Tuesday, April 22, 2025

ချန်ပီယံ ရှမ်းယူနိုက်တက်အသင်း၏ ကစားသမား (၇)ဦး...

လက်ရှိ ချန်ပီယံ ရှမ်းယူနိုက်တက်အသင်း၏ ကစားသမား (၇)ဦးမှာ အသင်းနှင့် တရားဝင်လမ်းခွဲလိုက်ပြီဖြစ်သည်ဟု အသိပေးထားသည်။ အဆိုပါ ကစားသမား (၇)ဦးမှာ အောင်သက်ဦး၊ Biassi Ny...

လာမည့်ရာသီချိန်တွင် တရုတ်နိုင်ငံသို့မြန်မာ့ထောပတ်သီးတရားဝင်တင်ပို့နိုင်ရန် စီစဉ်နေ

လာမည့်ရာသီချိန်တွင် မြန်မာ့ထောပတ်သီးကို တရုတ်နိုင်ငံသို့ (G to G)စနစ်ဖြင့် တရားဝင်တင်ပို့နိုင်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းမှ သိရသည်။ ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသည့်...

ယခုတပတ်၌ရုရှားနှင့်ယူကရိန်းသဘောတူညီချက်ရဖို့မျှော်လင့်–ထရမ့်ပ်

အပစ်အခတ်ရပ်စဲမှုကို ချိုးဖောက်သည်ဟု နှစ်ဖက် အပြန်အလှန်စွပ်စွဲမှုများရှိခဲ့သော ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ အီစတာအပစ်အခတ်ရပ်စဲရေး သက်တမ်းကုန်ဆုံးသွားချိန်တွင် ရုရှားနှင့် ယူကရိန်းတို့အနေဖြင့် “ယခု သီတင်းပတ်တွင်...

ပြန်လည်ထူထောင်ရေးအတွက် စဉ်ဆက်မပြတ်ကူညီမှုမြန်မာလိုအပ်–အိုင်စီအာရ်စီ

ရန်ကုန်၊ဧပြီ ၁၉ မြန်မာ၌ အင်အား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် အရေးပေါ်ကယ်ဆယ်ရေးအပြင်ရေရှည်ပြန်လည်ထူထောင်ရေးအတွက် အိမ်ရာအဆောက်အအုံများ ပြန်လည်တည်ဆောက်ခြင်း၊ရေနှင့်လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိ‌‌ရေးနှင့် စီးပွားရေးပြန်လည်နာလန်ထရေးအတွက်...
HomeInternationalထရမ့်ပ်နှင့် ဇလန်းစကီးဆွေးနွေးမှု အချေအတင်ဖြစ်ကာ...

ထရမ့်ပ်နှင့် ဇလန်းစကီးဆွေးနွေးမှု အချေအတင်ဖြစ်ကာ အဆုံးသတ်

အမေရိကန်သမ္မတ၏ ရုရှားနှင့် သဘောတူညီချက်ရရန် ကြားဝင်ကြိုးပမ်းခြင်းဖြင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ဖြစ်ထွန်းနိုင်မည်လားဆိုသည့် ယူကရိန်းသမ္မတ၏ သံသယကြောင့် အမေရိကနှင့် ယူကရိန်းအကြား အရေးပါသော ဓါတ်သတ္ထု့ဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးရေး စီစဉ်ထားသော ဒေါ်နယ်ထရမ့်ပ်နှင့် ဇလန်းစကီးတို့၏ တွေ့ဆုံဆွေးနွေးမှုသည် ရုတ်ချည်း အပြန်အလှန် ပြစ်တင်ပြောဆိုခြင်းများဖြစ်ပေါ်ခဲ့ကာ အစီအစဉ်ပျက်ပြယ်သွားခဲ့သည်။

လူသိရှင်ကြား ဆွေးနွေးပွဲတွင် စကားများခဲ့ပြီးနောက် ဇလန်းစကီးသည် စီစဉ်ထားသော လက်မှတ်ရေးထိုးမှုနှင့် သတင်းစာရှင်းလင်းပွဲကို ဖျက်သိမ်းကာ အိမ်ဖြူတော်မှ ထွက်သွားခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် သဘောတူညီချက်တစ်ခုရရန် ကြားဝင်ဆောင်ရွက်ပေးနေသော မစ္စတာထရမ့်ပ်က အမေရိက၏ ထောက်ပံ့မှုအတွက် တုန့်ပြန်ပေးဆပ်ရမည့် အချက်တစ်ခုဖြစ်သော သတ္ထု့တွင်းထွက်ဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်မထိုးဘဲ ဇလန်းစကီး ထွက်သွားခဲ့ခြင်းဟု အမေရိကန်အရာရှိများက ပြောဆိုသည်။

“အမေရိကန်ပြည်ထောင်စုရဲ့ အလေးအမြတ်ထားရာ ဘဲဥပုံရုံးခန်းကို သူ က မလေးမစားလုပ်ခဲ့တယ်။ ငြိမ်းချမ်းရေးအတွက် အသင့်ဖြစ်ပြီဆိုမှပဲ သူ ပြန်လာလို့ ရပါမယ်” ဟု ဇလန်းစကီး ထွက်ခွာသွားပြီး မကြာမီတွင် ထရမ့်ပ်က ဆိုရှယ်မီဒီယာပေါ် ပို့စ်တင် ပြောဆိုခဲ့သည်။

စီစဉ်ထားသည့် သဘောတူညီချက်သည် ရုရှား၏ ရန်လိုမှုကို ဟန့်တားနိုင်လောက်သည့် အနေအထားရှိသည်ဟု သူ မယုံကြည်ကြောင်း ယူကရိန်းသမ္မတက ပြောဆိုကာ ထရမ့်ပ်နှင့် ဒုတိယ သမ္မတ ဂျေဒီ ဗန့်စ်တို့ကို ဒေါသထွက်ခဲ့သည်။

