Looking for something?

Explore the website

Looking for something?

Wednesday, February 19, 2025

မယ်ဟောင်ဆောင်တွင်အစ္စရေးများအခြေမချပါ–ပေတုံတန်

မယ်ဟောင်ဆောင်ပြည်နယ် ပိုင်ခရိုင်တွင် အစ္စရေးနိုင်ငံသား ၃၀,၀၀၀ ခန့် အခြေချနေထိုင်နေသည်ဆိုသော အွန်လိုင်းပေါ်ပျံ့နှံ့နေသည့် ကောလာဟလများသည် သတင်းမှားသာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာက အင်္ဂါနေ့တွင်...

နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုကို...

နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုကို ယခုထက်မြှင့်တင်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်နံနက်ပိုင်းကကျင်းပသည့်...

စားသောက်ကုန်လုပ်ငန်းများကို သာမန်သဘောမထားဘဲအလေးထားကြရန် နစက ဥက္ကဋ္ဌတိုက်...

ပုဂ္ဂလိကစက်မှုကုန်ထုတ်လုပ်ငန်းများနှင့် စီးပွား ရေးလုပ်ငန်းများတွင် အရေအတွက်များပြားပြီး အရေးပါသည့် စားသောက်ကုန်လုပ်ငန်းများကို သာမန်သဘောမထားဘဲအလေးထားကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့သည်။ ၎င်းမှ ယနေ့...

ရန်ကုန်-မန္တလေး ရထားခရီးစဉ် အချိန်ပြောင်းလဲပြေးဆွဲလာ ၊...

ရန်ကုန်-မန္တလေး အမြန်ရထားခရီးစဉ်ပြေးဆွဲမှုအချိန်ကို ဖေဖော်ဝါရီ(၁၇)ရက်မှစတင်၍ ပြောင်းလဲပြေးဆွဲလာသည့်အပြင် ဘူတာစဉ် (၁၃) ဘူတာ၌လည်း မရပ်နားသဖြင့်ကြာမြင့်ချိန်လျော့ချလာကြောင်း ရန်ကုန်-မန္တလေး ရထားစီးခရီးသည်များထံက သိရသည်။ ရန်ကုန်-မန္တလေး (၁၁) အဆန်၊...
HomeInternationalတရုတ်ခရီးသွားများစိုးရိမ်မှုလျော့စေရေးထိုင်းကရှီကိုအကူအညီတောင်းမည်

တရုတ်ခရီးသွားများစိုးရိမ်မှုလျော့စေရေးထိုင်းကရှီကိုအကူအညီတောင်းမည်

လာမည့်သီတင်းပတ်တွင် သူ၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံရာ၌ ထိုင်းနိုင်ငံတွင် ခရီးသွားများ၏ ဘေးကင်းလုံခြုံမှုဆိုင်ရာ စိုးရိမ်ပူပန်မှုများ လျော့ကျစေရေးကို အကူအညီတောင်းသွားမှာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပေတုံတန်ရှင်နာဝပ်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

ယခုလအစောပိုင်းက ထိုင်း-မြန်မာနယ်စပ်တွင် တရုတ်သရုပ်ဆောင်တစ်ဦး လူကု-န်ကူးခံလိုက်ရသည့် သတင်းထွက်ပေါ်လာပြီးနောက် ခရီးသွားအချို့က ခရီးစဉ်ဖျက်သိမ်းမှုများလုပ်လာစဉ် တရုတ်ခရီးသွားများ၏ ဘေးကင်းလုံခြုံမှုအတွက် အစိုးရက အာမခံချက်ပေးခဲ့သည်။ ယင်းဖြစ်ရပ်များအပြိး ပေတုံတန်က ဖေဖော်ဝါရီ ၅ ရက်မှ ၈ ရက်အတွင်း ပေကျင်းကို သွားရောက်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ၏ ဘေးကင်းလုံခြုံမှုနှင့် ပတ်သက်၍ အပျက်သဘောဆောင်သော ကောလာဟလများကို တားဆီးရာတွင် တရုတ်နိုင်ငံကို အကူအညီတောင်းသွားမည်ဖြစ်ကြောင်းနှင့် အိမ်နီးချင်းနိုင်ငံများရှိ အွန်လိုင်းငွေလိ-မ်ဂိုဏ်းများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုကိုလည်း ရှီကို ထုတ်ဖော်ပြောကြားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။

တရုတ်သည် ထိုင်းနိုင်ငံ၏ အကြီးဆုံး ကမ္ဘာလှည့်ခရီးသွားအရင်းအမြစ်ဖြစ်ပြီး ၂၀၂၄ ခုနှစ်က နိုင်ငံသို့ဝင်ရောက်ခဲ့သော ခရီးသွား ၃၅ ဒဿမ ၅ သန်းအနက် တရုတ်ခရီးသွားဦးရေ ၆ ဒဿမ ၇ သန်းပါဝင်ခဲ့သည်။ အွန်လိုင်းအလိ-မ်အညာဂိုဏ်းများကို အရှိန်မြှင့် နှိမ်နင်းရန်နှင့် နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်ကုန်၏ ၁၂ ရာခိုင်နှုန်းရှိကာ အလုပ်အကိုင် ငါးပုံတစ်ပုံနီးပါးကို ပေးထားသော ခရီးသွားကဏ္ဍတွင် ခရီးသွားများ ဘေးကင်းလုံခြုံရေးကို ဆောင်ရွက်ပေးရန် တရားဥပဒေစိုးမိုးရေးဌာနများကို ပေတုံတန်က အမိန့်ပေးထားသည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မယ်ဟောင်ဆောင်တွင်အစ္စရေးများအခြေမချပါ–ပေတုံတန်

