Wednesday, February 19, 2025

မြဝတီမြို့ စက်သုံးဆီမှောင်ခိုဈေးကွက်အတွင်း စက်သုံးဆီဈေးများ ပြန်ကျလာ

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ရှိ စက်သုံးဆီမှောင်ခိုဈေးကွက်အတွင်း စက်သုံးဆီဈေးနှုန်းများ ပြန်လည်ကျဆင်းလာကြောင်း ဒေသခံစက်သုံးဆီဝယ်ယူသုံးစွဲသူများထံက သိရသည်။ လက်ရှိ မှောင်ခိုဈေးကွင်အတွင်း စက်သုံးဆီ တစ်လီတာ ကျပ် (၁၅,၀၀၀)မှ ကျပ်...

အဝေးသင် တက္ကသိုလ်သင်တန်းများ အပ်နှံမှု ဆက်လက်...

အဝေးသင်တက္ကသိုလ်သင်တန်းများ ကျောင်းအပ်နှံမှုကို သင်တန်းနှစ်အလိုက် ဆက်လက်လက်ခံနေသည်။ လက်ရှိတွင် အဝေးသင်တက္ကသိုလ် ပထမနှစ်သင်တန်းများအတွက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်မှ ၂၀၂၅ ခုနှစ်...

ဥပဒေကြမ်းတွင်ထိုင်းများကာစီနိုရုံထဲမဝင်နိုင်အောင် တင်းကြပ်ထား

နိုင်ငံ၏ ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန်အတွက် ဂိမ်းစီးပွားရေးအချက်အချာဖြစ်လာရန် ကြံစည်နေသော ထိုင်းနိုင်ငံသည် ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရန်ရည်ရွယ်သည့် ဥပဒေမူကြမ်းသစ်တွင် ပြည်တွင်းလော-င်းကစားသူများ အနေဖြင့် ကာစီနိုရုံများသို့ အလွယ်တကူ...

ရွှေပြည်သာတွင် ယာဉ်(၃)စီး ဆင့်တို-က်မှု ထပ်မံဖြစ်ပွားပြန်၊...

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် အမှတ် (၂၇)ရပ်ကွက် လှော်ကားဥယျာဉ်လမ်း၊ ကံဦးကျောင်းတိုက်အနီးတွင် ယာဉ်(၃)စီး တို-က်မှုဖြစ်ပွားပြီး ကုန်ကားပေါ်မှ ယာဉ်အကူ တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများနှင့်...
HomeNewsLocal News(၉)လအတွင်း ပြည်ပသို့ ရေငန်ပုစွန်တန်ချိန်...

(၉)လအတွင်း ပြည်ပသို့ ရေငန်ပုစွန်တန်ချိန် (၅၉၄၆ ဒသမ ၁၈၇) တန်တင်ပို့ထား

မြန်မာနိုင်ငံမှ ပနားမီးရေငန်ပုစွန်များပြည်ပသို့နှစ်စဉ်တင်ပို့လျက်ရှိရာ ယခု ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်၏ ဧပြီလမှ ဒီဇင်ဘာလအထိ ရေငန်ပုစွန်တန်ချိန် (၅၉၄၆ ဒသမ ၁၈၇) တန်တင်ပို့ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် မိုးရာသီရေငန်ပုစွန်မွေးမြူရာတွင် ရေငန်နှုန်းကျဆင်းခြင်းကြောင့် ပုစွန်ကြီးထွားနှုန်းကျဆင်းခြင်း၊ ရောဂါပိုးဝင်ခြင်းများဖြစ်ခဲ့သည့်အတွက်မွေး မြူရေးလုပ်ငန်းရှင်များ အနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာ နှစ် မိုးရာသီကာလတွင် ပုစွန်လျှော့မွေးပြီး နွေရာသီ၌ ပိုပြီးမွေးမြူထုတ်လုပ်ရန် ဆောင်ရွက်နေကြကြောင်း သိရသည်။

ရေငန်ပုစွန်များကို ပြည်ပသို့တင်ပို့ရာတွင် တရုတ်နိုင်ငံသို့ ပြုတ်၍လည်းကောင်း ၊ ဂျပန်နိုင်ငံသို့အေးခဲ၍ တင်ပို့လျက်ရှိကြောင်း၊ ပြည်ပသို့ လက်ရှိထက် ပိုမိုတင်ပို့နိုင်ရန် ပင်လ ယ်ပြင်တွင် ဖမ်းဆီးမှုထက် တိုးချဲ့မွေးမြူရေးကို ဆောင်ရွက်လိုကြကြောင်းလည်း သိရသည်။

ထို့ပြင် ရေငန်ပုစွန်မွေးမြူမှုအတွက် ပုစွန်သားပေါက်နှင့် အစာအား ထိုင်းနိုင်ငံမှ နှစ်စဉ်ဝယ်ယူနေရကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်၊ ကျွန်းစုမြို့နယ်၊ ပုလောမြို့နယ်နှင့်ကော့သောင်းမြို့နယ်တို့တွင် ပနားမီးပုစွန်ဖြူများကို (၂၂၁၇ ဒသမ ၅၆) ဧက၌ မွေးမြူထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

