Looking for something?

Explore the website

Looking for something?

Sunday, March 16, 2025

တိုင်းနှင့်ပြည်နယ်(၃)ခုမှလွဲ၍ ကျန်တိုင်းနှင့်ပြည် နယ်များ၌ ယနေ့မှစကာ...

တနင်္လာရီတိုင်း၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှလွဲ၍ ကျန်တိုင်းနှင့်ပြည်နယ်အားလုံးတွင် ယနေ့ မတ် ၁၆ ရက်မှ မတ် ၂၀ ရက်အတွင်း နေ့အပူချိန်များ ပုံမှန်ထက်ပိုမိုမြင့်တက်လာနိုင်သည်ဟု...

နစက ဥက္ကဋ္ဌမှ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများအနက် (၃၆)ဦးကို...

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မတ် ၁၆ ရက်နံနက်ပိုင်းက နစက ဥက္ကဋ္ဌရုံး သဘင်ဆောင်၌ကျင်းပသည့် ၂၀၂၅ ခုနှစ်၊...

အီးယူထိပ်သီး အစည်းအဝေးတက်‌ေရာက်ရန် ဖိတ်ကြားမှု ရှီ...

အီးယူ-တရုတ် သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့်အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန်အတွက် ဘရပ်ဆဲလ်သို့ လာရောက်ရန် ဖိတ်ကြားမှုကို တရုတ်သမ္မတ ရှီကျင့်ဖျင်က ငြင်းဆိုခဲ့သည်ဟု...

ရန်ကုန်တိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသား/သူ...

မတ် (၁၇) ရက်တွင် စတင်မည့် တက္ကသိုလ်ဝင်စာမေးပွဲ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း စာစစ်ဌာန (၉၁) ခုဖွင့်လှစ်ထားကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် ၂ဝ၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ...
HomeNewsLocal Newsထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ မတော်တဆမှုကြောင့်‌ေ-သဆုံးခဲ့သည့်...

ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ မတော်တဆမှုကြောင့်‌ေ-သဆုံးခဲ့သည့် မြန်မာနိုင်ငံသားအတွက်ရရှိရန်ကျန်သော အကျိုးခံစားခွင့်ကျန်ငွေ ဘတ် ၇ သိန်းကျော်ထပ်မံရရှိ

ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ Bellcon Co., Ltd ၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌အလုပ်လုပ်ကိုင်နေရာမှ ၂၀၂၄ ခုနှစ်က လုပ်ငန်းခွင်မတော်တဆမှုကြောင့်‌ေ-သဆုံးခဲ့သည့် မြန်မာနိုင်ငံသားမောင်နိုင်လင်းအောင်အတွက်ရရှိရန်ကျန်သည့် အကျိုးခံစားခွင့်ကျန်ငွေ ဘတ်(၇၄၃၄၅၄ ဒသမ ၇၄)သိန်းအား မတ် ၁၂ ရက်က ထပ်မံရရှိခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးထံမှ သိရသည်။

မြန်မာနိုင်ငံသား မောင်နိုင်လင်းအောင်အား ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ Bellcon Co., Ltd ၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌အလုပ်လုပ်ကိုင်ရန် Success Family Co., Ltd မှ MoU စနစ်ဖြင့်စေလွှတ်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၉ ရက်က လုပ်ငန်းခွင်မတော်တဆမှုကြောင့်‌ေ-သဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ‌ေ-သဆုံးခဲ့မှုကြောင့် ၎င်း၏အလုပ်ရှင်ဖြစ်သူမှ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပထမအကြိမ်အဖြစ်ထောက်ပံ့ကြေးနှင့် လုပ်အားခကျန်ငွေ ဘတ်(၁) သိန်းကျော်အားပေးအပ်ခဲ့ကြောင်း သိရသည်။

‌ေ-သဆုံးသူ မြန်မာနိုင်ငံသားမောင်နိုင်လင်းအောင်၏ မိသားစုဝင်များက လိုအပ်သည်များကိုကူညီပေးပါရန် မြန်မာအလုပ်သမားသံအရာရှိရုံးထံ အကူအညီတောင်းခံခဲ့ကြသဖြင့် မြန်မာအလုပ်သမားသံအရာရှိရုံးမှတာဝန်ရှိသူများက လိုက်ပါလိုက်ပါကူညီပေးခဲ့ကြ၍ ‌ေ-သဆုံးသူအတွက် အကျိုးခံစားခွင့်များအား အချိန်တိုအတွင်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တိုင်းနှင့်ပြည်နယ်(၃)ခုမှလွဲ၍ ကျန်တိုင်းနှင့်ပြည် နယ်များ၌ ယနေ့မှစကာ မတ် ၂၀ ရက်အတွင်း နေ့အပူချိန်များပိုမိုမြင့်တက်လာနိုင်

