Looking for something?

Explore the website

Looking for something?

Sunday, March 16, 2025

နစက ဥက္ကဋ္ဌမှ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများအနက် (၃၆)ဦးကို...

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မတ် ၁၆ ရက်နံနက်ပိုင်းက နစက ဥက္ကဋ္ဌရုံး သဘင်ဆောင်၌ကျင်းပသည့် ၂၀၂၅ ခုနှစ်၊...

အီးယူထိပ်သီး အစည်းအဝေးတက်‌ေရာက်ရန် ဖိတ်ကြားမှု ရှီ...

အီးယူ-တရုတ် သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့်အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန်အတွက် ဘရပ်ဆဲလ်သို့ လာရောက်ရန် ဖိတ်ကြားမှုကို တရုတ်သမ္မတ ရှီကျင့်ဖျင်က ငြင်းဆိုခဲ့သည်ဟု...

ရန်ကုန်တိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသား/သူ...

မတ် (၁၇) ရက်တွင် စတင်မည့် တက္ကသိုလ်ဝင်စာမေးပွဲ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း စာစစ်ဌာန (၉၁) ခုဖွင့်လှစ်ထားကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် ၂ဝ၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ...

မြောက်မက်ဆီဒိုးနီးယားတွင် နိုက်ကလပ်မီးလောင်၍ ၅၀ထက်မနည်း‌ေ-သ

မြောက်မက်ဆီဒိုနီးယားသမ္မတနိုင်ငံ မြောက်ပိုင်းရှိ ကိုကာနီမြို့တွင် မတ် ၁၆ ရက်နံနက်အစောပိုင်းက နိုက်ကလပ်တစ်ခု မီးလောင်၍ လူဒါဇင်များစွာ ‌ေ-သဆုံး၊ ဒဏ်ရာရမှုရှိခဲ့သည်ဟု ဒေသတွင်း သတင်းမီဒီယာများက...
HomeNewsLocal Newsဒလ နာရီစင်ကို ပြောင်းရွှေ့တည်ဆောက်ပေးမည်ဟုဆို

ဒလ နာရီစင်ကို ပြောင်းရွှေ့တည်ဆောက်ပေးမည်ဟုဆို

ရန်ကုန်မြို့နှင့် ဒလမြို့ကို ဆက်သွယ်ရန် တည်ဆောက်နေသည့် ဒလတံတားနှင့် မလွတ်ကင်း၍ ဖျက်သိမ်းလိုက်ရသည့် ဒလမြို့ရှိ နာရီစင်ကို ပြောင်းရွှေ့တည်ဆောက်ပေးမည်ဟု သိရသည်။

ယင်းနာရီစင်သည် ယခင်က ဒလမြို့လယ်ခေါင်၊ ကမာကဆစ်ဈေးအနီးရှိခဲ့ခြင်းဖြစ်ပြီး သက်တမ်းအားဖြင့် နှစ်သုံးဆယ်ကျော်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

“ဒလ သင်္ဘောဆိပ်နားက အရင်က မီးတိုင်ရှိတဲ့ အဝိုင်းနေရာကို ပြောင်းရွှေ့ဆောက်ပေးမယ်တော့ ကြားတယ်” ဟု ဒလမြို့ခံတစ်ဦးက ဆိုသည်။

သို့သော် စတင်ဆောက်လုပ်မည့် အချိန်နေ့ရက်ကိုမူ အတိအကျ မသိရှိရသေးပေ။

ကိုးရီးယား-မြန်မာ ချစ်ကြည်ရေးအဖြစ် တည်ဆောက်နေသည့် ရန်ကုန်-ဒလတံတားသည် ၂၀၂၄ ခုနှစ်တွင် အပြီးတည်ဆောက်ရန် သတ်မှတ်ထားသော်လည်း ကိုဗစ်ကပ်ရောဂါအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် စီမံကိန်းနောက်ကျနေရခြင်းဖြစ်ပြီး လက်ရှိတွင် တံတားတည်ဆောက်မှု ရာနှုန်းပြည့် ပြီးစီးရန် အနည်းငယ်သာ ကျန်ရှိတော့သည်။

ယင်းတံတားစီမံကိန်းကို အမေရိကန်ဒေါ်လာ (၁၅၇ ဒသမ ၈၃၃) သန်း အကုန်ကျခံကာ အဓိက ကန်ထရိုက်တာအဖြစ် ကိုရီးယားနိုင်ငံ၏ GS Engineering Group မှ တာဝန်ယူတည်ဆောက်ခြင်းဖြစ်ကြောင်း တံတားဦးစီးဌာနမှ သိရသည်။

တံတားကြီး၏ ရေလယ်ပိုင်း တာဝါတိုင်နှစ်တိုင်၏ အကွာအဝေးသည် မီတာ (၃၇ဝ) ခန်းဖွင့်အကျယ်ရှိပြီး တံတား၏ ဒလဘက်ခြမ်း ချဉ်းကပ်တံတား အရှည်မှာ (၅၇၇)မီတာနှင့် ရန်ကုန်ဘက်ခြမ်း ချဉ်းကပ်တံတားအရှည်မှာ (၆ဝ၁) မီတာရှိကြောင်း သိရသည်။

