Sunday, March 16, 2025

နစက ဥက္ကဋ္ဌမှ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများအနက် (၃၆)ဦးကို...

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မတ် ၁၆ ရက်နံနက်ပိုင်းက နစက ဥက္ကဋ္ဌရုံး သဘင်ဆောင်၌ကျင်းပသည့် ၂၀၂၅ ခုနှစ်၊...

အီးယူထိပ်သီး အစည်းအဝေးတက်‌ေရာက်ရန် ဖိတ်ကြားမှု ရှီ...

အီးယူ-တရုတ် သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့်အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန်အတွက် ဘရပ်ဆဲလ်သို့ လာရောက်ရန် ဖိတ်ကြားမှုကို တရုတ်သမ္မတ ရှီကျင့်ဖျင်က ငြင်းဆိုခဲ့သည်ဟု...

ရန်ကုန်တိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသား/သူ...

မတ် (၁၇) ရက်တွင် စတင်မည့် တက္ကသိုလ်ဝင်စာမေးပွဲ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း စာစစ်ဌာန (၉၁) ခုဖွင့်လှစ်ထားကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် ၂ဝ၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ...

မြောက်မက်ဆီဒိုးနီးယားတွင် နိုက်ကလပ်မီးလောင်၍ ၅၀ထက်မနည်း‌ေ-သ

မြောက်မက်ဆီဒိုနီးယားသမ္မတနိုင်ငံ မြောက်ပိုင်းရှိ ကိုကာနီမြို့တွင် မတ် ၁၆ ရက်နံနက်အစောပိုင်းက နိုက်ကလပ်တစ်ခု မီးလောင်၍ လူဒါဇင်များစွာ ‌ေ-သဆုံး၊ ဒဏ်ရာရမှုရှိခဲ့သည်ဟု ဒေသတွင်း သတင်းမီဒီယာများက...
HomeNewsLocal NewsBGF က ကျားဖြန့်နှင့်...

BGF က ကျားဖြန့်နှင့် လူမှော-င်ခို ပ‌ ပျောက်ရေး နှိမ်နင်းရန် အထူးအဖွဲ့ ဖွဲ့စည်း

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF) က မြဝတီဒေသအတွင်း ကျားဖြန့်နှင့် လူမှော-င်ခိုပ‌ပျောက်ရေး နှိမ်နင်းရန် ယနေ့ ဖေဖော်ဝါရီ (၁၂)ရက်နေ့တွင် အထူးအဖွဲ့ ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

ယနေ့ ကျားဖြန့်နှင့် လူမှေ-ာင်ခိုပ‌ပျောက်ရေး နှိမ်နင်းရန်အတွက် နယ်ခြားစောင့်
တပ် ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့က အရေးပေါ်အစည်းအဝေးတစ်ရပ် ခေါ်ယူကာ ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖွဲ့စည်းရာ၌ ကြီးကြပ်ရေးနှင့်ပြန်လည်ပို့ဆောင်ရေး အဖွဲ့(၄)ဖွဲ့ခွဲ၍ ဖွဲ့စည်းလိုက်ခြင်းဖြစ်ကာ ၊ အဖွဲ့(၁)တွင် ဗိုလ်မှူးကြီး စောဒိဒိ ခေါင်းဆောင်သည့် အဖွဲ့ဝင် (၇)ဦး၊ အဖွဲ့(၂)တွင် ဗိုလ်မှူးကြီးစောဆန်းလင်း ခေါင်းဆောင်သည့် အဖွဲ့ဝင်(၇)ဦး၊ အဖွဲ့(၃)တွင် ဗိုလ်မှူးကြီး စောပါပီ ခေါင်း ဆောင်သည့် အဖွဲ့ဝင်(၇)ဦး၊ အဖွဲ့(၄)တွင် ဒုတိယဗိုလ်မှူးကြီး စောမောင်တူး ခေါင်း ဆောင်သည့်အဖွဲ့ဝင် (၇)ဦး စုစုပေါင်း အဖွဲ့ဝင် (၂၈)ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ အထူးစုံစမ်းစစ် ဆေးရေးဌာန (DSI)က ကရင်ပြည်နယ် ၊နယ်ခြားစောင့်တပ်မှ ခေါင်းဆောင် ဗိုလ် မှူးကြီး စောချစ်သူ အပါအဝင် ဒုတိယဗိုလ်မှူးကြီး စောမုတ်သိုလ် နှင့် ဗိုလ်မှူးတင်ဝင်းတို့ကို ဖမ်းဝရမ်းထုတ်ဆင့်၍ ဖမ်းဆီးရန် ရာဇဝတ်ဆိုင်ရာတရားရုံးသို့ တင်ပြနိုင်မည့် သက်သေအထောက် အထားများအလုံအလောက် စုဆောင်းထားပြီးဖြစ်ကြောင်း ထိုင်းပြည်တွင်းထုတ် သည်နေးရှင်းသတင်းစာတွင် ဖော်ပြထား သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နစက ဥက္ကဋ္ဌမှ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများအနက် (၃၆)ဦးကို ဂုဏ်ထူးဆောင်ဘွဲ့များလက်ရောက်ချီးမြှင့်