တနင်္လာရီတိုင်း၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှလွဲ၍ ကျန်တိုင်းနှင့်ပြည်နယ်အားလုံးတွင် ယနေ့ မတ် ၁၆ ရက်မှ မတ် ၂၀ ရက်အတွင်း နေ့အပူချိန်များ ပုံမှန်ထက်ပိုမိုမြင့်တက်လာနိုင်သည်ဟု မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)မှ နေ့အပူချိန်များ ပိုမိုမြင့်တက်လာနိုင်သည့်အခြေအနေ သတိပေးချက် (၃/၂၀၂၅)ဖြင့် အသိပေးခဲ့သည်။ အဆိုပါ ရက်များ၌ စစ်ကိုင်းတိုင်း(အထက်ပိုင်း) တွင် မတ်လ၏ ပုံမှန်နေ့အပူချိန်ထက်(၉)ဒီဂရီဆဲလ်စီးယပ်ခန့်၊ ကချင်ပြည်နယ်(အောက်ပိုင်း)တွင် မတ် လ၏ ပုံမှန်နေ့အပူချိန်ထက်(၈)ဒီဂရီဆဲလ်စီးယပ်ခန့်၊ ဧရာဝတီတိုင်းနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် မတ်လ၏ ပုံမှန်နေ့အပူချိန်ထက်(၇)ဒီဂရီဆဲလ်စီးယပ်ခန့်၊ ပဲခူးတိုင်း(တောင်ပိုင်း)နှင့် ရှမ်းပြည် နယ်(မြောက်ပိုင်း)တို့တွင် မတ်လ၏ ပုံမှန်နေ့အပူ ချိန်ထက်(၆)ဒီဂရီဆဲလ်စီးယပ်ခန့်ပိုနိုင်သည်ဟု အသိပေးခဲ့သည်။ ထို့အတူ...

နစက ဥက္ကဋ္ဌမှ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများအနက် (၃၆)ဦးကို ဂုဏ်ထူးဆောင်ဘွဲ့များလက်ရောက်ချီးမြှင့်

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မတ် ၁၆ ရက်နံနက်ပိုင်းက နစက ဥက္ကဋ္ဌရုံး သဘင်ဆောင်၌ကျင်းပသည့် ၂၀၂၅ ခုနှစ်၊ ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားတွင် ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများအနက် (၃၆)ဦးကို ဂုဏ်ထူးဆောင်ဘွဲ့များအား လက်ရောက်ချီးမြှင့်ခဲ့သည်။ အခမ်းအနားတွင် နစက ဥက္ကဋ္ဌမှ တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံဖြစ်စေရန်ဘက်စုံထောင့်စုံမှ ကြိုးပမ်းတည်ဆောက်နေရာ၌ ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူအားလုံး၏ အင်အားသည်အဓိကကျပြီး အားလုံး၏ပူးပေါင်းပါဝင်မှု သည် အရေးကြီးကာ နိုင်ငံတော်အစိုးရ၏ဦးဆောင်မှုနှင့်အတူ ပြည်သူတစ်ဦးချင်းစီက စိတ်ဓာတ်၊ အသိအမြင်၊ ကာယဉာဏစွမ်းအားများနှင့် ပူးပေါင်းပါဝင်မှုအင်အားဖြင့်သာအောင်မြင်နိုင်မည်ဟု ပြောသည်။ နိုင်ငံတော်အစိုးရမှ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊...

အီးယူထိပ်သီး အစည်းအဝေးတက်‌ေရာက်ရန် ဖိတ်ကြားမှု ရှီ ငြင်းဆို

အီးယူ-တရုတ် သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့်အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန်အတွက် ဘရပ်ဆဲလ်သို့ လာရောက်ရန် ဖိတ်ကြားမှုကို တရုတ်သမ္မတ ရှီကျင့်ဖျင်က ငြင်းဆိုခဲ့သည်ဟု Financial Times သတင်းစာက တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့သည်။ ရှီအစား ဝန်ကြီးချုပ် Li Qiang သည် ဥရောပကောင်စီနှင့် ကော်မရှင်ဥက္ကဌများကို တွေ့ဆုံသွားမည်ဖြစ်ကြောင်း ပေကျင်းက အီးယူအရာရှိများကို ပြောဆိုခဲ့သည်ဟု ယင်းကိစ္စနှင့် နီးစပ်သော အမည်မဖော်လိုသည့် သတင်းရင်းမြစ်နှစ်ခုကို ကိုးကား၍ FT က ဆိုသည်။ ဘရပ်ဆဲလ်တွင် ကျင်းပသည့် အဆိုပါ ထိပ်သီးအစည်းအဝေးများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071