Tuesday, March 18, 2025

ရန်ကုန်-မန္တလေးသွားကားလမ်းဟောင်းတွင် ဆီဘောက်ဆာကားနှင့် Light Truck...

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်ရှိ ရန်ကုန်-မန္တလေးသွားကားလမ်းဟောင်းတွင် ယနေ့ မတ် ၁၈ ရက်နံနက်ပိုင်းက ဆီဘောက်ဆာကားနှင့် Light Truck ကားတို့တို-က်မိခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။ ပဲခူးမြို့နယ်...

နေပြည်တော်နှင့် ရန်ကုန်တွင် ယမန်နေ့တစ်ရက်တည်း၌ တောမီးလောင်ကျွမ်းမှု(၆)ကြိမ်ဖြစ်ပွားခဲ့

နေပြည်တော်နှင့် ရန်ကုန်တိုင်းတို့တွင် ယမန်နေ့ မတ် ၁၇ ရက်တစ်ရက်တည်း၌ပင် တောမီးလောင်ကျွမ်းမှု၊ ကိုင်းတောမီးလောင်မှုနှင့် မြက်ခြောက်မီးလောင်မှု (၆)ကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ယမန်နေ့ မတ်...

ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦးနှင့် အင်္ဂလန်နိုင်ငံသား လီယမ်ဟဲရစ်ဆန်တို့...

အမေရိကန်နိုင်ငံ ၊ ဒန်ဗာမြို့၊ Ball Arena ကွင်းတွင် သြဂုတ်လ (၁)ရက်၌ ကျင်းပမည့် ONE Championship-173 ပွဲစဉ်တွင် ရိုးရာလက်ဝှေ့ကျော်...

ထိပ်သီးအစည်းအဝေးတက်ရန်နိုင်ငံရပ်ခြား စီအီးအိုများ တရုတ် သွားမည်

နိုင်ငံရပ်ခြား ကုမ္ပဏီကြီးများ၏ စီအီးအိုများသည် ဖွံ့ဖြိုးရေးဆိုင်ရာ ကွန်ဖရင့်သို့ တက်ရောက်ရန် ယခုလတွင် ပေကျင်းသို့သွားရောက်ကြမည်ဖြစ်ပြီး ၎င်းတို့ထဲမှ အချို့သည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံရန်...
HomeNewsLocal Newsသတင်းအချက်အလက်နည်းပညာတက္ကသိုလ်၌ နိုင်ငံအတွက်အကျိုးပြုနိုင်သည့် သင်ကြားမှုများကို...

သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၌ နိုင်ငံအတွက်အကျိုးပြုနိုင်သည့် သင်ကြားမှုများကို ဆက်လက်ဆောင်ရွက်ပေးစေလိုဟု နစက ဥက္ကဋ္ဌမှာကြား

အစဥ်အလာရှိသည့် သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၌ နိုင်ငံအတွက်အကျိုးပြုနိုင်သည့် သင်ကြားမှုများကို ဆက်လက်ဆောင်ရွက်ပေးစေလိုသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယမန်နေ့ မတ် ၁၄ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်ရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်း ပညာဦးစီးဌာန၏ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်အားကြည့်ရှုစစ်ဆေးစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။

တက္ကသိုလ်အတွင်း ကျောင်းသား၊ ကျောင်းသူများ ၏ အဆောင်များနေရာချထားရာတွင် စနစ်တကျဖြစ်ရန်လိုပြီး သင်ကြားရေးဝန်ထမ်းများ၏ အိမ်ယာများ၊ အဆောင်များကိုလည်း စနစ်တကျထားရှိရမည်ဖြစ်ကာ ကျောင်းသား၊ ကျောင်းသူများကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်နိုင်ရန်လည်း စီမံဆောင်ရွက်ပေးရမည်ဟု မှာကြားသည်။

