Saturday, April 26, 2025

ပွဲစားခ ဘတ် ၈၅၀၀၀ ပေးပြီး...

ကန်ချနဘူရီ ပြည်နယ် အဝေးပြေးကားလမ်း ရဲတပ်ဖွဲ့သည် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ တင်ဆောင်လာသည့် ပစ်ကပ်ကားကို နောက်မှလိုက်ရာပစ်ကပ်ယာဉ်မောင်းက ဒေသခံကားကို ဝင်တို-က်ပြီးနောက် မြစ်ထဲထိုးကျသွားခဲ့သည်။ယာဉ်မောင်းက ယာဉ်ပေါ်မှ...

မုံရွာမြို့ ဓမ္မစကူလ်းဖောင်ဒေးရှင်း(ဗဟို)ဥက္ကဋ္ဌ ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား...

ပျံလွန်တော်မူသွားခဲ့သည့် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ ရန်ကင်းပရိယတ္တိစာသင်တိုက်နှင့် ရွှေတောင်ဦး တိပိဋကဓမ္မပါလ မဟာဝိဟာရကျောင်းတိုက်ကြီးတို့၏ ပဓာနနာယက၊ ဓမ္မစကူလ်းဖောင်ဒေးရှင်း(ဗဟို) ဥက္ကဋ္ဌ ဘဒ္ဒန္တ ပညာဝံသ သက်တော်(၇၂)နှစ်၊...

နန်နင်းမြို့ရှိ ဆေးရုံမှ ဒုတိယအကြိမ် လှူဒါန်းသော...

မြန်မာ့ငလျင်ဘေးသင့်ပြည်သူများအတွက် တရုတ်နိုင်ငံ၊ နန်နင်းမြို့ရှိ ဆေးရုံမှ ဒုတိယအကြိမ် လှူဒါန်းသော ယွမ် (၂၁၃, ၁၉၈) တန်ဖိုးရှိ ဆေးပစ္စည်းများကို နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်က...

အပူရှိန်လွန်ကဲမှုအန္တရာယ်နှင့်ပတ်သက်၍ ငါးမွေးမြူသူများကိုအကြံပြုထား

ရန်ကုန်၊ ဧပြီ ၂၅ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ ငါးလုပ်ငန်းဦးစီးဌာနသည် ငါးမွေးမြူသူများကို ငါးများကို အပူဒဏ်မှကာကွယ်ရန် အကြံပြုထားကြောင်း နိုင်ငံပိုင်နေ့စဉ်ထုတ် သည်ဂလိုဘယ်လ်နယူးလိုက်အော့ဖ်မြန်မာ သတင်းစာက...
HomeInternationalTikTok က ထိုင်းတွင်...

TikTok က ထိုင်းတွင် ဘတ် ၃၀၀ ဘီလျံဖိုး ရင်းနှီးမြှုပ်နှံသွားမည်

TikTok သည် လာမည့် ငါးနှစ်အတွင်း ထိုင်းနိုင်ငံတွင် ဘတ် ၃၀၀ ဘီလျံရင်းနှီးမြှုပ်နှံသွားမည့် အစီအစဉ်ကို ထုတ်ပြန်ကြေညာခဲ့ရာ ထိုင်းနိုင်ငံကို အာရှ၏ နည်းပညာဗဟိုချက်ဖြစ်လာစေရန် ကူညီကာတွန်းအားပေးသွားမည်ဖြစ်သည်။

TikTok ၏ ပြည်သူ့ရေးရာမူဝါဒ ဒုတိယဥက္ကဌ Helena Lersch နှင့် ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာတို့ သောကြာနေ့က ဘန်ကောက်တွင် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ယင်းကဲ့သို့ ကတိကဝတ်ပြုခဲ့ခြင်းဖြစ်သည်ဟု အစိုးရပြောရေးဆိုခွင့်ရှိသူ Jirayu Houngsub က ပြောကားခဲ့သည်။

ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုနှင့် လုပ်ငန်းဆောင်ရွက်မှုများအတွက် ထိုင်းအစိုးရ၏ ကူညီပံ့ပိုးမှုများကို ကျေးဇူးတင်ရှိကြောင်း မစ္စ Lersch က ပြောခဲ့သည်ဟုလည်း သူက ပြောသည်။

ထို့အပြင် ရင်းနှီးမြှုပ်နှံမှုကို အဆင်ပြေချောမွေ့စေသည့် မူဝါဒများကို ချမှတ်ဖော်ဆောင်ပေးသည့်အတွက် ဝန်ကြီးချုပ်ကို ကျေးဇူးတင်ကြောင်းနှင့် ထိုင်းပြည်သူများကို ဒစ်ဂျစ်တယ်ခေတ်သို့ ကူညီ ပို့ဆောင်ရာတွင် အစိုးရ၊ သက်ဆိုင်သူအားလုံးနှင့် ပူးပေါင်ဆောင်ရွက်သွားရန် TikTok ၏ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုကြောင်းလည်း သူက ပြောသည်။

