Saturday, March 15, 2025

ဘရာဇီးလ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှု တိုးမြှင့်နိုင်ရေး...

ဘရာဇီးလ် နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ကုန်သွယ်မှု တိုးမြှင့်နိုင်ရေး ယခုနှစ်တွင် ဥပဒေပြုရေး အဆိုပြုချက်များ ရေးဆွဲသွားမည်ဖြစ်ကြောင်း ဘရာဇီးလ်-အာဆီယံ လွှတ်တော်အဖွဲ့ စတင်မိတ်ဆက်သည့်...

ချန်ပီယံ ရှမ်းယူနိုက်တက်နည်းပြချုပ်ဖြစ်သူ ဦးအောင်နိုင်အား YRFA...

မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းနည်းပြချုပ်ဖြစ်သူ ဦးအောင်နိုင်အား ရန်ကုန်တိုင်းဘောလုံးအဖွဲ့ချုပ်၊ YRFAအသင်းအတွက် (၂) နှစ်စာချုပ်ဖြင့်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး ဘောလုံးအဖွဲ့ချုပ်သည် MNL-2 Promotion...

အရှေ့အာရှ အဖွဲ့ဝင်နိုင်ငံများအကြား စေ့စပ်ညှိနှိုင်းမှုတို့မှ တဆင့်...

အရှေ့အာရှထိပ်သီး သံအမတ်ကြီးများ၏ ၁/၂၀၂၅ အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများအကြားစေ့စပ်ညှိနှိုင်းမှု၊ သံခင်းတမန်ခင်းနှင့် စိတ်စေတနာမှန်ထားရှိမှုတို့မှ တဆင့် ယုံကြည်မှု မြှင့်တင်ရေးအပေါ် အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်က...

ဆောက်လုပ်ရေးလောက ဖွံ့ဖြိုးတိုးတက်စေရေး လက်တွဲ ပူးပေါင်း...

ဆောက်လုပ်ရေးလောက ဖွံ့ဖြိုးတိုးတက်စေရေး လက်တွဲပူးပေါင်း ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်(MCEF)မှ ဖိတ်ခေါ်ထားကြောင်း သိရသည်။ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ဗဟိုအလုပ်...
HomeInternationalယူကရိန်း အကျပ်အတည်းဆွေးနွေးရန် အမေရိကန်...

ယူကရိန်း အကျပ်အတည်းဆွေးနွေးရန် အမေရိကန် စေ့စပ်ညှိနှိုင်းသူများ မော်စကိုသို့ ရောက်ရှိ

မော်စကို၊ မတ် ၁၃

ယူကရိန်းအကျပ်အတည်းနှင့်ပတ်သက်၍ ဆွေးနွေးရန် အမေရိကန်တာဝန်ရှိသူများသည် မော်စကိုမြို့သို့ ရောက်ရှိလာခဲ့ကြောင်း ရုရှားမီဒီယာများက ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။

အဆိုပါအဖွဲ့ကို အမေရိကန်သမ္မတ ဒေါ်လ်နယ်လ် ထရမ့် ၏ အထူးကိုယ်စားလှယ် စတိဗ် ဝတ်ကော့ဖ် က ဦးဆောင်ခဲ့ကြောင်း TASS သတင်းဌာနက ဖော်ပြခဲ့သည်။

အမေရိကန် စေ့စပ်ညှိနှိုင်းရေးမှူးများနှင့် ဆက်သွယ်ရန် စီစဉ်ထားကြောင်း ခရင်မ္မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထွီ ပက်စကော့ဖ် က ကြာသပတေးနေ့ အစောပိုင်းတွင်ပြောကြားခဲ့သည်။

ရုရှားသမ္မတလက်ထောက် ယူရီ အူရှာခေါဗ် နှင့် ထရမ့် ၏ နိုင်ငံတော်လုံခြုံရေးအကြံပေး မိုက် ဝေါဇ့် တို့သည် ဗုဒ္ဓဟူးနေ့တွင် ဖုန်းဖြင့်စကားစမြည်ပြောဆိုခဲ့ပြီး ပြောဆိုစဉ်အတွင်း “အချို့သောသတင်းအချက်အလက်များ” ကို ရုရှားသို့ ပေးအပ်ခဲ့ကြောင်း ပက်စကော့ဖ် မှပြောကြားခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ကြာသပတေးနေ့ညနေတွင် နိုင်ငံတကာဖုန်းခေါ်ဆိုမှု ပြုလုပ်နိုင်ပြီး အခြားအဆက်အသွယ်များရှိနိုင်ကြောင်းကိုလည်း မငြင်းပယ်ထားပေ။

ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာ က မော်စကိုသည် ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါမြို့ တွင် မကြာသေးမီကပြုလုပ်ခဲ့သော အမေရိကန်-ယူကရိန်း အစည်းအဝေးကို အနီးကပ် စောင့်ကြည့်နေပြီး ၎င်းတို့၏ ပူးတွဲထုတ်ပြန်ချက်ကို ပြန်လည်သုံးသပ်ခဲ့ကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ရုရှားသည် ကြာသပတေးနေ့တွင် ဖြစ်နိုင်ချေရှိသော အဆိုပြုချက်များကို အမေရိကန်နှင့် ဆွေးနွေးရန် အသင့်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဂျက်ဒါ မြို့မှာ အမေရိကန် ကိုယ်စားလှယ်အဖွဲ့နဲ့ ဆွေးနွေးပြီးနောက် ယူကရိန်းက “ချက်ခြင်း ကြားဖြတ် ယာယီရက် ၃၀ အပစ်အခတ်ရပ်စဲရေး” အတွက် အမေရိကန်ရဲ့ အဆိုပြုချက်ကို လက်ခံဖို့ အဆင်သင့်ဖြစ်နေကြောင်း အင်္ဂါနေ့က အချက်ပြလိုက်ကြောင်း သူတို့၏ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါသည်။

