Monday, March 17, 2025

မတ်လတွင် နှစ်ချုပ်စာရင်း လုပ်ငန်းများဆောင်ရွက်ရန် PO၊...

၂ဝ၂၄-၂၀၂၅ ခုနှစ်၊ ဘဏ္ဍာရေးနှစ်ကုန်ဆုံးသည့် မတ်လတွင် နှစ်ချုပ်စာရင်း လုပ်ငန်းများဆောင်ရွက်ရန်နှင့် ဘဏ်စာရင်းနှင့်ဌာနစာရင်း ကိုက်ညီရှိစေရေးအတွက် ကနဦးမှတ်ပုံတင်ခြင်းဆိုင်ရာမှတ်ပုံတင်အခငွေများကို PO ၊ ဘဏ်ငွေသွင်းချလန်ဖြင့် ပေးသွင်းခြင်းကို...

ယခုနှစ် ဖူဆယ်ဘောလုံးရာသီအပြီး MIU FC...

ပြီးဆုံးခဲ့ပြီဖြစ်သည့်၂၀၂၄ ဖူဆယ်ဘောလုံးရာသီအပြီးတွင် ချန်ပီဆုဖလားကို MIU FC အသင်းက စုစုပေါင်း ရမှတ် (၅၂)မှတ် ဖြင့် ရှုံးပွဲမရှိ ဆွတ်ခူးရရှိခဲ့သည်။ ယမန်နေ့ မတ်လ...

ထရမ့်ပ်အစိုးရသည် နိုင်ငံပေါင်း ဒါဇင်များစွာကို ဗီဇာပိတ်ပင်ရန်စဉ်းစားနေ

ဝါရှင်တန်၊ မတ် ၁၆ ထရမ့်ပ် အစိုးရက နိုင်ငံ့တားမြစ်ချက်အသစ်၏ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဒါဇင်နှင့်ချီသောနိုင်ငံများမှ နိုင်ငံခြားသားများအတွက် ဗီဇာ ကန့်သတ်ချက်များကို ထုတ်ပြန်ရန် စဉ်းစားနေကြောင်း အဆိုပါကိစ္စနှင့်...

ယီမင်ဟူသီများကိုအကြီးအကျယ်တိုက်ခိုက်၊ ၃၁ ဦးထက်မနည်း‌ေ-သဆုံး

ပင်လယ်နီတွင် ဖြတ်သန်းသွားလာသည့် သင်္ဘောများကို တိုက်ခိုက်နေသည့် အီရန် မဟာမိတ် ယီမင်နိုင်ငံ ဟူသီသူပုန်များကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မတ် ၁၆ ရက်တွင်...
HomeNewsLocal Newsစဥ့်အင်တံတားအနီး အသစ်တည်ဆောက်ထားသည့် ကွန်ကရစ်တံတား...

စဥ့်အင်တံတားအနီး အသစ်တည်ဆောက်ထားသည့် ကွန်ကရစ်တံတား ပြိုကျပြန်

ရှမ်းပြည်မြောက်ပိုင်း ၊ သီပေါ-လားရှိုးကြား ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ စဥ့်အင်တံတားအနီး အသစ်တည်ဆောက်ထားသည့် ကွန်ကရစ်တံတားမှာ ယမန်နေ့ကပြိုကျမည့် အခြေအနေဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးထံက သိရသည်။

ကွန်ခိုက်ရွာမှ စဉ့်အင်ချောင်းကို ဖြတ်၍ တည်ဆောက်ထားသည့် အဆိုပါ ကွန်ကရစ်တံတားကို ပြီးခဲ့နှစ် ဇူလိုင်လအတွင်းက ဖြတ်သန်းခွင့်ပြုခဲ့ပြီး ၊ ကွန်ကရစ်တိုင် ကွန်ကရစ်ခင်း တံတားအမျိုးအစားဖြစ်ကာ ယာဉ်ငယ်များအပြင် ကုန်တင်ယာဉ်များကိုပါ ဖြတ်သန်းနိုင်ရန် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