အလားတူ ထားဝယ်ခရိုင် သရက်ချောင်း၊ မြိတ်ခရိုင် မြိတ်၊ ပုလော၊ ကျွန်းစုမြို့နယ်၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်၊ ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်တို့တွင် ခွင့်ပြုမိန့်ဖြင့် တိုးချဲ့ (၂၆၆၂ ဒသမ ၆၈) ဧကနှင့် ကျွန်းစုမြို့နယ်တွင် (၃၉၀ ဒသမ ၁၂)ဧက မွေးမြူမှုရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြဝတီမြို့ စက်သုံးဆီမှောင်ခိုဈေးကွက်အတွင်း စက်သုံးဆီဈေးများ ပြန်ကျလာ

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ရှိ စက်သုံးဆီမှောင်ခိုဈေးကွက်အတွင်း စက်သုံးဆီဈေးနှုန်းများ ပြန်လည်ကျဆင်းလာကြောင်း ဒေသခံစက်သုံးဆီဝယ်ယူသုံးစွဲသူများထံက သိရသည်။ လက်ရှိ မှောင်ခိုဈေးကွင်အတွင်း စက်သုံးဆီ တစ်လီတာ ကျပ် (၁၅,၀၀၀)မှ ကျပ် (၁၀,၀၀၀)အထိ ကျဆင်းလာသလိုနှစ်ဆယ်လီတာပုံးကြီး တစ်ပုံး ကျပ် (၂၈၀,၀၀၀)မှ ကျပ် (၁၆၀,၀၀၀)အထိ ထိုးကျလာခြင်းဖြစ်ကြောင်း သိရသည်။ "မှောင်ခိုဈေးကွက်ထဲပြန်ကျလာတာ။ တရုတ်ဆိုက်တွေမရှိတော့ အဲ့ဒီကိုသွားမယ့် ဆီက ပိုလျံလာပြီး ဈေးကွက်ထဲ ထိုးကျသွားတာပေါ့။ မြို့တာဝန်ရှိသူတွေကလည်း မှောင်ခိုရောင်းဝယ်သူတွေကို အဆမတန်ဈေးနဲ့မရောင်းချဖို့ သတိပေးခံဝန်ထိုးခိုင်းတာတွေလည်း လုပ်နေကြတယ်။ ဒါ့ကြောင့်ပါ"ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ရှင်းပြသည်။ ထို့အပြင် ကရင်ပြည်နယ် ဘားအံမြို့ရှိစက်သုံးဆီဆိုင်များ အနေဖြင့်လည်း...

အဝေးသင် တက္ကသိုလ်သင်တန်းများ အပ်နှံမှု ဆက်လက် လက်ခံနေ

အဝေးသင်တက္ကသိုလ်သင်တန်းများ ကျောင်းအပ်နှံမှုကို သင်တန်းနှစ်အလိုက် ဆက်လက်လက်ခံနေသည်။ လက်ရှိတွင် အဝေးသင်တက္ကသိုလ် ပထမနှစ်သင်တန်းများအတွက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်မှ ၂၀၂၅ ခုနှစ် ဧပြီ ၃၀ ရက် အထိ ကျောင်းအပ်လက်ခံနေသည်။ ထိုနည်းတူ ဒုတိယနှစ်နှင့် အထက်သင်တန်းများကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်မှ မေလ ၁၆ ရက်အထိ ကျောင်းအပ်လက်ခံနေကြောင်းလည်း သိရသည်။ အဝေးသင်အပ်ရာတွင်လည်း ကျောင်းအပ်ခ ငွေပေးချေရာတွင် UAB Pay အပြင် တခြား Pay များကိုပါ အသုံးပြုပြီး...

ဥပဒေကြမ်းတွင်ထိုင်းများကာစီနိုရုံထဲမဝင်နိုင်အောင် တင်းကြပ်ထား

နိုင်ငံ၏ ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန်အတွက် ဂိမ်းစီးပွားရေးအချက်အချာဖြစ်လာရန် ကြံစည်နေသော ထိုင်းနိုင်ငံသည် ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရန်ရည်ရွယ်သည့် ဥပဒေမူကြမ်းသစ်တွင် ပြည်တွင်းလော-င်းကစားသူများ အနေဖြင့် ကာစီနိုရုံများသို့ အလွယ်တကူ မဝင်ရောက်နိုင်စေရန် တင်းကြပ်ထားသည်။ နိုင်ငံတော်ကောင်စီရုံးက ထုတ်ပြန်ခဲ့သည့် မူကြမ်းအရ ထိုင်းနိုင်ငံသားများအနေဖြင့် ကာစီနိုလော-င်းကစားရုံများသို့ ဝင်ရောက်နိုင်ရန် အနည်းဆုံး ခြောက်လကြာမြင့်သည့် ပုံသေအပ်ငွေတွင် ဘတ်သန်း ၅၀ ရှိရမည်ဟု သတ်မှတ်ထားသည်။ လိုက်နာရမည့် စည်းမျဥ်းများတွင် ဝင်ကြေး ဘတ် ၅,၀၀၀ သတ်မှတ်ထားခြင်းသည်လည်း တစ်ဦးချင်း စုစုပေါင်း ပြည်တွင်းထုတ်ကုန် ဒေါ်လာ ၇,၃၀၀ ခန့်ရှိသည့်နိုင်ငံတွင် လူအတော်များများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071