Monday, March 17, 2025

မတ်လတွင် နှစ်ချုပ်စာရင်း လုပ်ငန်းများဆောင်ရွက်ရန် PO၊...

၂ဝ၂၄-၂၀၂၅ ခုနှစ်၊ ဘဏ္ဍာရေးနှစ်ကုန်ဆုံးသည့် မတ်လတွင် နှစ်ချုပ်စာရင်း လုပ်ငန်းများဆောင်ရွက်ရန်နှင့် ဘဏ်စာရင်းနှင့်ဌာနစာရင်း ကိုက်ညီရှိစေရေးအတွက် ကနဦးမှတ်ပုံတင်ခြင်းဆိုင်ရာမှတ်ပုံတင်အခငွေများကို PO ၊ ဘဏ်ငွေသွင်းချလန်ဖြင့် ပေးသွင်းခြင်းကို...

ယခုနှစ် ဖူဆယ်ဘောလုံးရာသီအပြီး MIU FC...

ပြီးဆုံးခဲ့ပြီဖြစ်သည့်၂၀၂၄ ဖူဆယ်ဘောလုံးရာသီအပြီးတွင် ချန်ပီဆုဖလားကို MIU FC အသင်းက စုစုပေါင်း ရမှတ် (၅၂)မှတ် ဖြင့် ရှုံးပွဲမရှိ ဆွတ်ခူးရရှိခဲ့သည်။ ယမန်နေ့ မတ်လ...

ထရမ့်ပ်အစိုးရသည် နိုင်ငံပေါင်း ဒါဇင်များစွာကို ဗီဇာပိတ်ပင်ရန်စဉ်းစားနေ

ဝါရှင်တန်၊ မတ် ၁၆ ထရမ့်ပ် အစိုးရက နိုင်ငံ့တားမြစ်ချက်အသစ်၏ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဒါဇင်နှင့်ချီသောနိုင်ငံများမှ နိုင်ငံခြားသားများအတွက် ဗီဇာ ကန့်သတ်ချက်များကို ထုတ်ပြန်ရန် စဉ်းစားနေကြောင်း အဆိုပါကိစ္စနှင့်...

ယီမင်ဟူသီများကိုအကြီးအကျယ်တိုက်ခိုက်၊ ၃၁ ဦးထက်မနည်း‌ေ-သဆုံး

ပင်လယ်နီတွင် ဖြတ်သန်းသွားလာသည့် သင်္ဘောများကို တိုက်ခိုက်နေသည့် အီရန် မဟာမိတ် ယီမင်နိုင်ငံ ဟူသီသူပုန်များကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မတ် ၁၆ ရက်တွင်...
HomeInternationalဝီဂါကိစ္စ ထိုင်းအစိုးရတာဝန်ရှိသူများကို အမေရိက,က...

ဝီဂါကိစ္စ ထိုင်းအစိုးရတာဝန်ရှိသူများကို အမေရိက,က ပိတ်ဆို့ အရေးယူ

ပြီးခဲ့သည့်လက ဝီဂါလူမျိုး ၄၀ ကို တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ရာတွင် ပါဝင်ပတ်သက်ခဲ့သည့် ထိုင်းအစိုးရ တာဝန်ရှိသူများကို ဗီဇာကန့်သတ်ပိတ်ပင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက သောကြာနေ့တွင် ကြေညာခဲ့သည်။ အမေရိကန်အရာရှိများ၏ အဆိုအရ ဆက်ဖြစ်ပွားနေသည့် မျိုးသုဉ်း သတ်ဖြတ်သည့် လုပ်ရပ်တွင် နေရပ်ပြန်ပို့ခံရသူများသည် နှိပ်စက်ညှင်းပန်းမှုနှင့် ရင်ဆိုင်ရဖွယ်ရှိသည်ဟု ဆိုသည်။