သီပေါ-လားရှိုးကြား ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ စဥ့်အင်တံတားမှာလည်း ကြမ်းခင်းများပျက်စီးနေသဖြင့် ယခု မတ်လ(၁၂)ရက်မှစတင်၍ အကြီးစားပြင်ဆင်မှုများဆောင်ရွက်လျက်ရှိသဖြင့် ဒေသတွင်း ခရီးသွားများ စဉ့်အင်ချောင်းကို ဖောင်ဖြင့်ဖြတ်၍သွားလာနေရသည်။

“တံတားနှစ်စင်းလုံးက သွားမရတော့ ဖောင်ဆိပ်ကဘဲ ဇက်နဲ့ကူးပြီး သွားနေတာပေါ့။ ကားတွေတော့ ပြန် တန်းစီနေရတော့ အချိန်ကြာသလို ယာဉ်ပိတ်ဆို့ကုန်တယ်။ ဒီတစ်ခါ ပြင်ရင်လည်း သေချာပြင်စေချင်တယ်။ တံတားဖြတ်သန်းခွန်တွေလည်းပေးထားတာပဲ။ တစ်ချက်တစ်ချက် အဲဒီလိုဖြစ်ရင် စိတ်ညစ်ရတယ်”ဟု ဒေသတွင်း ခရီးသွားတစ်ဦးက ပြော သည်။

လက်ရှိ စဉ်အင်ဖောင်ဆိပ်တွင် တန်းစီပိတ်ဆို့နေသည့် ယာဉ်စီးရေ များပြားနေပြီး၊ အချိန်လုသွားလာရသည့် ယာဉ်များအနေဖြင့် ကုံးမုံ-နမ္မလမ်းနှင့် လားရှိုး-အီနိုင်း-မန်စံ-မိုးတေ -သီပေါလမ်းတို့ကို ရွေးချယ်သွားလာနေကြကြောင်း ဆို သ ည်။

ထို့ကြောင့် ကွင်းလမ်းများမှ သွားလာနေရသည့် ဒေသတွင်းခရီးသွားများမှ ငွေ ကုန်ကြေးကျများခြင်း၊ အချိန်ကြန့် ကြာခြင်းများရှိနေသဖြင့် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးကို ပြန်လည်ဖွင့်လှစ်ရန် ဆန္ဒရှိနေကြကြောင်း သိရသ ည်။

တိုက်ပွဲများကြောင့် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတလျှောက်ရှိ ကျောက်မဲ – သီပေါ ဆက်သွယ်ထားသ ည့် ကျင်သီတံတား၊ လားရှိုး – ကွတ်ခိုင် ဆက်သွယ်ထားသ ည့် သိန္ဒီတံတား၊ လားရှိုး-သီပေါ ဆက်သွယ်ထားသည့် စဉ့်အင်တံတား၊ လားရှိုး – နမ္မတူ(နမ်ဆမ်)ဆက်သွယ်ထားသည့် အီနိုင်း တံတား၊ သီပေါ – နမ္မတူ ဆက်သွယ်ထားသည့် မိုးတေတံတားနှင့် ကျောက်မဲ – မိုင်ငေါ့ ဆက်သွယ်ထားသည့် နန့်မန်းတံတားတို့မှာ ဒေသတွင်း တိုက်ပွဲများအကြား ဖျက် ဆီးခံခဲ့ရခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မတ်လတွင် နှစ်ချုပ်စာရင်း လုပ်ငန်းများဆောင်ရွက်ရန် PO၊ ဘဏ်ငွေသွင်းချလန်ဖြင့် ပေးသွင်းခြင်းကို ခေတ္တရပ်နားထားမည်