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မတ် ၁၆ ရက်နံနက်ပိုင်းက နစက ဥက္ကဋ္ဌရုံး သဘင်ဆောင်၌ကျင်းပသည့် ၂၀၂၅ ခုနှစ်၊ ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားတွင် ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများအနက် (၃၆)ဦးကို ဂုဏ်ထူးဆောင်ဘွဲ့များအား လက်ရောက်ချီးမြှင့်ခဲ့သည်။ အခမ်းအနားတွင် နစက ဥက္ကဋ္ဌမှ တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံဖြစ်စေရန်ဘက်စုံထောင့်စုံမှ ကြိုးပမ်းတည်ဆောက်နေရာ၌ ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူအားလုံး၏ အင်အားသည်အဓိကကျပြီး အားလုံး၏ပူးပေါင်းပါဝင်မှု သည် အရေးကြီးကာ နိုင်ငံတော်အစိုးရ၏ဦးဆောင်မှုနှင့်အတူ ပြည်သူတစ်ဦးချင်းစီက စိတ်ဓာတ်၊ အသိအမြင်၊ ကာယဉာဏစွမ်းအားများနှင့် ပူးပေါင်းပါဝင်မှုအင်အားဖြင့်သာအောင်မြင်နိုင်မည်ဟု ပြောသည်။ နိုင်ငံတော်အစိုးရမှ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊...

အီးယူထိပ်သီး အစည်းအဝေးတက်‌ေရာက်ရန် ဖိတ်ကြားမှု ရှီ ငြင်းဆို

အီးယူ-တရုတ် သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့်အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန်အတွက် ဘရပ်ဆဲလ်သို့ လာရောက်ရန် ဖိတ်ကြားမှုကို တရုတ်သမ္မတ ရှီကျင့်ဖျင်က ငြင်းဆိုခဲ့သည်ဟု Financial Times သတင်းစာက တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့သည်။ ရှီအစား ဝန်ကြီးချုပ် Li Qiang သည် ဥရောပကောင်စီနှင့် ကော်မရှင်ဥက္ကဌများကို တွေ့ဆုံသွားမည်ဖြစ်ကြောင်း ပေကျင်းက အီးယူအရာရှိများကို ပြောဆိုခဲ့သည်ဟု ယင်းကိစ္စနှင့် နီးစပ်သော အမည်မဖော်လိုသည့် သတင်းရင်းမြစ်နှစ်ခုကို ကိုးကား၍ FT က ဆိုသည်။ ဘရပ်ဆဲလ်တွင် ကျင်းပသည့် အဆိုပါ ထိပ်သီးအစည်းအဝေးများကို...

ရန်ကုန်တိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသား/သူ (၃၉၀၀၀) ကျော်ရှိပြီး စာစစ်ဌာန (၉၁) ခု ပြင်ဆင်ထား

မတ် (၁၇) ရက်တွင် စတင်မည့် တက္ကသိုလ်ဝင်စာမေးပွဲ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း စာစစ်ဌာန (၉၁) ခုဖွင့်လှစ်ထားကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် ၂ဝ၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား မတ် (၁၄) ရက် မွန်းလွဲပိုင်းက တိုင်းဒေ သကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် ပြုလုပ်ခဲ့သည်။ ၂၀၂၅ ခုနှစ်၊ မတ် (၁၇) ရက်မှ မတ် (၂၂) ရက်ထိဖြေဆိုမည့် တက္ကသိုလ်ဝင်စာမေးပွဲကို ရန်ကုန်တိုင်းဒေသကြီးတွင် အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေး လုပ်ငန်းကဏ္ဍများအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071