အဆိုပါ ဝီဂါများသည် ၂၀၁၄ ခုနှစ်တွင် တရုတ်၏ ဖိနှိပ်မှုမှ လွတ်မြောက်လာပြီးနောက် ထိုင်းနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရခြင်းဖြစ်သည်။ ဖေဖော်ဝါရီ ၂၇ ရက်တွင် ၎င်းတို့ကို တရုတ်နိုင်ငံသို့ ပြန်ပို့ရန် ထိုင်းအစိုးရက ဆုံးဖြတ်ခဲ့မှုကြောင့် အမေရိကန်ပြည်ထောင်စု၊ ဥရောပ သမဂ္ဂ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ လူ့အခွင့်အရေးအုပ်စုများက ဝေဖန်ခဲ့ကြသည်။

အမေရိက ဗီဇာပိတ်ပင်မှုသည် ဝီဂါများကို တရုတ်နိုင်ငံသို့ အတင်းအကျပ်ပြန်ပို့ရာတွင် တာဝန်ရှိသော သို့မဟုတ် ကြံရာပါဖြစ်သော ထိုင်းအစိုးရ အရာရှိများနှင့် သက်ဆိုင်မည်ဖြစ်သည်ဟု ရူဘီယိုက ပြောဆိုခဲ့ပြီး ပြန်ပို့ခံရသူများအနေဖြင့် နှိပ်စက်ညှင်းပန်းခံရမှုနှင့် ပျောက်ဆုံးမှုများ ကြုံတွေ့ရနိုင်သည်ဟု သူက ဆိုခဲ့သည်။

“တရုတ်အစိုးရ၏ ဝီဂါများကို မျိုးသုဉ်း သတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုလုပ်ရပ်များ ကာလကြာရှည် လုပ်ဆောင်နေသောကြောင့် ကမ္ဘာတစ်ဝန်းမှ အစိုးရများအနေဖြင့် ဝီဂါနှင့် အခြားလူမျိုးအုပ်စုများကို တရုတ်နိုင်ငံသို့ အတင်းအကျပ်ပြန်မပို့ရန် ကျွနုပ်တို့ တောင်းဆိုသည်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ရူဘီယိုက ပြောဆိုခဲ့သည်။

ထိုင်းအစိုးရ အရာရှိများ၏ မိသားစုဝင်များသည်လည်း အမည်ပျက်စာရင်းသွင်းခြင်းအရ အမေရိကသို့ ခရီးသွားလာခြင်း ပိတ်ပင်ခံရနိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဆိုခဲ့သည်။

တားမြစ်ပိတ်ပင်ခံရမည့် အရာရှိအရေအတွက်နှင့် ပတ်သက်၍ အာအက်ဖ်အေ၏ မေးမြန်းချက်ကို နိုင်ငံခြားရေးဌာနက တုန့်ပြန်ဖြေကြားခြင်း မရှိပေ။ နိုင်ငံခြားရေးဌာနသည် ဗီဇာပိတ်ပင်ခံရသူများ၏ အမည်များကို အမေရိကန် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဥပဒေ၏ ကိုယ်ရေးကိုယ်တာစောင့်ထိန်းမှုအရဆိုကာ ထုတ်ဖော်ပြောဆိုလေ့မရှိပေ။ Ref:Benar News

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မတ်လတွင် နှစ်ချုပ်စာရင်း လုပ်ငန်းများဆောင်ရွက်ရန် PO၊ ဘဏ်ငွေသွင်းချလန်ဖြင့် ပေးသွင်းခြင်းကို ခေတ္တရပ်နားထားမည်