၂ဝ၂၄-၂၀၂၅ ခုနှစ်၊ ဘဏ္ဍာရေးနှစ်ကုန်ဆုံးသည့် မတ်လတွင် နှစ်ချုပ်စာရင်း လုပ်ငန်းများဆောင်ရွက်ရန်နှင့် ဘဏ်စာရင်းနှင့်ဌာနစာရင်း ကိုက်ညီရှိစေရေးအတွက် ကနဦးမှတ်ပုံတင်ခြင်းဆိုင်ရာမှတ်ပုံတင်အခငွေများကို PO ၊ ဘဏ်ငွေသွင်းချလန်ဖြင့် ပေးသွင်းခြင်းကို ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ကနဦးယာဉ်မှတ်ပုံတင်လုပ်ငန်းငွေခန်းများကိုရုံးချုပ်၊ ကနဦး မော်တော်ယာဉ်မှတ်ပုံတင်ဌာန (နေပြည်တော်) ရုံးချုပ်၊ ကနဦး မော်တော်ယာဉ်မှတ်ပုံတင်ဌာန (ထောက်ကြန့်)၊ ရုံးချုပ်၊ ကနဦးမော်တော်ယာဉ်မှတ်ပုံတင်ဌာန (ရွာသာကြီး)၊ ရုံးချုပ်၊ ကနဦးမော်တော်ယာဉ် မှတ်ပုံတင်ဌာန (မန္တလေး)တွင် PO ဖြင့် လည်းကောင်း၊ ဘဏ်ငွေသွင်းချလန်ဖြင့်လည်းကောင်း၊ ငွေသားဖြင့်လည်းကောင်း လက်ခံဆောင်ရွက်လျက်ရှိသည်။ ယခုအခါ ၂ဝ၂၄-၂၀၂၅ ခုနှစ်၊...

ယခုနှစ် ဖူဆယ်ဘောလုံးရာသီအပြီး MIU FC အသင်း ချန်ပီဆုဖလား ဆွတ်ခူး

ပြီးဆုံးခဲ့ပြီဖြစ်သည့်၂၀၂၄ ဖူဆယ်ဘောလုံးရာသီအပြီးတွင် ချန်ပီဆုဖလားကို MIU FC အသင်းက စုစုပေါင်း ရမှတ် (၅၂)မှတ် ဖြင့် ရှုံးပွဲမရှိ ဆွတ်ခူးရရှိခဲ့သည်။ ယမန်နေ့ မတ်လ (၁၆) ရက်တွင် MFF Vita Max Futsal League (I) 2024- 2025 နောက်ဆုံးပွဲစဉ်များ ယှဉ်ပြိုင်အပြီး၊ ဆုပေးပွဲ အခမ်းအနားကို တဆက်တည်းကျင်းပခဲ့ကြသည်။ ဆုပေးပွဲ အခမ်းအနားတွင် ‌MFF Vita Max Futsal League (I) 2024- 2025 ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်တွင်...

ထရမ့်ပ်အစိုးရသည် နိုင်ငံပေါင်း ဒါဇင်များစွာကို ဗီဇာပိတ်ပင်ရန်စဉ်းစားနေ

ဝါရှင်တန်၊ မတ် ၁၆ ထရမ့်ပ် အစိုးရက နိုင်ငံ့တားမြစ်ချက်အသစ်၏ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဒါဇင်နှင့်ချီသောနိုင်ငံများမှ နိုင်ငံခြားသားများအတွက် ဗီဇာ ကန့်သတ်ချက်များကို ထုတ်ပြန်ရန် စဉ်းစားနေကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သည့် သတင်းရင်းမြစ်များနှင့် ရိုက်တာ မှ ရရှိထားသော အတွင်းရေးမှတ်စုတစ်ခုမှ ဖော်ပြထားသည်။ အဆိုပါ မှတ်တမ်းတွင် နိုင်ငံပေါင်း ၄၁ နိုင်ငံကို သီးခြားအုပ်စုသုံးစုခွဲ၍ စာရင်းပြုစုထားသည်။ အာဖဂန်နစ္စတန်၊ အီရန်၊ ဆီးရီးယား၊ ကျူးဘားနှင့် မြောက်ကိုရီယားတို့အပါအဝင် နိုင်ငံပေါင်း ၁၀ နိုင်ငံကို ပထမအုပ်စုအဖြစ် ဗီဇာကို လုံးဝ ဆိုင်းငံ့ထားမည်ဖြစ်သည်။ ဒုတိယအုပ်စုတွင် အီရီထရီးယား၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071