Saturday, March 15, 2025

စစ်ကိုင်းမြို့ရှိ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးပူးပေါင်းစစ်ဆေးရေးဂိတ်များကို တိုင်းဝန်ကြီးချုပ်စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ပူးပေါင်းစစ်ဆေးရေးဂိတ်များကိုမတ်လ (၁၄) ရက်၊ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်အဖွဲ့က လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်...

ဘရာဇီးလ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှု တိုးမြှင့်နိုင်ရေး...

ဘရာဇီးလ် နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ကုန်သွယ်မှု တိုးမြှင့်နိုင်ရေး ယခုနှစ်တွင် ဥပဒေပြုရေး အဆိုပြုချက်များ ရေးဆွဲသွားမည်ဖြစ်ကြောင်း ဘရာဇီးလ်-အာဆီယံ လွှတ်တော်အဖွဲ့ စတင်မိတ်ဆက်သည့်...

ချန်ပီယံ ရှမ်းယူနိုက်တက်နည်းပြချုပ်ဖြစ်သူ ဦးအောင်နိုင်အား YRFA...

မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းနည်းပြချုပ်ဖြစ်သူ ဦးအောင်နိုင်အား ရန်ကုန်တိုင်းဘောလုံးအဖွဲ့ချုပ်၊ YRFAအသင်းအတွက် (၂) နှစ်စာချုပ်ဖြင့်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး ဘောလုံးအဖွဲ့ချုပ်သည် MNL-2 Promotion...

အရှေ့အာရှ အဖွဲ့ဝင်နိုင်ငံများအကြား စေ့စပ်ညှိနှိုင်းမှုတို့မှ တဆင့်...

အရှေ့အာရှထိပ်သီး သံအမတ်ကြီးများ၏ ၁/၂၀၂၅ အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများအကြားစေ့စပ်ညှိနှိုင်းမှု၊ သံခင်းတမန်ခင်းနှင့် စိတ်စေတနာမှန်ထားရှိမှုတို့မှ တဆင့် ယုံကြည်မှု မြှင့်တင်ရေးအပေါ် အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်က...
HomeNewsLocal Newsတန့်ယန်းမြို့နယ်တွင် Online လိ-မ်လည်မှုနှင့်...

တန့်ယန်းမြို့နယ်တွင် Online လိ-မ်လည်မှုနှင့် လေ-ာင်းကစားမှုဆောင်ရွက်နေသည့် ပြည်ပနိုင်ငံ သား(၁၅၀)ဦးကျော်အား ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်အတွင်း တရားမဝင် Online လိ-မ်လည်မှုနှင့် လေ-ာင်း ကစားမှုဆောင်ရွက်နေသည့် ပြည်ပနိုင်ငံသား (၁၅၀)ဦးကျော်ကို မတ် ၁၂ ရက်ကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လုံခြုံရေးအဖွဲ့ဝင်များက တန့်ယန်းမြို့နယ်၊ နားဟုတ်ကျေးရွာအုပ်စုအတွင်း၌ တရားမဝင် Online လိ-မ်လည်မှုနှင့် လေ-ာင်းကစားမှုများပြုလုပ်နေကြောင်း သတင်းအရ မတ် ၁၂ ရက်တွင်ဝင်ရောက်ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာမှ တရားမဝင် Online လိ-မ်လည်မှုနှင့် လေ-ာင်းကစားမှုများပြုလုပ်နေသည့် ပြည်ပနိုင်ငံသား(၁၆၅)ဦးနှင့် မြန်မာနိုင်ငံသား(၁) ဦးတို့အား အလျား(၂၀၀)ပေ၊ အနံ(၆၀)ပေရှိ သွပ် မိုးခန်းမ(၁)လုံး၊ (၇)ခန်းတွဲ ယာယီလူနေအဆောက်အဦ(၅)လုံး၊ လုပ်ငန်းသုံးပရိဘောဂပစ္စည်းများ၊ StarLink (၂)စုံ၊ ဖုန်းမျိုးစုံ(၃၀)လုံး၊ All in One ကွန်ပျူတာ(၅)လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ တရားစွဲဆိုအရေးယူနိုင်ရန်နှင့် ပြည်ပနိုင်ငံသားများအား လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် မတ် ၁၃ ရက်က ကရင်ပြည်နယ်၊ မြဝတီမြို့-မင်းလက်ပံနှင့် KK Park နယ်မြေများသို့ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့်ဝင်ရောက်နေသည့် ဗီယက်နမ်နိုင်ငံသား(၂၄၄)ဦးနှင့် အိန္ဒိယနိုင်ငံသား(၂၆)ဦး၊ စုစုပေါင်းပြည်ပနိုင်ငံ သား(၂၇၀)ဦးကို ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့၍ သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများကဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အတူ မြဝတီမြို့-မင်းလက်ပံနှင့် KK Park နယ်မြေများသို့ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့်ဝင်ရောက်နေထိုင်၍ Online လိ-မ်လည်မှုနှင့် လေ-ာင်းကစားမှုများတွင် ဝင်ရောက်လုပ်ကိုင်နေရာမှ ဖော်ထုတ်ဖမ်းဆီးရမိခဲ့သူများအနက် တရုတ်နိုင်ငံသား(၄၅၀)ဦးကို မတ် ၁၃ ရက် မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်နှင်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ မတ် ၁၃ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား(၆၀၁၅)ဦးကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက် (၃၂၁၃)ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား(၂၈၀၂)ဦးကိုလည်း သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန်အသင့်ဖြစ်နေကာ ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စစ်ကိုင်းမြို့ရှိ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးပူးပေါင်းစစ်ဆေးရေးဂိတ်များကို တိုင်းဝန်ကြီးချုပ်စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ပူးပေါင်းစစ်ဆေးရေးဂိတ်များကိုမတ်လ (၁၄) ရက်၊ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်အဖွဲ့က လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် စစ်ကိုင်းမြို့၊ ရွှေမင်းဝံရိပ်သာရှိ ဧည့်ခန်းမတွင် စစ်ကိုင်းမြို့၊ တရားမဝင် ကုန်သွယ်မှုတိုက်ချက်ရေး ပူးပေါင်းစစ်ဆေးရေးအဖွဲ့ ဧရာဝတီတံတား(ရတနာပုံ)နှင့် ကံတလူဂိတ်တို့ရှိ လုံခြုံရေးအဖွဲ့များနှင့် တွေ့ဆုံခဲ့သည်။ "ခရီးသွားပြည်သူတွေ လုံခြုံ အေးချမ်းစွာနဲ့ ခရီးသွားလာနိုင်ရေး၊ ကုန်စည်စည်းဆင်းမှု...