၂ဝ၂၄-၂၀၂၅ ခုနှစ်၊ ဘဏ္ဍာရေးနှစ်ကုန်ဆုံးသည့် မတ်လတွင် နှစ်ချုပ်စာရင်း လုပ်ငန်းများဆောင်ရွက်ရန်နှင့် ဘဏ်စာရင်းနှင့်ဌာနစာရင်း ကိုက်ညီရှိစေရေးအတွက် ကနဦးမှတ်ပုံတင်ခြင်းဆိုင်ရာမှတ်ပုံတင်အခငွေများကို PO ၊ ဘဏ်ငွေသွင်းချလန်ဖြင့် ပေးသွင်းခြင်းကို ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ကနဦးယာဉ်မှတ်ပုံတင်လုပ်ငန်းငွေခန်းများကိုရုံးချုပ်၊ ကနဦး မော်တော်ယာဉ်မှတ်ပုံတင်ဌာန (နေပြည်တော်) ရုံးချုပ်၊ ကနဦး မော်တော်ယာဉ်မှတ်ပုံတင်ဌာန (ထောက်ကြန့်)၊ ရုံးချုပ်၊ ကနဦးမော်တော်ယာဉ်မှတ်ပုံတင်ဌာန (ရွာသာကြီး)၊ ရုံးချုပ်၊ ကနဦးမော်တော်ယာဉ် မှတ်ပုံတင်ဌာန (မန္တလေး)တွင် PO ဖြင့် လည်းကောင်း၊ ဘဏ်ငွေသွင်းချလန်ဖြင့်လည်းကောင်း၊ ငွေသားဖြင့်လည်းကောင်း လက်ခံဆောင်ရွက်လျက်ရှိသည်။ ယခုအခါ ၂ဝ၂၄-၂၀၂၅ ခုနှစ်၊...

ယခုနှစ် ဖူဆယ်ဘောလုံးရာသီအပြီး MIU FC အသင်း ချန်ပီဆုဖလား ဆွတ်ခူး

ပြီးဆုံးခဲ့ပြီဖြစ်သည့်၂၀၂၄ ဖူဆယ်ဘောလုံးရာသီအပြီးတွင် ချန်ပီဆုဖလားကို MIU FC အသင်းက စုစုပေါင်း ရမှတ် (၅၂)မှတ် ဖြင့် ရှုံးပွဲမရှိ ဆွတ်ခူးရရှိခဲ့သည်။ ယမန်နေ့ မတ်လ (၁၆) ရက်တွင် MFF Vita Max Futsal League (I) 2024- 2025 နောက်ဆုံးပွဲစဉ်များ ယှဉ်ပြိုင်အပြီး၊ ဆုပေးပွဲ အခမ်းအနားကို တဆက်တည်းကျင်းပခဲ့ကြသည်။ ဆုပေးပွဲ အခမ်းအနားတွင် ‌MFF Vita Max Futsal League (I) 2024- 2025 ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်တွင်...

ထရမ့်ပ်အစိုးရသည် နိုင်ငံပေါင်း ဒါဇင်များစွာကို ဗီဇာပိတ်ပင်ရန်စဉ်းစားနေ

ဝါရှင်တန်၊ မတ် ၁၆ ထရမ့်ပ် အစိုးရက နိုင်ငံ့တားမြစ်ချက်အသစ်၏ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဒါဇင်နှင့်ချီသောနိုင်ငံများမှ နိုင်ငံခြားသားများအတွက် ဗီဇာ ကန့်သတ်ချက်များကို ထုတ်ပြန်ရန် စဉ်းစားနေကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သည့် သတင်းရင်းမြစ်များနှင့် ရိုက်တာ မှ ရရှိထားသော အတွင်းရေးမှတ်စုတစ်ခုမှ ဖော်ပြထားသည်။ အဆိုပါ မှတ်တမ်းတွင် နိုင်ငံပေါင်း ၄၁ နိုင်ငံကို သီးခြားအုပ်စုသုံးစုခွဲ၍ စာရင်းပြုစုထားသည်။ အာဖဂန်နစ္စတန်၊ အီရန်၊ ဆီးရီးယား၊ ကျူးဘားနှင့် မြောက်ကိုရီယားတို့အပါအဝင် နိုင်ငံပေါင်း ၁၀ နိုင်ငံကို ပထမအုပ်စုအဖြစ် ဗီဇာကို လုံးဝ ဆိုင်းငံ့ထားမည်ဖြစ်သည်။ ဒုတိယအုပ်စုတွင် အီရီထရီးယား၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071