တရုတ်လူမျိုးပိုင် ကုမ္ပဏီသည် လာမည့်ငါးနှစ်အတွင်း ထိုင်းနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၈ ဒဿမ ၈ ဘီလျံ( ထိုင်းဘတ် ၃၀၀ ဘီလျံ) ကို ရင်းနှီးမြှုပ်နှံသွားမည့် အစီအစဉ်ကို ကြေညာခဲ့ပြီး နိုင်ငံ၏ နည်းပညာအခြေခံအဆောက်အဦကို ခိုင်မာစေရန် အဓိက ထား လုပ်ဆောင်သွားမည်ဟုလည်းသူက ပြောကြားခဲ့သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပွဲစားခ ဘတ် ၈၅၀၀၀ ပေးပြီး တရားမဝင် နည်းလမ်းဖြင့်ထိုင်းသို့ ဝင်လာသောမြန်မာ ၁၉ ယောက် ဖမ်းဆီးခံရ

ကန်ချနဘူရီ ပြည်နယ် အဝေးပြေးကားလမ်း ရဲတပ်ဖွဲ့သည် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ တင်ဆောင်လာသည့် ပစ်ကပ်ကားကို နောက်မှလိုက်ရာပစ်ကပ်ယာဉ်မောင်းက ဒေသခံကားကို ဝင်တို-က်ပြီးနောက် မြစ်ထဲထိုးကျသွားခဲ့သည်။ယာဉ်မောင်းက ယာဉ်ပေါ်မှ ခုန်ချ၍ဝိုင်းယိုင်မြစ်ကို ဖြတ်ကူး ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ယာဉ်ပေါ်ပါလာသည့်အမျိုးသား၊ အမျိုးသမီးနှင့် ကလေ-းငယ်များ အပါအဝင် မြန်မာနိုင်ငံသား ၁၉ ဦးကိုတာဝန်ရှိသူများက မြို့မရဲစခန်းသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။ မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ရန်ကုန်မှဖြစ်ပြီး ဆန်ခလာဘူရီခရိုင် နယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာခြင်းဖြစ်ပြီး မှောင်ခိုပွဲစားများအား တစ်ဦးလျှင် ဘတ်ငွေ ၈၅,၀၀၀ ပေးရကြောင်း သိရသည်။ အရွယ်ရောက်ပြီးသူအားလုံးကို ထိုင်းနိုင်ငံ၏ ခွင့်ပြုချက်မရှိဘဲ...

မုံရွာမြို့ ဓမ္မစကူလ်းဖောင်ဒေးရှင်း(ဗဟို)ဥက္ကဋ္ဌ ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ဗဟိုစံ ကျောင်းတော်သို့ပင့်ဆောင်

ပျံလွန်တော်မူသွားခဲ့သည့် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ ရန်ကင်းပရိယတ္တိစာသင်တိုက်နှင့် ရွှေတောင်ဦး တိပိဋကဓမ္မပါလ မဟာဝိဟာရကျောင်းတိုက်ကြီးတို့၏ ပဓာနနာယက၊ ဓမ္မစကူလ်းဖောင်ဒေးရှင်း(ဗဟို) ဥက္ကဋ္ဌ ဘဒ္ဒန္တ ပညာဝံသ သက်တော်(၇၂)နှစ်၊ ဝါတော်(၅၂)ဝါ၏ ရုပ်ကလာပ်တော်အား အန္တိမအဂွိစျာပနသာဓုကီဠနသဘင်အဖြစ် ဗဟိုစံကျောင်းတော်သို့ ပင့်ဆောင်ပူဇော်ခြင်းအခမ်းအနားကို ယနေ့ ဧပြီ ၂၅ ရက်နံနက်ပိုင်းက ကျင်းပခဲ့သည်။ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့်ဇနီး၊ တာဝန်ရှိသူများ၊ အလှူရှင်များတက်ရောက်ခဲ့ကြပြီး မုံရွာမြို့၊ မဟာလယ်တီကျောင်းတိုက်၊ နိုင်ငံတော် သံဃနာယကအဖွဲ့ အဖွဲ့ဝင်၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တကေသဝ ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာ တော်များအား...

နန်နင်းမြို့ရှိ ဆေးရုံမှ ဒုတိယအကြိမ် လှူဒါန်းသော ဆေးပစ္စည်းများကို မြန်မာကောင်စစ်ဝန်ချုပ်က လက်ခံခဲ့ပြီး ငလျင်ဘေးသင့်ပြည်သူများထံ ဒုတိယအကြိမ် ဆက်လက်ပေးပို့

မြန်မာ့ငလျင်ဘေးသင့်ပြည်သူများအတွက် တရုတ်နိုင်ငံ၊ နန်နင်းမြို့ရှိ ဆေးရုံမှ ဒုတိယအကြိမ် လှူဒါန်းသော ယွမ် (၂၁၃, ၁၉၈) တန်ဖိုးရှိ ဆေးပစ္စည်းများကို နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်က လက်ခံခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ငလျင်ဘေးသင့်ဒေသများသို့ ဆက်လက်ပေးပို့ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။ မတ်လ (၂၈)ရက်က မြန်မာနိုင်ငံ၌ အင်အား ၇.၇ အဆင့်ရှိ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ရာ ငလျင်ဘေးသင့်ပြည်သူများအတွက် The first Affiliated Hospital of Guangxi Medical University မှ ဒုတိယအကြိမ် လှူဒါန်းခဲ့ခြင်းဖြစ်ရာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071