Looking for something?

Explore the website

Looking for something?

Wednesday, February 19, 2025

မယ်ဟောင်ဆောင်တွင်အစ္စရေးများအခြေမချပါ–ပေတုံတန်

မယ်ဟောင်ဆောင်ပြည်နယ် ပိုင်ခရိုင်တွင် အစ္စရေးနိုင်ငံသား ၃၀,၀၀၀ ခန့် အခြေချနေထိုင်နေသည်ဆိုသော အွန်လိုင်းပေါ်ပျံ့နှံ့နေသည့် ကောလာဟလများသည် သတင်းမှားသာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာက အင်္ဂါနေ့တွင်...

နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုကို...

နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုကို ယခုထက်မြှင့်တင်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်နံနက်ပိုင်းကကျင်းပသည့်...

စားသောက်ကုန်လုပ်ငန်းများကို သာမန်သဘောမထားဘဲအလေးထားကြရန် နစက ဥက္ကဋ္ဌတိုက်...

ပုဂ္ဂလိကစက်မှုကုန်ထုတ်လုပ်ငန်းများနှင့် စီးပွား ရေးလုပ်ငန်းများတွင် အရေအတွက်များပြားပြီး အရေးပါသည့် စားသောက်ကုန်လုပ်ငန်းများကို သာမန်သဘောမထားဘဲအလေးထားကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့သည်။ ၎င်းမှ ယနေ့...

ရန်ကုန်-မန္တလေး ရထားခရီးစဉ် အချိန်ပြောင်းလဲပြေးဆွဲလာ ၊...

ရန်ကုန်-မန္တလေး အမြန်ရထားခရီးစဉ်ပြေးဆွဲမှုအချိန်ကို ဖေဖော်ဝါရီ(၁၇)ရက်မှစတင်၍ ပြောင်းလဲပြေးဆွဲလာသည့်အပြင် ဘူတာစဉ် (၁၃) ဘူတာ၌လည်း မရပ်နားသဖြင့်ကြာမြင့်ချိန်လျော့ချလာကြောင်း ရန်ကုန်-မန္တလေး ရထားစီးခရီးသည်များထံက သိရသည်။ ရန်ကုန်-မန္တလေး (၁၁) အဆန်၊...
HomeNewsLocal Newsလျှပ်စစ်ပစ္စည်းဈေးကွက်အတွင်း ဝယ်လိုအားမြင့်တက်

လျှပ်စစ်ပစ္စည်းဈေးကွက်အတွင်း ဝယ်လိုအားမြင့်တက်

လျှပ်စစ်ပစ္စည်းအပါအဝင် ဆိုလာ ရောင်းဝယ်ရေးဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်သည်အထိ ရောင်းအားတက်နေသည်ဟု လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များထံမှ စုံစမ်းသိရသည်။

ယခု ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းအချိန်မှ စတင်၍ လျှပ်စစ်မီးပြတ်တောက်ချိန် ပိုမိုများပြားလာသည့်အတွက် မီးစက် ၊ ဆိုလာ၊ အင်ဗာတာ၊ အခြားအားသွင်းမီးသီးများမှအစ ဓာတ်မီးအဆုံး ဝယ်ယူသူနှစ်ဆကျော်မြင့်တက်လာခဲ့ကြောင်း သိရသည်။

” လျှပ်စစ်မီး ပြတ်ချိန်ပိုများလာတဲ့အတွက် အိမ်သုံးဆိုင်သုံး ဘက်ထရီတို့ ၊ မီးသီးတို့ ၊အင်ဗာတာတို့ အရင်ထက်ရောင်းအားတက်လာတယ်။ နှစ်ဆကျော်လောက်တက်တယ်။ တစ်ခါတလေ ဆိုင်မှာတောင်အရောင်းပြတ်တဲ့အထိ ဝယ်လို အားများနေတာ။”ဟု လျှပ်စစ်ပစ္စည်းရောင်းဝယ်ရေး ဆိုင်ရှင်တစ်ဦးက ဆို သည်။

လက်ရှိ ရန်ကုန်တိုင်းအတွင်း လျှပ်စစ်မီးပေးဝေမှုမှာ တစ်ရက်လျှင် နှစ်ကြိမ်၊ တစ်ကြိမ်လျှင် (၄)နာရီခန့်သာ ပေးဝေနေခြင်းကြောင့် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများလည်းအခက်ကြုံတွေ့နေခြင်းဖြစ်ပြီး လျှပ်စစ်အစားထိုးရန် နည်းလမ်းအမျိုးမျိုးဖြင့် လျှပ်စစ်အသုံးပြုနိုင်ရန် ကြိုးပမ်းလာကြသည်။