ဘရာဇီးလ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှု တိုးမြှင့်နိုင်ရေး ယခုနှစ်တွင် ဥပဒေပြုရေး အဆိုပြုချက်များ ရေးဆွဲသွားမည်

ဘရာဇီးလ် နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ကုန်သွယ်မှု တိုးမြှင့်နိုင်ရေး ယခုနှစ်တွင် ဥပဒေပြုရေး အဆိုပြုချက်များ ရေးဆွဲသွားမည်ဖြစ်ကြောင်း ဘရာဇီးလ်-အာဆီယံ လွှတ်တော်အဖွဲ့ စတင်မိတ်ဆက်သည့် အခမ်းအနား၌ ဘရာဇီးလ်-အာဆီယံ လွှတ်တော်အဖွဲ့ဥက္ကဋ္ဌ၊ အောက်လွှတ်တော် အမတ် Waldemar Oliveira ၏ ပြောကြားချက်အရ သိရသည်။ ဘရာဇီးလ်-အာဆီယံ လွှတ်တော်အဖွဲ့ စတင်မိတ်ဆက်သည့် အခမ်းအနားအား ဘရာဇီးလ်အမျိုးသားလွှတ်တော်အဆောက်အအုံ၌ မတ်လ (၁၃) ရက်က ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သ ည်။ အဆိုပါ အခမ်းအနားသို့ ဘရာဇီးလ်နိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးအောင်ကျော်ဇံက ဘရာဇီးလျားမြို့ အခြေစိုက်...

ချန်ပီယံ ရှမ်းယူနိုက်တက်နည်းပြချုပ်ဖြစ်သူ ဦးအောင်နိုင်အား YRFA အသင်း (၂)နှစ်စာချုပ်ဖြင့် ခေါ်ယူ

မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းနည်းပြချုပ်ဖြစ်သူ ဦးအောင်နိုင်အား ရန်ကုန်တိုင်းဘောလုံးအဖွဲ့ချုပ်၊ YRFAအသင်းအတွက် (၂) နှစ်စာချုပ်ဖြင့်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး ဘောလုံးအဖွဲ့ချုပ်သည် MNL-2 Promotion Amateur Club Tournament ပြိုင်ပွဲဝင်မည့် YRFA အသင်း နှင့် ပြည်နယ်နှင့်တိုင်းအဆင့်ပြိုင်ပွဲဝင်မည့် ရန်ကုန်တိုင်း ယူ-၁၈ အသင်းအား နည်းစနစ်များ ပံ့ပိုးပေးနိုင်ရန်အတွက် ခေါ်ယူခြင်းဖြစ်ကြောင်း အသိပေးထားသည်။ ဦးအောင်နိုင်သည် ၂၀၁၉ ခုနှစ်တွင် ရှမ်းယူနိုက်တက်အသင်းကို နည်းပြချုပ်အဖြစ် စတင်ကိုင်တွယ်ခဲ့ပြီး တစ်ရာသီလုံး ရှုံးပွဲမရှိစံချိန်နှင့်အတူ ချန်ပီယံဆုကို ဆွတ်ခူးပေးနိုင်ခဲ့သည်။ ထို့နောက် ၂၀၂၀ ပြည့်နှစ်တွင်လည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071