Wednesday, April 2, 2025

မင်းကွန်း ဗုဒ္ဓဘာသာဘိုးဘွားရိပ်သာတွင် အဘိုးအဘွားများနှင့် ဝန်ထမ်းများအပါအဝင်...

စစ်ကိုင်းတိုင်းဒေသကြီး ၊ မင်းကွန်းဒေသရှိ မင်းကွန်း ဗုဒ္ဓဘာသာဘိုးဘွားရိပ်သာတွင် အဘိုးအဘွားများနှင့် ဝန်ထမ်းများအပါအဝင် လူဦးရေ (၁၅၀) ဝန်းကျင် အကူအညီများ လိုအပ်နေကြောင်း အဆိုပါ...

မုတ်သုန် မဝင်ခင် မြန်မာကို ကူညီကြဖို့...

       သေဆုံးသူ ၃,၀၀၀ ကျော်လာမည်ဟု ခန့်မှန်းရသော ဆိုးရွားသည့် အခြေအနေများသည် မိုးရာသီဝင်ရောက်ချိန်တွင် ပိုမိုဆိုးရွားလာနိုင်သောကြောင့် ယင်းမတိုင်ခင် အကူအညီများ မြန်မြန်ဆန်ဆန်လုပ်ကြရန် မြန်မာငလျင်နှင့် ပတ်သက်၍...

လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ချေ လျော့ကျလာပြီး ငလျင်လှုပ်ခတ်ခဲ့သည့် အထက်ဘက်...

ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်အတွင်း လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ချေ ၄၀ ရာခိုင်နှုန်း အထိ လျော့ကျလာသောကြောင့် အထက်ဘက်ငလျင်လှုပ်ခတ်ခဲ့သည့် ဒေသများတွင် မိုးရွာနိုင်ချေ အလွန်နည်းပါးနိုင်မည်ဖြစ်ကြောင်း ပြင်ပ မိုးလေဝသပညာရှင်...

ယနေ့ ဧပြီလ (၂) ရက်...

ဓာတ်ပုံ - ပေါ်ပြူလာနယူးစ်
HomePopular Academyအကယ်ဒမီ ဆုရနိုင်သူများစာရင်းတွင် (၁)...

အကယ်ဒမီ ဆုရနိုင်သူများစာရင်းတွင် (၁) ပြေးနေသည့် “လူသားအသည်းနှလုံး စိုင်းစိုင်း”

မကြာသေးမီ လပိုင်းအတွင်းက ထွက်ခဲ့သည့် ” လူသားအသည်းနှလုံးနှင့် ကျွန်တော်” သီချင်းနှင့် ပရိသတ်များ၏ အားပေးမှုကို သိမ်းပိုက်လိုက်ပြန်သည့် အဆိုတော် ၊ သရုပ်ဆောင်၊ ရုပ်ရှင်ထုတ်လုပ်သူ စိုင်းစိုင်းခမ်းလှိုင်သည် ယနေ့ည ကျင်းပမည့် အကယ်ဒမီ ဆုပေးပွဲတွင်လည်း အကယ်ဒီဆု ချီးမြှင့်ခြင်း ခံရနိုင်ကြောင်း ထင်ကြေးပေးခံနေရသည်။

ယနေ့ ဖေဖေါ်ဝါရီ (၉) ရက် ညပိုင်းတွင် နေပြည်တော် ၊ MICC (1) ၌ ၂၀၂၄ ခုနှစ် အတွက် ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီချီးမြှင့်ပွဲ ကျင်းပသွားမည်ဖြစ်ပြီး စိုင်းစိုင်းခမ်းလှိုင် ပါဝင်သရုပ်ဆောင်ထားသည့် “ချစ်သူသာ ပန်းတစ်ပွင့် ဖြစ်ခဲ့ရင်” ဇာတ်ကားမှာ အကယ်ဒမီ ဆန်ကာတင်စာရင်းတွင် ပါဝင်နေခြင်း ဖြစ်သည်။

“ချစ်သူသာပန်းတစ်ပွင့်ဖြစ်ခဲ့ရင်” ဇာတ်ကားကို ဒါရိုက်တာ ကောင်းဇံက ဖန်တီပုံဖော်ထားပြီး စိုင်းစိုင်းခမ်းလှိုင်၊ ဝတ်မှုန်ရွှေရည် ၊ မင်းသူ ၊ ခင်ဇာခြည်ကျော် ၊ မင်းဦး ၊ ခင်မို့မို့အေး ၊ထူးခြား ၊ ဆင်မ ၊ ဇော်မှိုင်း ၊ ဂရိတ်ချမ်း ၊ ကျော်ထက် ၊ ဇူဇူးဈာန် စသည့် ဝါရင့်သရုပ်ဆောင်များ ပါဝင်အားဖြည့်ထားသည့် ဇာတ်ကားဖြစ်သည်။

စိုင်းစိုင်းခမ်းလှိုင်သည် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်က ရုံတင်ပြသခဲ့သည့် “ပိတောက်ကတဲ့ ဂီတ” ရုပ်ရှင်ဇာတ်ကားဖြင့် အမျိုးသားဇာတ်ဆောင်ဆုကို ရရှိထားခြင်းဖြစ်သည်။

အကယ်၍ ယခုနှစ်တွင်ပါ ထပ်မံရရှိမည်ဆိုပါက နှစ်‌ထပ်ကွမ်း အကောင်းဆုံ ဇာတ်ဆောင် အကယ်ဒမီဆုရှင်အဖြစ် မှတ်တိုင်စိုက်ထူနိုင်မည့်အပြင် သူ၏ ထုတ်လုပ်ရေးက ရရှိထားသည့် အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုနှင့်ပါဆိုလျင် အကယ်ဒမီ (၃) ဆုကို ပိုင်ဆိုင်သူတစ်ဦး ဖြစ်လာမည်လည်း ဖြစ်သည်။

