Monday, March 17, 2025

မတ်လတွင် နှစ်ချုပ်စာရင်း လုပ်ငန်းများဆောင်ရွက်ရန် PO၊...

၂ဝ၂၄-၂၀၂၅ ခုနှစ်၊ ဘဏ္ဍာရေးနှစ်ကုန်ဆုံးသည့် မတ်လတွင် နှစ်ချုပ်စာရင်း လုပ်ငန်းများဆောင်ရွက်ရန်နှင့် ဘဏ်စာရင်းနှင့်ဌာနစာရင်း ကိုက်ညီရှိစေရေးအတွက် ကနဦးမှတ်ပုံတင်ခြင်းဆိုင်ရာမှတ်ပုံတင်အခငွေများကို PO ၊ ဘဏ်ငွေသွင်းချလန်ဖြင့် ပေးသွင်းခြင်းကို...

ယခုနှစ် ဖူဆယ်ဘောလုံးရာသီအပြီး MIU FC...

ပြီးဆုံးခဲ့ပြီဖြစ်သည့်၂၀၂၄ ဖူဆယ်ဘောလုံးရာသီအပြီးတွင် ချန်ပီဆုဖလားကို MIU FC အသင်းက စုစုပေါင်း ရမှတ် (၅၂)မှတ် ဖြင့် ရှုံးပွဲမရှိ ဆွတ်ခူးရရှိခဲ့သည်။ ယမန်နေ့ မတ်လ...

ထရမ့်ပ်အစိုးရသည် နိုင်ငံပေါင်း ဒါဇင်များစွာကို ဗီဇာပိတ်ပင်ရန်စဉ်းစားနေ

ဝါရှင်တန်၊ မတ် ၁၆ ထရမ့်ပ် အစိုးရက နိုင်ငံ့တားမြစ်ချက်အသစ်၏ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဒါဇင်နှင့်ချီသောနိုင်ငံများမှ နိုင်ငံခြားသားများအတွက် ဗီဇာ ကန့်သတ်ချက်များကို ထုတ်ပြန်ရန် စဉ်းစားနေကြောင်း အဆိုပါကိစ္စနှင့်...

ယီမင်ဟူသီများကိုအကြီးအကျယ်တိုက်ခိုက်၊ ၃၁ ဦးထက်မနည်း‌ေ-သဆုံး

ပင်လယ်နီတွင် ဖြတ်သန်းသွားလာသည့် သင်္ဘောများကို တိုက်ခိုက်နေသည့် အီရန် မဟာမိတ် ယီမင်နိုင်ငံ ဟူသီသူပုန်များကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မတ် ၁၆ ရက်တွင်...
HomeNewsLocal Newsကမ္ဘာ့ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ မြန်မာပိုက်ကျော်ခြင်းအားကစားအဖွဲ့...

ကမ္ဘာ့ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ မြန်မာပိုက်ကျော်ခြင်းအားကစားအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်မည်

အိန္ဒိယနိုင်ငံ ၊ ပတ္တနားမြို့၌ ကျင်းပမည့် Bihar အပြည်ပြည်ဆိုင်ရာ ပိုက်ကျော်ခြင်းအဖွဲ့ချုပ် ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ ၂၀၂၅ သို့မြန်မာပိုက်ကျော်ခြင်း အားကစားအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၂၀၂၅ ခုနှစ် မတ် (၂၀)ရက်မှ (၂၅) ရက်အထိ အိန္ဒိယနိုင်ငံ ပတ္တနားမြို့၌ ကျင်းပမည့် Bihar အပြည်ပြည်ဆိုင်ရာ ပိုက်ကျော်ခြင်းအဖွဲ့ချုပ် ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ ၂၀၂၅ သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာပိုက်ကျော်ခြင်းအားကစားအဖွဲ့ကို နေပြည်တော်ရုံးအမှတ်(၃၁)ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။

မြန်မာ့အားကစား အဆင့်အတန်း တိုးတက်မြင့်မားစေရေးအတွက် အဘက်ဘက်မှ ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး၊ လာမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရေးအတွက် အစွမ်းကုန်ကြိုးစားပြင်ဆင်ဆောင်ရွက်သွားရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်ရာတွင်လည်း စည်းကမ်းတကျ သွားလာနေထိုင်ကြရန်လိုကြောင်း၊ မိမိအားကစားသမားများ၏ အားသာချက်/အားနည်းချက်များကို ပြန်လည်သုံးသပ်နိုင်ရေးအတွက် ပြိုင်ပွဲအနိုင်အရှုံးရလဒ်များကို မှတ်တမ်းများ စနစ်တကျပြုစုထားရှိပြီး အချိန်နှင့်တပြေးညီ တာဝန်ရှိသူများထံ သတင်းပို့တင်ပြသွားရန်လိုကြောင်းလည်း ဆိုသည်။

ထို့ပြင်ထိခိုက်ဒဏ်ရာမရရှိစေရေးအတွက် အထူးဂရုစိုက်ကြရန်လိုကြောင်း၊ မြန်မာလူမျိုးတို့၏ အစွမ်းအစကိုပြသ၍ မလျော့သော ဇွဲ၊ စိတ်ဓာတ်ဖြင့် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်ခဲ့ကြရန် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်ကဆိုသည်။