” ကျွန်မတို့က အိမ်တွင်းအထည်ချုပ်လုပ်ငန်းက မီးမရရင်ကို အဆင်‌မပြေတဲ့ လုပ်ငန်းလေ။ မီးစက်ရှိတာကလည်း ဓာတ်သုံးဆီစရိတ်နဲ့က အဆင်မပြေပြန်ဘူး။ ဒါကြောင့် ဆိုလာ တပ်လိုက်ရတယ်။ ဒီလိုပဲ အရစ်ကျသွင်းပြီးဝယ်တပ်ရတာပေါ့။”ဟု လှိုင်သာယာမြို့နယ်မှ အိမ်တွင်း တစ်ပိုင်တနိုင် အထည်ချုပ်လုပ်ငန်းလုပ်ဆောင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

မီးစစ်မီးပြတ်တောက်ချိန်နှင့် ရရှိချိန် သည် မည်သို့မျှအဆင်ပြေခြင်းမရှိသဖြင့် နေအိမ်ထမင်းဟင်းချက်ပြုတ်ရန်ပင် လျှပ်စစ်မီးလာချိန်ကို စောင့်၍ချက်ပြုတ်စားသောက်နေရသည်ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်အတွင်းနေထိုင်သူတစ်ဦးကပြောသည်။

“ကျွန်မတို့က အုပ်စု အေမှာပါတာ။ တစ်ခါတလေ မီးလာချိန်က ညသန်းခေါင်လောက်ဆိုရင်လည်း မနက်အလုပ်သွားမယ့်သူတွေရှိတာကြောင့် လာတဲ့အချိန်ထချက်နေရတာ၊ ဆွမ်းမီအောင်လည်း ချက်ရပြုတ်ရ အိပ်ရေးတွေလည်းပျက်တယ်။ ကိုယ်တိုင်ကလည်း အလုပ်ရှိရင် ချက်ရင်းနဲ့ အလုပ်တစ်ဖက်လုပ်ရတာပေါ့”ဟု ညည်းတွားပြောဆိုသည်။

ဆိုလာတပ်ဆင်မှုမှာလည်း အခြေခံလူတန်းစားများတပ်ဆင်ရန်မတတ်နိုင်သည့်အတွက် အားသွင်းမီးလုံးများဖြင့်သာနေ ထိုင်ကြရပြီး၊ ဖုန်းအားသွင်းရန်ပင် အခက်အခဲရှိ‌နေရသည်ဟု ဖြည့်စွက်ပြောသည်။

ယခင်က ဆိုလာနှင့် ဆက်စပ်ပစ္စည်းများကို ကျေးလက်နေပြည်သူများကသာ အများဆုံး ဝယ်ယူအသုံးပြုခဲ့ကြသော် လည်း လျှပ်စစ်မီးပြတ်တောက်မှု များလာသည့်နောက်ပိုင်း မြို့ပေါ်နေသူများပါ ဝယ်ယူအသုံးပြုလာနေကြောင်း ဆိုလာအရောင်းဆိုင်ပိုင်ရှင်တို့က ပြောသည်။

လျှပ်စစ်ဓါတ်အားထုတ်လုပ်မှု လျော့နည်းနေသည့်အတွက် ယခုကာလတွင် တစ်ရက်ပျမ်းမျှ (၂၂၀၀) မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်ပြီး ထုတ်လုပ်နိုင်မှု၏ (၅၀) ရာခိုင်နှုန်းခန့်သာ ဖြန့်ဖြူးပေးနိုင်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဇန်နဝါ ရီ (၆) ရက်တွင် ထုတ်ပြန်ထားသည်။

လျှပ်စစ်ဓါတ်အားထုတ်လုပ်နိုင်မှုအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း ရန်ကုန်တိုင်းဒေသကြီးကို (၄၈) ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီးကို (၁၇) ရာခိုင်နှုန်းနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များကို (၃၅) ရာခိုင်နှုန်းဖြင့် အချိုးကျ ဓါတ်အားခွဲဝေပေးနေကြောင်းလည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မယ်ဟောင်ဆောင်တွင်အစ္စရေးများအခြေမချပါ–ပေတုံတန်