“ပူတင်က ဘယ်တော့မှ ရပ်မှာ မဟုတ်ဘူး၊ဒီထက်ပို ဆက်လုပ်သွားမှာ” ဟု သူက ပြောဆိုခဲ့ပြီး ရုရှားခေါင်းဆောင်သည် ယူကရိန်းနိုင်ငံသားများကို မုန်းတီးနေကြောင်းနှင့် တိုင်းပြည်ကို ဖျက်ဆီးလိုနေကြောင်း ဆိုခဲ့သည်။ ငါတို့ လုပ်နိုင်ပါတယ်၊ “ဒါပေမဲ့ ဒီဟာလောက်နဲ့တော့ မရသေးဘူး” ဟု သူက သဘောတူညီချက်နှင့်ပတ်သက်၍ ဆက်လက် ပြောကြားခဲ့သည်။

မစ္စတာ ဇလန်းစကီးသည် သူ၏ သဘောထားရပ်တည်ချက်ကို ရှင်းပြရန် ကြိုးစားရင်း မစ္စတာ ထရမ့်ပ်နှင့် မစ္စတာ ဗန့်စ်တို့နှင့် အငြင်းအခုံများဖြစ်ခဲ့ကာ ဘဲဥပုံရုံးခန်းတွင် သူ၏ ရှင်းလင်းတင်ပြချက်များသည် အရိုအသေကင်းမဲ့ကာ သုံးနှစ်ကြာစစ်ပွဲ အဆုံးသတ်ရေးကို အဟန့်အတားဖြစ်စေခဲ့သည်ဟု ဆိုသည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ချန်ပီယံ ရှမ်းယူနိုက်တက်အသင်း၏ ကစားသမား (၇)ဦး အသင်းဖြင့် တရားဝင် လမ်းခွဲ

လက်ရှိ ချန်ပီယံ ရှမ်းယူနိုက်တက်အသင်း၏ ကစားသမား (၇)ဦးမှာ အသင်းနှင့် တရားဝင်လမ်းခွဲလိုက်ပြီဖြစ်သည်ဟု အသိပေးထားသည်။ အဆိုပါ ကစားသမား (၇)ဦးမှာ အောင်သက်ဦး၊ Biassi Ny akwe William ဈာနေယျသူ၊ ထက်ဖြိုးဝေ၊ Bakayoko M oussa Paul၊ ကျော်ကိုကို၊ Efrain Rintaro Da Silva တို့ဖြစ်ကြောင်း ဆိုသည်။ ရှမ်းယူနိုက်တက်အသင်းကလည်း လမ်းခွဲခဲ့သည့်ကစားသမားများအား တန်ဖိုးထားကျေးဇူးတင်ကြောင်းနှင့် ၎င်းတို့အပါအဝင် ကစားသမားများ၏ ချွေးစက်များဖြင့် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် "ကလပ်အသင်း အသစ်တွေမှာ စိန်ခေါ်မှု...

လာမည့်ရာသီချိန်တွင် တရုတ်နိုင်ငံသို့မြန်မာ့ထောပတ်သီးတရားဝင်တင်ပို့နိုင်ရန် စီစဉ်နေ

လာမည့်ရာသီချိန်တွင် မြန်မာ့ထောပတ်သီးကို တရုတ်နိုင်ငံသို့ (G to G)စနစ်ဖြင့် တရားဝင်တင်ပို့နိုင်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းမှ သိရသည်။ ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသည့် မြန်မာ့ထောပတ်သီးကို တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့နိုင်ရန် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကတည်းက ဆောင်ရွက်နေခြင်းဖြစ်ပြီး မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ (၂၀၂၂) စီမံကိန်းအရ G to G စနစ်ဖြင့် တင်ပို့နိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ်တွင် တရုတ်နိုင်ငံသို့ ထောပတ်သီး တရားဝင်တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သော်လည်း တရုတ်နိုင်ငံ၏...

ယခုတပတ်၌ရုရှားနှင့်ယူကရိန်းသဘောတူညီချက်ရဖို့မျှော်လင့်–ထရမ့်ပ်

အပစ်အခတ်ရပ်စဲမှုကို ချိုးဖောက်သည်ဟု နှစ်ဖက် အပြန်အလှန်စွပ်စွဲမှုများရှိခဲ့သော ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ အီစတာအပစ်အခတ်ရပ်စဲရေး သက်တမ်းကုန်ဆုံးသွားချိန်တွင် ရုရှားနှင့် ယူကရိန်းတို့အနေဖြင့် “ယခု သီတင်းပတ်တွင် သဘောတူညီချက်တစ်ခု ရရှိလိမ့်မည်” ဟု သူမျှော်လင့်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောကြားခဲ့သည်။ ရုရှားနှင့် ယူကရိန်းတို့သည် ယခုသီတင်းပတ်တွင် သဘောတူညီချက်ရလိမ့်မည်ဟု မျှော်လင့်ကြောင်းနှင့် ယင်းနောက်တွင် အမေရိကန်ပြည်ထောင်စုသည် အဆိုပါနှစ်နိုင်ငံနှင့်လုပ်ငန်းကြီးစတင်သွားမှာဖြစ်ကြောင်း မစ္စတာထရမ့်ပ်ကသူ၏ ထရုသ် ဆိုရှယ်ပလက်ဖောင်းတွင် ရေးသားခဲ့သည်။ ထိုအတောအတွင်း ရုရှားအနေဖြင့် အရပ်ဖက်အခြေခံအဆောက်အဦများကို တာဝေးပစ်ဒရုန်းများ နှင့် ဒုံးကျည်များ ကို အသုံးပြု၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071