အဆိုပါပြိုင်ပွဲသို့ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအားကစားအဖွဲ့မှ အုပ်ချုပ်သူ/နည်းပြလေးဦး၊ ဒိုင်တစ်ဦး၊ (အမျိုးသား/အမျိုးသမီး) အားကစားသမား (၁၂) ဦး စုစုပေါင်း (၁၇) ဦးတို့သည် (အမျိုးသား/အမျိုးသမီး)နှစ်ယောက်တွဲပြိုင်ပွဲနှင့် လေးယောက်တွဲပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မတ်လတွင် နှစ်ချုပ်စာရင်း လုပ်ငန်းများဆောင်ရွက်ရန် PO၊ ဘဏ်ငွေသွင်းချလန်ဖြင့် ပေးသွင်းခြင်းကို ခေတ္တရပ်နားထားမည်

၂ဝ၂၄-၂၀၂၅ ခုနှစ်၊ ဘဏ္ဍာရေးနှစ်ကုန်ဆုံးသည့် မတ်လတွင် နှစ်ချုပ်စာရင်း လုပ်ငန်းများဆောင်ရွက်ရန်နှင့် ဘဏ်စာရင်းနှင့်ဌာနစာရင်း ကိုက်ညီရှိစေရေးအတွက် ကနဦးမှတ်ပုံတင်ခြင်းဆိုင်ရာမှတ်ပုံတင်အခငွေများကို PO ၊ ဘဏ်ငွေသွင်းချလန်ဖြင့် ပေးသွင်းခြင်းကို ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ကနဦးယာဉ်မှတ်ပုံတင်လုပ်ငန်းငွေခန်းများကိုရုံးချုပ်၊ ကနဦး မော်တော်ယာဉ်မှတ်ပုံတင်ဌာန (နေပြည်တော်) ရုံးချုပ်၊ ကနဦး မော်တော်ယာဉ်မှတ်ပုံတင်ဌာန (ထောက်ကြန့်)၊ ရုံးချုပ်၊ ကနဦးမော်တော်ယာဉ်မှတ်ပုံတင်ဌာန (ရွာသာကြီး)၊ ရုံးချုပ်၊ ကနဦးမော်တော်ယာဉ် မှတ်ပုံတင်ဌာန (မန္တလေး)တွင် PO ဖြင့် လည်းကောင်း၊ ဘဏ်ငွေသွင်းချလန်ဖြင့်လည်းကောင်း၊ ငွေသားဖြင့်လည်းကောင်း လက်ခံဆောင်ရွက်လျက်ရှိသည်။ ယခုအခါ ၂ဝ၂၄-၂၀၂၅ ခုနှစ်၊...

ယခုနှစ် ဖူဆယ်ဘောလုံးရာသီအပြီး MIU FC အသင်း ချန်ပီဆုဖလား ဆွတ်ခူး

ပြီးဆုံးခဲ့ပြီဖြစ်သည့်၂၀၂၄ ဖူဆယ်ဘောလုံးရာသီအပြီးတွင် ချန်ပီဆုဖလားကို MIU FC အသင်းက စုစုပေါင်း ရမှတ် (၅၂)မှတ် ဖြင့် ရှုံးပွဲမရှိ ဆွတ်ခူးရရှိခဲ့သည်။ ယမန်နေ့ မတ်လ (၁၆) ရက်တွင် MFF Vita Max Futsal League (I) 2024- 2025 နောက်ဆုံးပွဲစဉ်များ ယှဉ်ပြိုင်အပြီး၊ ဆုပေးပွဲ အခမ်းအနားကို တဆက်တည်းကျင်းပခဲ့ကြသည်။ ဆုပေးပွဲ အခမ်းအနားတွင် ‌MFF Vita Max Futsal League (I) 2024- 2025 ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်တွင်...

ထရမ့်ပ်အစိုးရသည် နိုင်ငံပေါင်း ဒါဇင်များစွာကို ဗီဇာပိတ်ပင်ရန်စဉ်းစားနေ

ဝါရှင်တန်၊ မတ် ၁၆ ထရမ့်ပ် အစိုးရက နိုင်ငံ့တားမြစ်ချက်အသစ်၏ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဒါဇင်နှင့်ချီသောနိုင်ငံများမှ နိုင်ငံခြားသားများအတွက် ဗီဇာ ကန့်သတ်ချက်များကို ထုတ်ပြန်ရန် စဉ်းစားနေကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သည့် သတင်းရင်းမြစ်များနှင့် ရိုက်တာ မှ ရရှိထားသော အတွင်းရေးမှတ်စုတစ်ခုမှ ဖော်ပြထားသည်။ အဆိုပါ မှတ်တမ်းတွင် နိုင်ငံပေါင်း ၄၁ နိုင်ငံကို သီးခြားအုပ်စုသုံးစုခွဲ၍ စာရင်းပြုစုထားသည်။ အာဖဂန်နစ္စတန်၊ အီရန်၊ ဆီးရီးယား၊ ကျူးဘားနှင့် မြောက်ကိုရီယားတို့အပါအဝင် နိုင်ငံပေါင်း ၁၀ နိုင်ငံကို ပထမအုပ်စုအဖြစ် ဗီဇာကို လုံးဝ ဆိုင်းငံ့ထားမည်ဖြစ်သည်။ ဒုတိယအုပ်စုတွင် အီရီထရီးယား၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071