၂၀၂၀ ပြည့်နှစ်က ရုံတင်ပြသခဲ့သည့် “ပိတောက်ကတဲ့ ဂီတ”ဇာတ်ကားမှာ အဆိုပါနှစ်အတွက် အကောင်းဆုံးထူးချွန်ဆုများအနေဖြင့် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ၊
အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု၊ အကောင်းဆုံး နောက်ခံတေးဂီတဆုနှင့် အကောင်းဆုံး ဒါရိုက်တာဆုစသဖြင့် စုစုပေါင်း အကယ်ဒမီ (၄)ဆုရရှိခဲ့သည့် ရုပ်ရှင်ဇာတ်ကား တစ်ကားလည်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မင်းကွန်း ဗုဒ္ဓဘာသာဘိုးဘွားရိပ်သာတွင် အဘိုးအဘွားများနှင့် ဝန်ထမ်းများအပါအဝင် လူဦးရေ (၁၅၀) ဝန်းကျင် အကူအညီများ လိုအပ်နေ

စစ်ကိုင်းတိုင်းဒေသကြီး ၊ မင်းကွန်းဒေသရှိ မင်းကွန်း ဗုဒ္ဓဘာသာဘိုးဘွားရိပ်သာတွင် အဘိုးအဘွားများနှင့် ဝန်ထမ်းများအပါအဝင် လူဦးရေ (၁၅၀) ဝန်းကျင် အကူအညီများ လိုအပ်နေကြောင်း အဆိုပါ ဘိုးဘွားရိပ်သာမှ တာဝန်ရှိသူများနှင့် ဘိုးဘွားများ၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ ဘိုးဘွားရိပ်သာရှိသည့် နေရာသည် တိုက်ပွဲများဖြစ်ပွားရာ နေရာဖြစ်သည့်အတွက် အနီးပတ်ဝန်ကျင် ကျေးရွာများ၌ ရွာသူရွာသားများ တစ်ဦးတစ်ယောက်မျှ နေထိုင်တော့ခြင်း မရှိတော့ကြောင်း ပေါ် ပြူလာနယူးစ်၏ သတင်းထောက်မှ မျက်မြင်အတည်ပြုထားနိုင်သည့် အခြေအနေဖြစ်သည်။ " အလိုအပ်ဆုံးကတော့ စက်သုံးဆီပေါ့နော်။ ပြီးတော့ အဘိုးအဘွားတွေအတွက် ဆေးဝါးနဲ့ မုန့်ပဲသရေစာလည်းလိုအပ်တယ်။...

မုတ်သုန် မဝင်ခင် မြန်မာကို ကူညီကြဖို့ ကုလ တိုက်တွန်း

       သေဆုံးသူ ၃,၀၀၀ ကျော်လာမည်ဟု ခန့်မှန်းရသော ဆိုးရွားသည့် အခြေအနေများသည် မိုးရာသီဝင်ရောက်ချိန်တွင် ပိုမိုဆိုးရွားလာနိုင်သောကြောင့် ယင်းမတိုင်ခင် အကူအညီများ မြန်မြန်ဆန်ဆန်လုပ်ကြရန် မြန်မာငလျင်နှင့် ပတ်သက်၍ စစ်တမ်းကောက်ယူခဲ့သော ကုလသမဂ္ဂအရာရှိများက ကမ္ဘာ့အသိုက်အဝန်းကို အင်္ဂါနေ့တွင် တိုက်တွန်းလိုက်သည်။         အဆောက်အအုံများ၊ လမ်းများနှင့် တံတားများ ပျက်စီးခဲ့ပြီးနောက် သောက်ရေသန့်၊ တစ်ကိုယ်ရေသန့်ရှင်းမှု၊ အစားအစာ၊ အမိုးအကာနှင့် ဆေးဝါးများသည် အရေးကြီးဆုံး လိုအပ်ချက်များဖြစ်ကြောင်း လူသာချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် ဌာနေ ညှိနှိုင်းရေးမှူး Marcoluigi Corsi က နှစ်ရက်ကြာ လေ့လာမှုခရီးစဉ်အပြီးတွင် ပြောကြားခဲ့သည်။          “အကူအညီလိုအပ်နေတဲ့ မြန်မာပြည်သူတွေဆီ ရောက်ရှိနိုင်ဖို့...

လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ချေ လျော့ကျလာပြီး ငလျင်လှုပ်ခတ်ခဲ့သည့် အထက်ဘက် ဒေသများတွင် မိုးရွာနိုင်ချေ အလွန်နည်းပါးနိုင်မည်ဟု ဦးဝင်းနိုင်သုံးသပ်

ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်အတွင်း လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ချေ ၄၀ ရာခိုင်နှုန်း အထိ လျော့ကျလာသောကြောင့် အထက်ဘက်ငလျင်လှုပ်ခတ်ခဲ့သည့် ဒေသများတွင် မိုးရွာနိုင်ချေ အလွန်နည်းပါးနိုင်မည်ဖြစ်ကြောင်း ပြင်ပ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က လူမှုကွန်ရက်စာမျက်နှာတွင် ဧပြီ (၂) ရက် နံနက်အစောပိုင်းက ခန့်မှန်းရေးသားချက်အရ သိရသည်။ ၎င်းက WINDY တွင် ECMWF, GFS နှင့် ICON model များက ဧပြီ (၄) ရက်တွင် အားပျော့သော လေဖိအားနည်းရပ်ဝန်းအဆင့် ဖြစ်လာနိုင်သည်ဟု ဖော်ပြထားကြောင်းနှင့် အမှန်တကယ်ဖြစ်လာနိုင်မည့် ဧပြီ (၄)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071