မယ်ဟောင်ဆောင်ပြည်နယ် ပိုင်ခရိုင်တွင် အစ္စရေးနိုင်ငံသား ၃၀,၀၀၀ ခန့် အခြေချနေထိုင်နေသည်ဆိုသော အွန်လိုင်းပေါ်ပျံ့နှံ့နေသည့် ကောလာဟလများသည် သတင်းမှားသာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ အစ္စရေးနိုင်ငံသားအချို့သည် ဘုရားပေးသောမြေ နေရာအသစ် အဖြစ် သဘောထားကာ ခရိုင်တွင် လူဦးရေ ၃၀,၀၀၀ ကျော် အခြေချနေထိုင်နေသည်ဆိုသော သတင်းများနှင့် ပတ်သက်၍ မီဒီယာများက မေးမြန်းခဲ့ချိန်တွင် “ခဏနေပါဦး၊ ဒါမမှန်ဘူးဆိုတာ ကျွန်မတို့ စိစစ်ထားပြိးသားပါ” ဟု ပေတုံတန်က ပြောကြားခဲ့သည်။ “နောက်သီတင်းပတ်မှာ ဒုတိယဝန်ကြီးချုပ် ပြည်ထဲရေးဝန်ကြီး Anutin Charnvirakul က...

နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုကို ယခုထက်မြှင့်တင်ရန် နစက ဥက္ကဋ္ဌတိုက်တွန်း

နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုကို ယခုထက်မြှင့်တင်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်နံနက်ပိုင်းကကျင်းပသည့် မြန်မာ့စားသောက်ကုန်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်(၂ဝ၂၅)ဖွင့်ပွဲတွင် တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ အစိုးရနှင့် ပုဂ္ဂလိကကြား နီးနီးစပ်စပ်ပူးပေါင်းပြီး လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်မှသာ ကုန်ထုတ်လုပ်မှုနှင့် ကုန်စည်စီးဆင်းမှုတိုးတက်လာစေမည်ဖြစ်၍ မြေပြင်တွင် လက်တွေ့လုပ်ကိုင်နေသူများ၏ ကြုံတွေ့နေရသည့်အခက်အခဲများကို ပွင့်ပွင့်လင်းလင်းဆွေးနွေးအဖြေရှာပြီး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးရမည်ဟု ပြောသည်။ " အဓိကခံယူထားရမှာက အားလုံးဟာ နိုင်ငံ့အ ကျိုးအတွက်လုပ်ဆောင်နေကြတာဆိုတဲ့အသိနဲ့ လုပ်ငန်းတွေသွက်လက်မြန်ဆန်အောင် အ ကောင်အထည်ဖော်ပေးကြဖို့ပါ။ ဒါ့ကြောင့် နိုင်ငံတော်ရဲ့ စီးပွားရေးတိုးတက်ဖို့ဆောင်ရွက်နေကြတဲ့ လုပ်ငန်းရှင်တွေကို အားပေးကူညီမြှင့်တင်ပေးရပါမယ်"ဟု နစက...

စားသောက်ကုန်လုပ်ငန်းများကို သာမန်သဘောမထားဘဲအလေးထားကြရန် နစက ဥက္ကဋ္ဌတိုက် တွန်း

ပုဂ္ဂလိကစက်မှုကုန်ထုတ်လုပ်ငန်းများနှင့် စီးပွား ရေးလုပ်ငန်းများတွင် အရေအတွက်များပြားပြီး အရေးပါသည့် စားသောက်ကုန်လုပ်ငန်းများကို သာမန်သဘောမထားဘဲအလေးထားကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့သည်။ ၎င်းမှ ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့် မြန်မာ့စားသောက် ကုန်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်(၂၀၂၅)ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ အမှာစကား ပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပြည်တွင်းအသားတင်ထုတ်လုပ်မှု(GDP)ဖြင့် တိုင်းတာပြီး GDP တွက်ချက်ရာတွင်လည်း နိုင်ငံ၏လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍဟူ၍ကဏ္ဍကြီး(၃)ခုကို အခြေခံတွက်ချက်ကာ မြန်မာနိုင်ငံကဲ့သို့ စိုက်ပျိုးရေးအခြေခံသည့် စက်မှုနိုင်ငံအဖြစ်ထူထောင်ရာတွင် စိုက်ပျိုးမွေး မြူရေးအခြေခံကုန်ကြမ်းများသည် အဓိကဖြစ်ပြီး လျှပ်စစ်နှင့်စွမ်းအင်သည်လည်း အရေးကြီးသည့်သွင်းအားစုများဖြစ်သည်ဟု ပြောသည်။ "...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071