မယ်ဟောင်ဆောင်ပြည်နယ် ပိုင်ခရိုင်တွင် အစ္စရေးနိုင်ငံသား ၃၀,၀၀၀ ခန့် အခြေချနေထိုင်နေသည်ဆိုသော အွန်လိုင်းပေါ်ပျံ့နှံ့နေသည့် ကောလာဟလများသည် သတင်းမှားသာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ အစ္စရေးနိုင်ငံသားအချို့သည် ဘုရားပေးသောမြေ နေရာအသစ် အဖြစ် သဘောထားကာ ခရိုင်တွင် လူဦးရေ ၃၀,၀၀၀ ကျော် အခြေချနေထိုင်နေသည်ဆိုသော သတင်းများနှင့် ပတ်သက်၍ မီဒီယာများက မေးမြန်းခဲ့ချိန်တွင် “ခဏနေပါဦး၊ ဒါမမှန်ဘူးဆိုတာ ကျွန်မတို့ စိစစ်ထားပြိးသားပါ” ဟု ပေတုံတန်က ပြောကြားခဲ့သည်။ “နောက်သီတင်းပတ်မှာ ဒုတိယဝန်ကြီးချုပ် ပြည်ထဲရေးဝန်ကြီး Anutin Charnvirakul က...

နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုကို ယခုထက်မြှင့်တင်ရန် နစက ဥက္ကဋ္ဌတိုက်တွန်း

နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုကို ယခုထက်မြှင့်တင်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်နံနက်ပိုင်းကကျင်းပသည့် မြန်မာ့စားသောက်ကုန်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်(၂ဝ၂၅)ဖွင့်ပွဲတွင် တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ အစိုးရနှင့် ပုဂ္ဂလိကကြား နီးနီးစပ်စပ်ပူးပေါင်းပြီး လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်မှသာ ကုန်ထုတ်လုပ်မှုနှင့် ကုန်စည်စီးဆင်းမှုတိုးတက်လာစေမည်ဖြစ်၍ မြေပြင်တွင် လက်တွေ့လုပ်ကိုင်နေသူများ၏ ကြုံတွေ့နေရသည့်အခက်အခဲများကို ပွင့်ပွင့်လင်းလင်းဆွေးနွေးအဖြေရှာပြီး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးရမည်ဟု ပြောသည်။ " အဓိကခံယူထားရမှာက အားလုံးဟာ နိုင်ငံ့အ ကျိုးအတွက်လုပ်ဆောင်နေကြတာဆိုတဲ့အသိနဲ့ လုပ်ငန်းတွေသွက်လက်မြန်ဆန်အောင် အ ကောင်အထည်ဖော်ပေးကြဖို့ပါ။ ဒါ့ကြောင့် နိုင်ငံတော်ရဲ့ စီးပွားရေးတိုးတက်ဖို့ဆောင်ရွက်နေကြတဲ့ လုပ်ငန်းရှင်တွေကို အားပေးကူညီမြှင့်တင်ပေးရပါမယ်"ဟု နစက...

စားသောက်ကုန်လုပ်ငန်းများကို သာမန်သဘောမထားဘဲအလေးထားကြရန် နစက ဥက္ကဋ္ဌတိုက် တွန်း

ပုဂ္ဂလိကစက်မှုကုန်ထုတ်လုပ်ငန်းများနှင့် စီးပွား ရေးလုပ်ငန်းများတွင် အရေအတွက်များပြားပြီး အရေးပါသည့် စားသောက်ကုန်လုပ်ငန်းများကို သာမန်သဘောမထားဘဲအလေးထားကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့သည်။ ၎င်းမှ ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့် မြန်မာ့စားသောက် ကုန်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်(၂၀၂၅)ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ အမှာစကား ပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပြည်တွင်းအသားတင်ထုတ်လုပ်မှု(GDP)ဖြင့် တိုင်းတာပြီး GDP တွက်ချက်ရာတွင်လည်း နိုင်ငံ၏လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍဟူ၍ကဏ္ဍကြီး(၃)ခုကို အခြေခံတွက်ချက်ကာ မြန်မာနိုင်ငံကဲ့သို့ စိုက်ပျိုးရေးအခြေခံသည့် စက်မှုနိုင်ငံအဖြစ်ထူထောင်ရာတွင် စိုက်ပျိုးမွေး မြူရေးအခြေခံကုန်ကြမ်းများသည် အဓိကဖြစ်ပြီး လျှပ်စစ်နှင့်စွမ်းအင်သည်လည်း အရေးကြီးသည့်သွင်းအားစုများဖြစ်သည်ဟု ပြောသည်။ "...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071