” သတင်းအချက်အလက်နည်းပညာတက္ကသိုလ်ဟာ အစဉ်အလာရှိတဲ့ တက္ကသိုလ်တစ်ခုဖြစ်တာကြောင့် နိုင်ငံအတွက်အကျိုးပြုနိုင်တဲ့ သင်ကြားမှုတွေကိုဆက်လက်ဆောင်ရွက်ပေးစေလိုပါတယ်”ဟု နစက ဥက္ကဋ္ဌကမှာကြားသည်။

ထို့ပြင် နစက ဥက္ကဋ္ဌအား တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစောစန္ဒာအေးက ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကို သတင်းအချက်အလက်နည်းပညာတက္ကသိုလ်အဖြစ်ပြောင်းလဲခဲ့မှုနှင့် တက္ကသိုလ်၏ သမိုင်းကြောင်းဆိုင်ရာအချက်အလက်များ၊ ဖွဲ့စည်းပုံ၊ ဘာသာရပ်အလိုက်၊ ပညာသင်နှစ်အလိုက်သင် ကြားပေးလျက်ရှိမှု၊ ပြည်တွင်း၊ ပြည်ပ ဘွဲ့လွန်သင်တန်းတက်ရောက်ရန် ပညာတော်သင်များရွေးချယ်စေလွှတ်လျက်ရှိမှု၊ တိုင်းနှင့် ပြည်နယ်အလိုက် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ပညာသင်ကြားလျက်ရှိမှုတို့ကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့အတူ နည်းပညာအသုံးပြုသင်ကြားသင်ယူမှုနှင့် စီမံခန့်ခွဲမှုစနစ်ဖြင့် သင်ကြားပေးလျက်ရှိမှု၊ ကျောင်းသား၊ ကျောင်းသူများလုပ်ငန်းခွင်သင်တန်း စေလွှတ်မှုနှင့် အလုပ်အကိုင်ရရှိမှု၊ International Conference on Advanced Information Technologies (ICAIT) များတင်သွင်းနိုင်မှု၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်အဆောက်အဦတည်ဆောက်ပြီးစီးမှုတို့ကိုလည်း ရှင်းလင်းတင်ပြခဲ့ပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်မှလည်း ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌမှ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်အတွင်းလှည့်လည်၍ စာကြည့်တိုက်အတွင်းရှိ Digital Library စနစ်၊ လေ့ဘကျင့်ရေးအထောက်အကူပြုစနစ်၊ Al နည်းပညာသုံးသင်ကြားမှု၊ သင်ယူမှုအထောက်အကူပြုစနစ်တို့ဖြင့်သင်ကြားပို့ချပေးနေမှုများ၊ လက်တွေ့ခန်း K-LAB အတွင်း ကျောင်းသား၊ ကျောင်းသူများအား လက်တွေ့လေ့ကျင့်သင်ကြားပေးလျက်ရှိမှုများနှင့် သင်ကြားမှု၊ သင်ယူမှုအထောက်အကူပြုခန်းများ ထည့်သွင်းတည်ဆောက်ထားရှိမှုတို့ကိုကြည့်ရှုစစ်ဆေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်-မန္တလေးသွားကားလမ်းဟောင်းတွင် ဆီဘောက်ဆာကားနှင့် Light Truck ကားတို-က် ၂ ဦး‌ေ-သဆုံး ၇ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်ရှိ ရန်ကုန်-မန္တလေးသွားကားလမ်းဟောင်းတွင် ယနေ့ မတ် ၁၈ ရက်နံနက်ပိုင်းက ဆီဘောက်ဆာကားနှင့် Light Truck ကားတို့တို-က်မိခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။ ပဲခူးမြို့နယ် ရန်ကုန်-မန္တလေးသွားကားလမ်းဟောင်းအတိုင်း ရန်ကုန်မြို့ဘက်မှ ဒိုက်ဦးမြို့ဘက်သို့ ကားမောင်းသူအပါအဝင် အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၇)ဦး လိုက်ပါလာသည့် Light Truck ကားသည် ဝမ်းဘဲအင်းကျေးရွာရှိ ဒေးစွန်ပါဘုရားမုဒ်ဦးဝင်ပေါက်အနီးအရောက် လမ်းကြောမရှင်းဘဲ လမ်းဘယ်ဘက်ခြင်းမှ ဒေးစွန်ပါဘုရားလမ်းအတွင်းသို့ချိုးကွေ့ဝင်ရောက်ခဲ့ကြောင်း သိရသည်။ ထိုသို့ ချိုးကွေ့ဝင်ရောက်ခဲ့မှုကြောင့် နောက်မှမောင်းနှင်လာသည့် ဆီဘောက်ဆာကားမှာ အရှိန်မထိန်းနိုင်ဘဲ Light Truck ကားကိုဝင်တိုက်မိခဲ့သဖြင့် Light Truck ကားမှာ...

