေတီ ထီးတော်အလှူရှင် ဦးကျော်ဆန်းမင်း (မြေစာရင်း)၊ ဒေါ်ခင်စန်းကြည် (ပညာရေး) မိသားစုနှင့် နဂါးရုံဘုရား၊ ဆရာတော်စံကျောင်းဆောင် ရှင်ဥဗ္ဗဂုတ္တ အလှူရှင် ရဲမှူးကြီး အောင်ဇော်မိုး ၊ ရေကြောင်းရဲတပ်ဖွဲ့ခွဲ(ဝမ်ပုံ)၊ ကျိုင်းလပ်တပ်ဖွဲ့ဝင်များ၊ ဦးခင်မောင်ဇော်နှင့် ကျိုင်းလပ် မြို့သူ မြို့သား အလှူရှင်များက ဘဒ္ဒန္တပညာစာရအဂ္ဂဓမ္မ အဘိဝိသေသလဇ္ဇီပေသလသာသနာလင်္ကာရ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဌာနာစရိယ ပုံလို့တောရ ဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်ဒေသနာတော်မြတ်တို့ကို နာယူကြည် ညိုကြကြောင်း သိရသည်။

ယင်းနောက် စိန်ဖူးတော်၊ ရွှေထီးတော်၊ ငှက်မြတ်နာတော်များအား အလှူရှင်များက ပင့်ဆောင်ပြီး စေတီတော်မြတ်အား လှည့်လည်၍ ပူဇော်ကာ စိန်ဖူးတော်နှင့် ရွှေထီးတော်များကို စေတီတော်ကြီးတွင် တင်လှူ ပူဇော်ခဲ့ကြသည်။

ထို့နောက် သံဃာတော်များက စေတီတော်အား ဗုဒ္ဓဘိသေက အနေကဇာတင် ပူဇော်ပြီး အလှူရှင်များက ရွှေမိုး ငွေမိုးရွာသွန်းခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြဝတီမြို့ စက်သုံးဆီမှောင်ခိုဈေးကွက်အတွင်း စက်သုံးဆီဈေးများ ပြန်ကျလာ

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ရှိ စက်သုံးဆီမှောင်ခိုဈေးကွက်အတွင်း စက်သုံးဆီဈေးနှုန်းများ ပြန်လည်ကျဆင်းလာကြောင်း ဒေသခံစက်သုံးဆီဝယ်ယူသုံးစွဲသူများထံက သိရသည်။ လက်ရှိ မှောင်ခိုဈေးကွင်အတွင်း စက်သုံးဆီ တစ်လီတာ ကျပ် (၁၅,၀၀၀)မှ ကျပ် (၁၀,၀၀၀)အထိ ကျဆင်းလာသလိုနှစ်ဆယ်လီတာပုံးကြီး တစ်ပုံး ကျပ် (၂၈၀,၀၀၀)မှ ကျပ် (၁၆၀,၀၀၀)အထိ ထိုးကျလာခြင်းဖြစ်ကြောင်း သိရသည်။ "မှောင်ခိုဈေးကွက်ထဲပြန်ကျလာတာ။ တရုတ်ဆိုက်တွေမရှိတော့ အဲ့ဒီကိုသွားမယ့် ဆီက ပိုလျံလာပြီး ဈေးကွက်ထဲ ထိုးကျသွားတာပေါ့။ မြို့တာဝန်ရှိသူတွေကလည်း မှောင်ခိုရောင်းဝယ်သူတွေကို အဆမတန်ဈေးနဲ့မရောင်းချဖို့ သတိပေးခံဝန်ထိုးခိုင်းတာတွေလည်း လုပ်နေကြတယ်။ ဒါ့ကြောင့်ပါ"ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ရှင်းပြသည်။ ထို့အပြင် ကရင်ပြည်နယ် ဘားအံမြို့ရှိစက်သုံးဆီဆိုင်များ အနေဖြင့်လည်း...

အဝေးသင် တက္ကသိုလ်သင်တန်းများ အပ်နှံမှု ဆက်လက် လက်ခံနေ

အဝေးသင်တက္ကသိုလ်သင်တန်းများ ကျောင်းအပ်နှံမှုကို သင်တန်းနှစ်အလိုက် ဆက်လက်လက်ခံနေသည်။ လက်ရှိတွင် အဝေးသင်တက္ကသိုလ် ပထမနှစ်သင်တန်းများအတွက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်မှ ၂၀၂၅ ခုနှစ် ဧပြီ ၃၀ ရက် အထိ ကျောင်းအပ်လက်ခံနေသည်။ ထိုနည်းတူ ဒုတိယနှစ်နှင့် အထက်သင်တန်းများကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်မှ မေလ ၁၆ ရက်အထိ ကျောင်းအပ်လက်ခံနေကြောင်းလည်း သိရသည်။ အဝေးသင်အပ်ရာတွင်လည်း ကျောင်းအပ်ခ ငွေပေးချေရာတွင် UAB Pay အပြင် တခြား Pay များကိုပါ အသုံးပြုပြီး...

ဥပဒေကြမ်းတွင်ထိုင်းများကာစီနိုရုံထဲမဝင်နိုင်အောင် တင်းကြပ်ထား

နိုင်ငံ၏ ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန်အတွက် ဂိမ်းစီးပွားရေးအချက်အချာဖြစ်လာရန် ကြံစည်နေသော ထိုင်းနိုင်ငံသည် ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရန်ရည်ရွယ်သည့် ဥပဒေမူကြမ်းသစ်တွင် ပြည်တွင်းလော-င်းကစားသူများ အနေဖြင့် ကာစီနိုရုံများသို့ အလွယ်တကူ မဝင်ရောက်နိုင်စေရန် တင်းကြပ်ထားသည်။ နိုင်ငံတော်ကောင်စီရုံးက ထုတ်ပြန်ခဲ့သည့် မူကြမ်းအရ ထိုင်းနိုင်ငံသားများအနေဖြင့် ကာစီနိုလော-င်းကစားရုံများသို့ ဝင်ရောက်နိုင်ရန် အနည်းဆုံး ခြောက်လကြာမြင့်သည့် ပုံသေအပ်ငွေတွင် ဘတ်သန်း ၅၀ ရှိရမည်ဟု သတ်မှတ်ထားသည်။ လိုက်နာရမည့် စည်းမျဥ်းများတွင် ဝင်ကြေး ဘတ် ၅,၀၀၀ သတ်မှတ်ထားခြင်းသည်လည်း တစ်ဦးချင်း စုစုပေါင်း ပြည်တွင်းထုတ်ကုန် ဒေါ်လာ ၇,၃၀၀ ခန့်ရှိသည့်နိုင်ငံတွင် လူအတော်များများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071