အရှေ့အာရှထိပ်သီး သံအမတ်ကြီးများ၏ ၁/၂၀၂၅ အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများအကြားစေ့စပ်ညှိနှိုင်းမှု၊ သံခင်းတမန်ခင်းနှင့် စိတ်စေတနာမှန်ထားရှိမှုတို့မှ တဆင့် ယုံကြည်မှု မြှင့်တင်ရေးအပေါ် အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်က အလေးအနက်ထား ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဂျကာတာမြို့ အခြေစိုက် အရှေ့အာရှထိပ်သီးအစည်း အဝေးဆိုင်ရာ သံအမတ်ကြီးများ၏ ၁/၂၀၂၅ အစည်းအဝေးကို အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ မတ်လ (၁၃)ရက်က ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးအောင်မျိုးမြင့်မှ တက်ရောက်ခဲ့ပြီး အစည်းအဝေးပြီးနောက် အာဆီယံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီးနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အစည်းအဝေး၌ အာဆီယံဆိုင်ရာမလေးရှားအမြဲတမ်းကိုယ်စားလှယ် H.E. Sarah Al Bakri Devadason က သဘာပတိအဖြစ် ဆောင်ရွက်၍ အရှေ့အာရှထိပ်သီးအစည်းအ ဝေး အဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ အာဆီယံအတွ င်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အာဆီယံဆိုင်ရာ တီမောလက်စတေအဖွဲ့ရုံးမှ ကိုယ်စားလှယ်က လေ့လာသူအဖြစ် တက်ရောက်ခဲ့ကြောင်း သိရသည်။
၎င်းအစည်းအဝေးတွင် အာဆီယံ-အရှေ့အာရှထိပ်သီးအစည်းအဝေး လုပ်ငန်းစီမံချက် (၂၀၂၄-၂၀၂၈) အကောင်အထည်ဖော်မှု အပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး ဖွံ့ ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အစရှိသည့် ဒေသတွင်း ကိစ္စရပ်များအပေါ် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာအမြဲတမ်းကိုယ်စားလှယ်က အရှေ့အာရှထိပ်သီးအစည်းအဝေး အဖွဲ့ဝင်နိုင်ငံများအကြား စေ့စပ်ညှိနှိုင်းမှု၊ သံခင်းတမန်ခင်းနှင့် စိတ်စေတနာမှန်ထားရှိမှုတို့မှတဆင့်ယုံကြည်မှု မြှင့်တင်ခြင်းဖြင့် လက်ရှိ အာဆီယံ ဥက္ကဋ္ဌ မလေးရှား၏ ဦးစားပေးကိစ္စရပ်ဖြစ်သည့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် လုံခြံုရေး ခိုင်မာ အားကောင်းစေရေးအပေါ် အလေးအနက်ထား ဆွေးနွေးခဲ့သည့်အပြင် မြန်မာ နိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို အသိပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးပြီးနောက် မြန်မာအမြဲတမ်းကိုယ်စားလှယ်သည် အာဆီယံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Evg eny Zagaynov နှင့် တွေ့ဆုံ၍ အာဆီယံနှင့် ရုရှားအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး အလားအလာများနှင့် လက်ရှိ အာဆီယံ-ရုရှား လုပ်ငန်း အစီအစဉ် (၂၀၂၁ – ၂၀၂၅) အကောင်အထည်ဖော်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ၂၀၂၄ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ အာဆီယံ-ရုရှား ဆွေးနွေးဖက်ဆက်ဆံရေး၏ ညှိနှိုင်းရေးမှူးအဖြစ် (၃) နှစ်တာဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။