နေပြည်တော်နှင့် ရန်ကုန်တွင် ယမန်နေ့တစ်ရက်တည်း၌ တောမီးလောင်ကျွမ်းမှု(၆)ကြိမ်ဖြစ်ပွားခဲ့

နေပြည်တော်နှင့် ရန်ကုန်တိုင်းတို့တွင် ယမန်နေ့ မတ် ၁၇ ရက်တစ်ရက်တည်း၌ပင် တောမီးလောင်ကျွမ်းမှု၊ ကိုင်းတောမီးလောင်မှုနှင့် မြက်ခြောက်မီးလောင်မှု (၆)ကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ယမန်နေ့ မတ် ၁၇ ရက်ည ၈ နာရီ ၁၆ မိနစ်ခန့်က နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရုံးအမှတ်(၅၆)၊ အဂတိလိုက်စားမှုတိုက်ဖြတ်ရေးကော်မရှင်ရုံးဘေးတွင် တောမီးလောင်မှုဖြစ်ပွား၍ ဥတ္တရနယ်မြေမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၉ နာရီ ၁၃ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ ထို့ပြင် ည ၆ နာရီ ၁၀ မိနစ်ခန့်ကလည်း ဥတ္တရသီရိမြို့နယ်၊...

ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦးနှင့် အင်္ဂလန်နိုင်ငံသား လီယမ်ဟဲရစ်ဆန်တို့ ယှဉ်ပြိုင်ထိုးသ-တ်မည်

အမေရိကန်နိုင်ငံ ၊ ဒန်ဗာမြို့၊ Ball Arena ကွင်းတွင် သြဂုတ်လ (၁)ရက်၌ ကျင်းပမည့် ONE Championship-173 ပွဲစဉ်တွင် ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦးနှင့် အင်္ဂလန်နိုင်ငံသား လီယမ်ဟဲရစ်ဆန်တို့ ယှဉ်ပြိုင်ထိုးသ-တ်သွားကြမည်ဖြစ်သည်ဟု ONE က တရားဝင်အသိပေးထုတ်ပြန်ထားပြီဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် မွေထိုင်းဘန်တန်းဝိတ်တန်းအတွင်း ယှဉ်ပြိုင်ထိုးသ-တ်သွားကြမည်ဖြစ်ကာ မွေထိုင်းကမ္ဘာ့ချန်ပီယံ လီယမ်ဟဲရစ်ဆန်နှင့် မာဂုဏ်မြင့်ရိုးရာဖိုက်တာ သံမဏိလူသား စိုးလင်းဦးတို့ ထိပ်တိုက်တွေ့ဆုံကြမည့်ပွဲကောင်း တစ်ပွဲလည်း ဖြစ်သည်။ စိုးလင်းဦး၏ ပြိုင်ဘက် အသက်(၃၉)နှစ်အရွယ် လီယမ်ဟဲရစ်ဆန်သည် One ၌ (၆)ပွဲထိုး (၄)ပွဲရှုံး (၂)ပွဲနိုင် ရလဒ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071