Looking for something?

Explore the website

Looking for something?

Monday, March 17, 2025

ယီမင်ဟူသီများကိုအကြီးအကျယ်တိုက်ခိုက်၊ ၃၁ ဦးထက်မနည်း‌ေ-သဆုံး

ပင်လယ်နီတွင် ဖြတ်သန်းသွားလာသည့် သင်္ဘောများကို တိုက်ခိုက်နေသည့် အီရန် မဟာမိတ် ယီမင်နိုင်ငံ ဟူသီသူပုန်များကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မတ် ၁၆ ရက်တွင်...

တိုင်းနှင့်ပြည်နယ်(၃)ခုမှလွဲ၍ ကျန်တိုင်းနှင့်ပြည် နယ်များ၌ ယနေ့မှစကာ...

တနင်္လာရီတိုင်း၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှလွဲ၍ ကျန်တိုင်းနှင့်ပြည်နယ်အားလုံးတွင် ယနေ့ မတ် ၁၆ ရက်မှ မတ် ၂၀ ရက်အတွင်း နေ့အပူချိန်များ ပုံမှန်ထက်ပိုမိုမြင့်တက်လာနိုင်သည်ဟု...

နစက ဥက္ကဋ္ဌမှ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများအနက် (၃၆)ဦးကို...

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မတ် ၁၆ ရက်နံနက်ပိုင်းက နစက ဥက္ကဋ္ဌရုံး သဘင်ဆောင်၌ကျင်းပသည့် ၂၀၂၅ ခုနှစ်၊...

အီးယူထိပ်သီး အစည်းအဝေးတက်‌ေရာက်ရန် ဖိတ်ကြားမှု ရှီ...

အီးယူ-တရုတ် သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့်အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန်အတွက် ဘရပ်ဆဲလ်သို့ လာရောက်ရန် ဖိတ်ကြားမှုကို တရုတ်သမ္မတ ရှီကျင့်ဖျင်က ငြင်းဆိုခဲ့သည်ဟု...
HomeNewsLocal Newsစစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၅-ခုနှစ်၊ သာသနာတော်ဆိုင်ရာ...

စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၅-ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၅-ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းပွဲကို မတ်လ (၁၃) ရက်၊ တပေါင်းလပြည့်နေ့ မွန်းလွဲပိုင်းက စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ ဆွမ်းဦးပုညရှင် သာသနာ့ဗိမာန်တော်တွင် ကျင်းပသည်။

၂၀၂၅ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့် အပ်နှင်းပွဲတွင် မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ (၃)ပါး၊ မဟာသဒ္ဒမ္မဇောတိကဓဇ ဘွဲ့တံဆိပ် တော်ရ (၉) ပါး၊ ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ (၃) ပါး ၊ သဒ္ဒမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ (၅) ပါး၊ ကမ္မဌာနာစရိယ (၁) ပါး၊ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီး (၄) ပါး၊ မဟာသဒ္ဒမ္မဇောတိကဓဇဘွဲ့တံ ဆိပ်တော်ရ လူပုဂ္ဂိုလ် အမျိုးသား (၁) ဦးတို့ကို ဆက်ကပ်ချီးမြှင့်အပ်နှင်းခဲ့သည်။

၂၀၂၅ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းပွဲကို စစ်ကိုင်းတိုင်းဒေသကြီးအ စိုးရအဖွဲ့မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊တိုင်း ဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊အလှူရှင်များနှင့် ဖတ်ကြားထားသူ များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်က မဟာဂန္တဝါစက ပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး (၃) ပါး၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဆရာတော်ကြီး (၁) ပါးတို့အား လှူဖွယ်ပစ္စည်းများနှင့် ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခဲ့ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးမှ မ ဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီး (၁) ပါးနှင့် ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီလရှင် ဆရာကြီး (၁) ပါးတို့အား ဘွဲ့တံဆိပ်တော်များနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်ချီးမြှင့် အပ်နှင်းခဲ့ကြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ ၏ဇနီးများမှ ဘွဲ့တံဆိပ်တော်ရ သီလရှင် (၂) ပါးတို့အား ဘွဲ့တံဆိပ်တော်များနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်ချီးမြှင့် အပ်နှင်းခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယီမင်ဟူသီများကိုအကြီးအကျယ်တိုက်ခိုက်၊ ၃၁ ဦးထက်မနည်း‌ေ-သဆုံး