ရေလယ်ပိုင်း ပင်မတံတားအရှည်သည် မီတာ (၆၉ဝ) ရှိပြီး စုစုပေါင်း တံတားရှည်သည် (၆၁၄၄) ပေနှင့် ရေလမ်းကင်း လွတ်ခွင့်အမြင့်သည် ၄၉ မီတာ ( ၁၆ဝ ပေ ) ရှိကာ တစ်ဖက်လျှင် (၄) မီတာအကျယ် လူသွားပလက်ဖောင်းပါရှိကြောင်း သိရသည်။

အဆိုပါ တံတားပြီးစီးသည့်အခါ တံတားပေါ်တွင် မောင်းနှင်မည့် မော်တော်ယာဉ်များကို တံတား ချဉ်းကပ်လမ်းပိုင်းတွင် တစ်နာရီလျှင် ကီလိုမီတာ (၅၀) နှုန်း၊ တံတား၏ ဆင် ခြေလျှောအပိုင်းများတွင် တစ်နာရီလျှင် ကီလိုမီတာ (၃၀) နှုန်း ဖြင့် မောင်းနှင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နစက ဥက္ကဋ္ဌမှ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများအနက် (၃၆)ဦးကို ဂုဏ်ထူးဆောင်ဘွဲ့များလက်ရောက်ချီးမြှင့်

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မတ် ၁၆ ရက်နံနက်ပိုင်းက နစက ဥက္ကဋ္ဌရုံး သဘင်ဆောင်၌ကျင်းပသည့် ၂၀၂၅ ခုနှစ်၊ ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားတွင် ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများအနက် (၃၆)ဦးကို ဂုဏ်ထူးဆောင်ဘွဲ့များအား လက်ရောက်ချီးမြှင့်ခဲ့သည်။ အခမ်းအနားတွင် နစက ဥက္ကဋ္ဌမှ တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံဖြစ်စေရန်ဘက်စုံထောင့်စုံမှ ကြိုးပမ်းတည်ဆောက်နေရာ၌ ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူအားလုံး၏ အင်အားသည်အဓိကကျပြီး အားလုံး၏ပူးပေါင်းပါဝင်မှု သည် အရေးကြီးကာ နိုင်ငံတော်အစိုးရ၏ဦးဆောင်မှုနှင့်အတူ ပြည်သူတစ်ဦးချင်းစီက စိတ်ဓာတ်၊ အသိအမြင်၊ ကာယဉာဏစွမ်းအားများနှင့် ပူးပေါင်းပါဝင်မှုအင်အားဖြင့်သာအောင်မြင်နိုင်မည်ဟု ပြောသည်။ နိုင်ငံတော်အစိုးရမှ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊...

အီးယူထိပ်သီး အစည်းအဝေးတက်‌ေရာက်ရန် ဖိတ်ကြားမှု ရှီ ငြင်းဆို

အီးယူ-တရုတ် သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့်အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန်အတွက် ဘရပ်ဆဲလ်သို့ လာရောက်ရန် ဖိတ်ကြားမှုကို တရုတ်သမ္မတ ရှီကျင့်ဖျင်က ငြင်းဆိုခဲ့သည်ဟု Financial Times သတင်းစာက တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့သည်။ ရှီအစား ဝန်ကြီးချုပ် Li Qiang သည် ဥရောပကောင်စီနှင့် ကော်မရှင်ဥက္ကဌများကို တွေ့ဆုံသွားမည်ဖြစ်ကြောင်း ပေကျင်းက အီးယူအရာရှိများကို ပြောဆိုခဲ့သည်ဟု ယင်းကိစ္စနှင့် နီးစပ်သော အမည်မဖော်လိုသည့် သတင်းရင်းမြစ်နှစ်ခုကို ကိုးကား၍ FT က ဆိုသည်။ ဘရပ်ဆဲလ်တွင် ကျင်းပသည့် အဆိုပါ ထိပ်သီးအစည်းအဝေးများကို...

ရန်ကုန်တိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသား/သူ (၃၉၀၀၀) ကျော်ရှိပြီး စာစစ်ဌာန (၉၁) ခု ပြင်ဆင်ထား

မတ် (၁၇) ရက်တွင် စတင်မည့် တက္ကသိုလ်ဝင်စာမေးပွဲ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း စာစစ်ဌာန (၉၁) ခုဖွင့်လှစ်ထားကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် ၂ဝ၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား မတ် (၁၄) ရက် မွန်းလွဲပိုင်းက တိုင်းဒေ သကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် ပြုလုပ်ခဲ့သည်။ ၂၀၂၅ ခုနှစ်၊ မတ် (၁၇) ရက်မှ မတ် (၂၂) ရက်ထိဖြေဆိုမည့် တက္ကသိုလ်ဝင်စာမေးပွဲကို ရန်ကုန်တိုင်းဒေသကြီးတွင် အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေး လုပ်ငန်းကဏ္ဍများအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071