Sunday, April 6, 2025

ရန်ကုန်-မန္တလေး ရထားခရီးစဥ်များ ပြန်လည်ပေးဆွဲ

ယနေ့ ဧပြီ (၅)ရက်မှစတင်၍ ရန်ကုန် - နေပြည်တော် - မန္တ လေး အစုန်အဆန် ရထားခရီးစဥ်များ ပြန်လည်ပြေးဆွဲပေးပြီဖြစ်ကြောင်း ရန်ကုန်ဘူတာကြီး...

နှစ်နိုင်ငံဆက်ဆံ‌ရေးမြှင်တင်ရန်သီရိလင်္ကာသို့ သုံးရက်ကြာခရီး မိုဒီသွားပြီ

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီသည် သုံးရက်ကြာ ခရီးစဥ်အတွက် သောကြာနေ့တွင် သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း သိရပြီး အထူးအားဖြင့် စွမ်းအင်၊ ကုန်သွယ်ရေး၊ ချိတ်ဆက်မှု၊...

ငလျင်ဒဏ်သင့် မြန်မာပြည်အတွက် အမေရိကန်က ဒေါ်လာ...

အင်အားကြီး ငလျင်ဒဏ်ကြောင့် ပျက်စီးထိခိုက်မှုများခဲ့သ ည့် မြန်မာနိုင်ငံအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးအတွက် အမေရိကန်နိုင်ငံက ကန်ဒေါ်လာ (၇) သန်း ထပ်တိုးကူညီပေးသွားမည်ဖြစ်ကြောင်းသိရသည်။ မတ်လ...

ဘူတန် နှင့် မြန်မာ ဆွေးနွေးပွဲတွင်နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုများပိုတိုးတက်အောင်ဆောင်ရွက်မည်ဟုဆွေးနွေး

မြန်မာနိုင်ငံ၌ အင်အားအလွန်ပြင်းထန်သည့်ငလျင် လှုပ်ခတ်ခဲ့သည်မှာ ၆ ရက်တိုင်ရှိပြီဖြစ်သော်လည်း ဧပြီ ၃ ရက်အထိ အသက်ရှင်လျက်ကယ်ထုတ်နိုင်သူများရှိနေသေးသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က...
HomeInternationalထရန်စ်ဂျန်ဒါ(Transgender)ဝန်ထမ်းများကို အမေရိကန်စစ်တပ်မှ ထုတ်ပယ်မည်

ထရန်စ်ဂျန်ဒါ(Transgender)ဝန်ထမ်းများကို အမေရိကန်စစ်တပ်မှ ထုတ်ပယ်မည်

ပင်တဂွန်မှ ယခု သီတင်းပတ် ဆုံးဖြတ်ချက်မှတ်တမ်းအရ ထရန်စ်ဂျန်ဒါ(Transgender)ဝန်ထမ်းများကို စစ်တပ်မှ ထုတ်ပယ်မည်ဟု သိရသည်။ ယင်းသည် ထရန်စ်ဂျန်ဒါဝန်ထမ်းများအား စစ်တပ်တွင် ပါဝင်ခွင့် သို့မဟုတ် တာဝန်ထမ်းဆောင်ခွင့်များကို ပိတ်ပင်လိုက်ခြင်း ဖြစ်ပြီး၊ အဆိုပါမှတ်တမ်းကိုလည်း ဗုဒ္ဓဟူးနေ့တွင် တရားရုံးသို့ တင်သွင်းခဲ့ပြီးဖြစ်သည်။

ဤဆုံးဖြတ်ချက်သည် သမ္မတ ဒေါ်နယ်ထရမ့်၏ ပထမသက်တမ်းအတွင်း ထရန်စ်ဂျန်ဒါဝန်ထမ်းများအပေါ် ထားရှိခဲ့သော ကန့်သတ်ချက်များထက်ပင် ပိုမိုတင်းကျပ်လာခြင်းဖြစ်ပြီး၊ ထရမ့်ကို ထောက်ခံသူများကပင် ယခင်က မကြုံဖူးသော လုပ်ရပ်ဟု ဆိုကြသည်။

ထရမ့်သည် လွန်ခဲ့သောလကပင်လျှင် ထရန်စ်ဂျန်ဒါစစ်သားများကို ဦးတည်သည့် အုပ်ချုပ်ရေးအမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး၊ “ထရန်စ်ဂျန်ဒါစစ်သားများသည် စစ်သားတစ်ဦးအတွက် လိုအပ်သော ရိုးသားမှု၊ ကိုယ်ကျိုးစွန့်မှုတို့နှင့် မကိုက်ညီပါ” ဟုလည်း ပြောဆိုခဲ့သည်။

ယခုလအတွင်းတွင်ပင် အမေရိကန်စစ်တပ်သည် ထရန်စ်ဂျန်ဒါဝန်ထမ်းများကို စစ်တပ်တွင် ပါဝင်ခွင့်မပေးတော့ဘဲ၊ လိင်ပြောင်းလဲမှုနှင့်ဆိုင်သော ကုသမှုများကို ဆောင်ရွက်ပေးခြင်း သို့မဟုတ် ကူညီဆောင်ရွက်ပေးခြင်းများကို ရပ်ဆိုင်းမည်ဟု ပင်တဂွန်က ကြေညာခဲ့သည်။ ဗုဒ္ဓဟူးနေ့ညနေပိုင်းတွင် ထုတ်ပြန်ခဲ့သော ဆုံးဖြတ်ချက်မှတ်တမ်းသည် လက်ရှိတာဝန်ထမ်းဆောင်နေသော စစ်သားများအပေါ် ပိတ်ပင်ချက်ကို ပိုမိုချဲ့ထွင်လိုက်ခြင်း ဖြစ်သည်။