ပင်လယ်နီတွင် ဖြတ်သန်းသွားလာသည့် သင်္ဘောများကို တိုက်ခိုက်နေသည့် အီရန် မဟာမိတ် ယီမင်နိုင်ငံ ဟူသီသူပုန်များကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မတ် ၁၆ ရက်တွင် အကြီးစားစစ်ဆင်ရေးကို စတင်လိုက်သည်။ ရက်ပေါင်းများစွာ ကြာမြင့်နိုင်သည်ဟု မျှော်လင့်ရသော အဆိုပါ စစ်ဆင်ရေးအစ တိုက်ခိုက်မှုတွင် လူ ၃၁ ဦးထက်မနည်း ‌ေ-သဆုံးခဲ့သည်။ ဟူသီများ၏ အဓိက ကျောထောက်နောက်ခံဖြစ်သော အီရန်အနေဖြင့် သူပုန်အုပ်စုကို ပံ့ပိုးနေခြင်းကို ချက်ချင်းရပ်တန့်ရန် လိုအပ်သည်ဟုလည်း မစ္စတာ ထရမ့်ပ်က သတိပေးခဲ့သည်။ အီရန်သည် အမေရိကကို ခြိမ်းခြောက်ခဲ့ပါက “အမေရိကဟာ...

တိုင်းနှင့်ပြည်နယ်(၃)ခုမှလွဲ၍ ကျန်တိုင်းနှင့်ပြည် နယ်များ၌ ယနေ့မှစကာ မတ် ၂၀ ရက်အတွင်း နေ့အပူချိန်များပိုမိုမြင့်တက်လာနိုင်

တနင်္လာရီတိုင်း၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှလွဲ၍ ကျန်တိုင်းနှင့်ပြည်နယ်အားလုံးတွင် ယနေ့ မတ် ၁၆ ရက်မှ မတ် ၂၀ ရက်အတွင်း နေ့အပူချိန်များ ပုံမှန်ထက်ပိုမိုမြင့်တက်လာနိုင်သည်ဟု မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)မှ နေ့အပူချိန်များ ပိုမိုမြင့်တက်လာနိုင်သည့်အခြေအနေ သတိပေးချက် (၃/၂၀၂၅)ဖြင့် အသိပေးခဲ့သည်။ အဆိုပါ ရက်များ၌ စစ်ကိုင်းတိုင်း(အထက်ပိုင်း) တွင် မတ်လ၏ ပုံမှန်နေ့အပူချိန်ထက်(၉)ဒီဂရီဆဲလ်စီးယပ်ခန့်၊ ကချင်ပြည်နယ်(အောက်ပိုင်း)တွင် မတ် လ၏ ပုံမှန်နေ့အပူချိန်ထက်(၈)ဒီဂရီဆဲလ်စီးယပ်ခန့်၊ ဧရာဝတီတိုင်းနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် မတ်လ၏ ပုံမှန်နေ့အပူချိန်ထက်(၇)ဒီဂရီဆဲလ်စီးယပ်ခန့်၊ ပဲခူးတိုင်း(တောင်ပိုင်း)နှင့် ရှမ်းပြည် နယ်(မြောက်ပိုင်း)တို့တွင် မတ်လ၏ ပုံမှန်နေ့အပူ ချိန်ထက်(၆)ဒီဂရီဆဲလ်စီးယပ်ခန့်ပိုနိုင်သည်ဟု အသိပေးခဲ့သည်။ ထို့အတူ...

နစက ဥက္ကဋ္ဌမှ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများအနက် (၃၆)ဦးကို ဂုဏ်ထူးဆောင်ဘွဲ့များလက်ရောက်ချီးမြှင့်

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မတ် ၁၆ ရက်နံနက်ပိုင်းက နစက ဥက္ကဋ္ဌရုံး သဘင်ဆောင်၌ကျင်းပသည့် ၂၀၂၅ ခုနှစ်၊ ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားတွင် ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများအနက် (၃၆)ဦးကို ဂုဏ်ထူးဆောင်ဘွဲ့များအား လက်ရောက်ချီးမြှင့်ခဲ့သည်။ အခမ်းအနားတွင် နစက ဥက္ကဋ္ဌမှ တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံဖြစ်စေရန်ဘက်စုံထောင့်စုံမှ ကြိုးပမ်းတည်ဆောက်နေရာ၌ ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူအားလုံး၏ အင်အားသည်အဓိကကျပြီး အားလုံး၏ပူးပေါင်းပါဝင်မှု သည် အရေးကြီးကာ နိုင်ငံတော်အစိုးရ၏ဦးဆောင်မှုနှင့်အတူ ပြည်သူတစ်ဦးချင်းစီက စိတ်ဓာတ်၊ အသိအမြင်၊ ကာယဉာဏစွမ်းအားများနှင့် ပူးပေါင်းပါဝင်မှုအင်အားဖြင့်သာအောင်မြင်နိုင်မည်ဟု ပြောသည်။ နိုင်ငံတော်အစိုးရမှ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071