ဆောက်လုပ်ရေးလောက ဖွံ့ဖြိုးတိုးတက်စေရေး လက်တွဲပူးပေါင်း ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်(MCEF)မှ ဖိတ်ခေါ်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ဗဟိုအလုပ် အမှုဆောင်နှင့် ဗဟိုကော်မတီဝင်များကို အသစ်တစ်ဖန် ရွေးချ ယ် တင်မြှောက်ခဲ့ပြီး ဆောက်လုပ်ရေးနှင့် သက်ဆိုင်သည့် အသင်းအဖွဲ့အစည်းများ၊ ပစ္စည်းများ တင်သွင်းသော သွင်း ကုန်လုပ်ငန်းရှင်များ၊ ဆောက်လုပ်ရေး ပစ္စည်းအရောင်းဆိုင်များ၊ လက်ကား ဖြန့်ချိ ထုတ်လုပ်သည့် လုပ်ငန်းရှင်များ ၊ အုတ်သဲကျောက် လုပ်ငန်းရှင်များ၊ ဘိလပ်မြေနှင့် ကွန်ကရစ် လုပ်ငန်းရှင်များ၊ အိမ်တွင်းအလှဆင် လုပ်ငန်းရှင်များ၊ သယ်ယူ ပို့ဆောင်ရေးကုမ္ပဏီ လုပ်ငန်းရှင်များအနေဖြင့် မြ န်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်(MCEF) နှင့်အတူ ဆောက်လုပ်ရေးလောက ဖွံ့ ဖြိုးတိုးတက်စေရေးအတွက် လက်တွဲပူးပေါင်း ဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်ထားခြင်းဖြစ်သည်။
ထို့ကြောင့် အတူလက်တွဲလုပ်ကိုင်လိုသူများအနေဖြင့်မြန် မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်ရုံးတည်ရှိရာ အမှတ်(၃)၊ သံသုမာလမ်းနှင့် ဝေဇယန္တာလမ်းထောင့် ၊ သုဝဏ္ဏလမ်းဆုံ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်တို င်းဒေသကြီး ၊ ဖုန်းနံပါတ် ဝ၉-၂၆၆၈၂၃၂၂၆ ၊ ၀၉- ၈၉၃၂ ၁ရ၁ဝ၉နှင့် Email : mcef1996@gmail.com သို့ ဆက်သွ ယ်ရန် ဖိတ်ခေါ်ထားသည်။