စာတမ်းတွင် ပင်တဂွန်သည် ထရန်စ်ဂျန်ဒါစစ်သားများကို ခွဲခြားသတ်မှတ်ရန် လုပ်ထုံးလုပ်နည်းများကို ၃၀ ရက်အတွင်း ပြုစုရမည်ဖြစ်ပြီး၊ ထို့နောက် ၃၀ ရက်အတွင်း ၎င်းတို့ကို စစ်တပ်မှ ထုတ်ပယ်ရန် စတင်ဆောင်ရွက်ရမည်ဟု ဖော်ပြထားသည်။

“စစ်သားများ၏ အသင့်ပြင်ဆင်မှု၊ ရန်သူကို သတ်ဖြတ်နိုင်စွမ်း၊ စည်းလုံးညီညွတ်မှု၊ တစ်သမတ်တည်းဖြစ်မှုနှင့် ရိုးသားမှုတို့အတွက် အမေရိကန်အစိုးရ၏ မူဝါဒမှာ သက်ဆိုင်သလို အမြင့်မားဆုံးသတ်မှတ်ချက်များ သတ်မှတ်ရန်ဖြစ်သည်” ဟု ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ရက်စွဲပါ ဆုံးဖြတ်ချက်မှတ်တမ်းတွင် ဖော်ပြထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်-မန္တလေး ရထားခရီးစဥ်များ ပြန်လည်ပေးဆွဲ

ယနေ့ ဧပြီ (၅)ရက်မှစတင်၍ ရန်ကုန် - နေပြည်တော် - မန္တ လေး အစုန်အဆန် ရထားခရီးစဥ်များ ပြန်လည်ပြေးဆွဲပေးပြီဖြစ်ကြောင်း ရန်ကုန်ဘူတာကြီး ရုံပိုင်ချုပ် ဦးသောင်းထို က်က ပေါ်ပြူလာနယူးစ်ကို ပြောသည်။ ပြီးခဲ့သည့် မတ်လ(၂၈)ရက်က မန္တလေးနှင့် စစ်ကိုင်းမြို့တို့၌ လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ရန်ကုန်- နေပြ ည်တော် - မန္တလေး ရထားခရီးစဥ်များကို ယာယီရပ်နားထားရာမှ ယနေ့ ပြန်လည်ပြေးဆွဲပေးခဲ့ခြင်းဖြစ် သည်။ ယနေ့ နံနက်ပိုင်းတွင် အမှတ်(၁၁)အဆန် အမြန်ရထားနှင့် အမှတ်(၇)အဆန် DEMU ရထားတို့...

နှစ်နိုင်ငံဆက်ဆံ‌ရေးမြှင်တင်ရန်သီရိလင်္ကာသို့ သုံးရက်ကြာခရီး မိုဒီသွားပြီ

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီသည် သုံးရက်ကြာ ခရီးစဥ်အတွက် သောကြာနေ့တွင် သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း သိရပြီး အထူးအားဖြင့် စွမ်းအင်၊ ကုန်သွယ်ရေး၊ ချိတ်ဆက်မှု၊ ဒစ်ဂျစ်တယ်အသွင်ကူး‌ ပြောင်းရေးနှင့် ကာကွယ်ရေး ကဏ္ဍများတွင် နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်နိုင်မည့် နည်းလမ်းများ ကို ရှာဖွေသွားမည်ဖြစ်သည်။           ဝန်ကြီးချုပ်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်သည့် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့အပြီးတွင် ကိုလံဘိုမြို့တော်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။            ဝန်ကြီးချုပ် မိုဒီသည် စနေနေ့တွင် သီရိလင်္ကာသမ္မတ Anura Kumara Dissanayake နှင့် အကြောင်းအရာများစွာကို ဆွေးနွေးသွားမည်ဖြစ်သည်။          ဆွေးနွေးပွဲအပြီးတွင်...

ငလျင်ဒဏ်သင့် မြန်မာပြည်အတွက် အမေရိကန်က ဒေါ်လာ ၇ သန်း ထပ်တိုးကူညီ

အင်အားကြီး ငလျင်ဒဏ်ကြောင့် ပျက်စီးထိခိုက်မှုများခဲ့သ ည့် မြန်မာနိုင်ငံအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးအတွက် အမေရိကန်နိုင်ငံက ကန်ဒေါ်လာ (၇) သန်း ထပ်တိုးကူညီပေးသွားမည်ဖြစ်ကြောင်းသိရသည်။ မတ်လ (၂၈) ရက်က ဖြစ်ပွားခဲ့သည့် အင်အားပြင်းငလျင်ဒဏ်ကြောင့် စစ်ကိုင်းနှင့် မန္တလေးအပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် အပျက်စီးများနှင့် လူ‌ေ-သဆုံးမှု ၊ ထိခိုက်ဒဏ်ရာရမှုမြင့်မားခဲ့ပြီး ပြန်လည်ထူထောင်ရေးကို အချိန်ယူ လုပ်ဆောင်ကြရမည့်အခြေအနေဖြစ်သည်။ ငလျင်လှုပ်ခတ်ပြီးစက စတင်ကာ နိုင်ငံတကာ အကူအညီများ ဝင်ရောက်ခဲ့သလို လက်ရှိအချိန်ထိလည်း ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အကူအညီများ ဆက်လက်ဝင်ရောက်နေဆဲဖြစ်သည်။ အမေရိကန်နိုင်ငံသည် မန္တလေးတိုင်းအပါအဝင် ငလျင်ဒဏ်သင့်ဒေသများမှ ငလျင်ဒဏ်ခံပြည်သူများအတွက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071