အပစ်အခတ်ရပ်စဲရေးကို အပြန်အလှန်သဘောတူညီချက်ဖြင့် သက်တမ်းထပ်တိုးနိုင်သည်ဟုလည်း ကြေညာချက်တွင်ဖော်ပြထားပြီး “ရုရှားနှင့်အပြန်အလှန်ဆက်ဆံရေးသည် ငြိမ်းချမ်းရေးရရှိရန် အဓိကသော့ချက်ဖြစ်သည်” ဟုလည်း ရုရှားနိုင်ငံသို့ ပြောဆိုသွားမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

Ref: ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘရာဇီးလ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှု တိုးမြှင့်နိုင်ရေး ယခုနှစ်တွင် ဥပဒေပြုရေး အဆိုပြုချက်များ ရေးဆွဲသွားမည်

ဘရာဇီးလ် နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ကုန်သွယ်မှု တိုးမြှင့်နိုင်ရေး ယခုနှစ်တွင် ဥပဒေပြုရေး အဆိုပြုချက်များ ရေးဆွဲသွားမည်ဖြစ်ကြောင်း ဘရာဇီးလ်-အာဆီယံ လွှတ်တော်အဖွဲ့ စတင်မိတ်ဆက်သည့် အခမ်းအနား၌ ဘရာဇီးလ်-အာဆီယံ လွှတ်တော်အဖွဲ့ဥက္ကဋ္ဌ၊ အောက်လွှတ်တော် အမတ် Waldemar Oliveira ၏ ပြောကြားချက်အရ သိရသည်။ ဘရာဇီးလ်-အာဆီယံ လွှတ်တော်အဖွဲ့ စတင်မိတ်ဆက်သည့် အခမ်းအနားအား ဘရာဇီးလ်အမျိုးသားလွှတ်တော်အဆောက်အအုံ၌ မတ်လ (၁၃) ရက်က ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သ ည်။ အဆိုပါ အခမ်းအနားသို့ ဘရာဇီးလ်နိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးအောင်ကျော်ဇံက ဘရာဇီးလျားမြို့ အခြေစိုက်...

ချန်ပီယံ ရှမ်းယူနိုက်တက်နည်းပြချုပ်ဖြစ်သူ ဦးအောင်နိုင်အား YRFA အသင်း (၂)နှစ်စာချုပ်ဖြင့် ခေါ်ယူ

မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းနည်းပြချုပ်ဖြစ်သူ ဦးအောင်နိုင်အား ရန်ကုန်တိုင်းဘောလုံးအဖွဲ့ချုပ်၊ YRFAအသင်းအတွက် (၂) နှစ်စာချုပ်ဖြင့်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး ဘောလုံးအဖွဲ့ချုပ်သည် MNL-2 Promotion Amateur Club Tournament ပြိုင်ပွဲဝင်မည့် YRFA အသင်း နှင့် ပြည်နယ်နှင့်တိုင်းအဆင့်ပြိုင်ပွဲဝင်မည့် ရန်ကုန်တိုင်း ယူ-၁၈ အသင်းအား နည်းစနစ်များ ပံ့ပိုးပေးနိုင်ရန်အတွက် ခေါ်ယူခြင်းဖြစ်ကြောင်း အသိပေးထားသည်။ ဦးအောင်နိုင်သည် ၂၀၁၉ ခုနှစ်တွင် ရှမ်းယူနိုက်တက်အသင်းကို နည်းပြချုပ်အဖြစ် စတင်ကိုင်တွယ်ခဲ့ပြီး တစ်ရာသီလုံး ရှုံးပွဲမရှိစံချိန်နှင့်အတူ ချန်ပီယံဆုကို ဆွတ်ခူးပေးနိုင်ခဲ့သည်။ ထို့နောက် ၂၀၂၀ ပြည့်နှစ်တွင်လည်း...

အရှေ့အာရှ အဖွဲ့ဝင်နိုင်ငံများအကြား စေ့စပ်ညှိနှိုင်းမှုတို့မှ တဆင့် ယုံကြည်မှုမြှင့်တင်နိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေး

အရှေ့အာရှထိပ်သီး သံအမတ်ကြီးများ၏ ၁/၂၀၂၅ အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများအကြားစေ့စပ်ညှိနှိုင်းမှု၊ သံခင်းတမန်ခင်းနှင့် စိတ်စေတနာမှန်ထားရှိမှုတို့မှ တဆင့် ယုံကြည်မှု မြှင့်တင်ရေးအပေါ် အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်က အလေးအနက်ထား ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ဂျကာတာမြို့ အခြေစိုက် အရှေ့အာရှထိပ်သီးအစည်း အဝေးဆိုင်ရာ သံအမတ်ကြီးများ၏ ၁/၂၀၂၅ အစည်းအဝေးကို အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ မတ်လ (၁၃)ရက်က ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးအောင်မျိုးမြင့်မှ တက်ရောက်ခဲ့ပြီး အစည်းအဝေးပြီးနောက် အာဆီယံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီးနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ အစည်းအဝေး၌...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071