Monday, March 17, 2025

မတ်လတွင် နှစ်ချုပ်စာရင်း လုပ်ငန်းများဆောင်ရွက်ရန် PO၊...

၂ဝ၂၄-၂၀၂၅ ခုနှစ်၊ ဘဏ္ဍာရေးနှစ်ကုန်ဆုံးသည့် မတ်လတွင် နှစ်ချုပ်စာရင်း လုပ်ငန်းများဆောင်ရွက်ရန်နှင့် ဘဏ်စာရင်းနှင့်ဌာနစာရင်း ကိုက်ညီရှိစေရေးအတွက် ကနဦးမှတ်ပုံတင်ခြင်းဆိုင်ရာမှတ်ပုံတင်အခငွေများကို PO ၊ ဘဏ်ငွေသွင်းချလန်ဖြင့် ပေးသွင်းခြင်းကို...

ယခုနှစ် ဖူဆယ်ဘောလုံးရာသီအပြီး MIU FC...

ပြီးဆုံးခဲ့ပြီဖြစ်သည့်၂၀၂၄ ဖူဆယ်ဘောလုံးရာသီအပြီးတွင် ချန်ပီဆုဖလားကို MIU FC အသင်းက စုစုပေါင်း ရမှတ် (၅၂)မှတ် ဖြင့် ရှုံးပွဲမရှိ ဆွတ်ခူးရရှိခဲ့သည်။ ယမန်နေ့ မတ်လ...

ထရမ့်ပ်အစိုးရသည် နိုင်ငံပေါင်း ဒါဇင်များစွာကို ဗီဇာပိတ်ပင်ရန်စဉ်းစားနေ

ဝါရှင်တန်၊ မတ် ၁၆ ထရမ့်ပ် အစိုးရက နိုင်ငံ့တားမြစ်ချက်အသစ်၏ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဒါဇင်နှင့်ချီသောနိုင်ငံများမှ နိုင်ငံခြားသားများအတွက် ဗီဇာ ကန့်သတ်ချက်များကို ထုတ်ပြန်ရန် စဉ်းစားနေကြောင်း အဆိုပါကိစ္စနှင့်...

ယီမင်ဟူသီများကိုအကြီးအကျယ်တိုက်ခိုက်၊ ၃၁ ဦးထက်မနည်း‌ေ-သဆုံး

ပင်လယ်နီတွင် ဖြတ်သန်းသွားလာသည့် သင်္ဘောများကို တိုက်ခိုက်နေသည့် အီရန် မဟာမိတ် ယီမင်နိုင်ငံ ဟူသီသူပုန်များကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မတ် ၁၆ ရက်တွင်...
HomeNewsLocal Newsပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာ နန္ဒမာလာဘိဝံသ...

ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာ နန္ဒမာလာဘိဝံသ ၏ မွေးနေ့အထိမ်းအမှတ်အနေဖြင့် လူဦးရေသုံးသောင်းကို စတုဒိသာ ကျွေးမွေးသွားမည်

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသ၏ မွေးနေ့အထိမ်းအမှတ်အနေဖြင့် မတ်လ (၂၂)ရက်တွင် လူဦးရေသုံးသောင်းကို စတုဒိသာကျွေးမွေးသွားမည်ဖြစ်ကြောင်း ရာသက်ပန် ကုမ္ပဏီ စတုဒိသာအဖွဲ့မှ သိရသည်။

ဆရာတော်ကြီး၏ သက်တော် (၈၅) နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာကုသိုလ်ကို ပူဇော်သော အားဖြင့် အများကောင်းမှု အဖြစ် လူဦးရေ (၃) သောင်းစာ စတုဒိသာ အာဟာရဒါနအလှူအဖြစ် ပေါ်ဆန်းမွှေး ထမင်းဖြူနှင့်အတူ ကြက်သားဟင်း၊ သီးစုံချဉ်ရည်ဟင်း၊ ပုဇွန်ခြောက်ထောင်းအစပ်ကြော်၊ ကြက်သဲမြစ် ပဲကြာဇံကြော်၊ ခရမ်းချဉ်သီးချက်တို့ကို ကျွေးမွေးသွားမည်ဖြစ်သည်။

စတုဒိသာ အလှူတော်မင်္ဂလာကို ပြင်ဦးလွင်မြို့၊ အနီးစခန်း၊ အောင်ချမ်းသာရပ်ကွက်ရှိ ဆရာတော်ကြီး သီတင်းသုံးရာ ဓမ္မသဟာယသာသနစင်တာကျောင်း၏ အလှူကွင်းပြင်ရှိ အလှူမဏ္ဍဒ်ကြီးတွင် မတ်လ(၂၂)ရက်၊ နံနက် (၉) နာရီမှ ညနေ (၅)နာရီအထိ အယုတ် အလတ် အမြတ်မရွေး သတ္တဝါအပေါင်းတို့အား ကျွေးမွေးဧည့်ခံမည် ဖြစ်သည်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသ၏ စတုဒိသာကျွေးမွေးမည့် အစီအစဉ်အား ရာသက်ပန် ကုမ္ပဏီ စတုဒိသာအဖွဲ့မှ တာဝန်ယူ သွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မတ်လတွင် နှစ်ချုပ်စာရင်း လုပ်ငန်းများဆောင်ရွက်ရန် PO၊ ဘဏ်ငွေသွင်းချလန်ဖြင့် ပေးသွင်းခြင်းကို ခေတ္တရပ်နားထားမည်

၂ဝ၂၄-၂၀၂၅ ခုနှစ်၊ ဘဏ္ဍာရေးနှစ်ကုန်ဆုံးသည့် မတ်လတွင် နှစ်ချုပ်စာရင်း လုပ်ငန်းများဆောင်ရွက်ရန်နှင့် ဘဏ်စာရင်းနှင့်ဌာနစာရင်း ကိုက်ညီရှိစေရေးအတွက် ကနဦးမှတ်ပုံတင်ခြင်းဆိုင်ရာမှတ်ပုံတင်အခငွေများကို PO ၊ ဘဏ်ငွေသွင်းချလန်ဖြင့် ပေးသွင်းခြင်းကို ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ကနဦးယာဉ်မှတ်ပုံတင်လုပ်ငန်းငွေခန်းများကိုရုံးချုပ်၊ ကနဦး မော်တော်ယာဉ်မှတ်ပုံတင်ဌာန (နေပြည်တော်) ရုံးချုပ်၊ ကနဦး မော်တော်ယာဉ်မှတ်ပုံတင်ဌာန (ထောက်ကြန့်)၊ ရုံးချုပ်၊ ကနဦးမော်တော်ယာဉ်မှတ်ပုံတင်ဌာန (ရွာသာကြီး)၊ ရုံးချုပ်၊ ကနဦးမော်တော်ယာဉ် မှတ်ပုံတင်ဌာန (မန္တလေး)တွင် PO ဖြင့် လည်းကောင်း၊ ဘဏ်ငွေသွင်းချလန်ဖြင့်လည်းကောင်း၊ ငွေသားဖြင့်လည်းကောင်း လက်ခံဆောင်ရွက်လျက်ရှိသည်။ ယခုအခါ ၂ဝ၂၄-၂၀၂၅ ခုနှစ်၊...

ယခုနှစ် ဖူဆယ်ဘောလုံးရာသီအပြီး MIU FC အသင်း ချန်ပီဆုဖလား ဆွတ်ခူး

ပြီးဆုံးခဲ့ပြီဖြစ်သည့်၂၀၂၄ ဖူဆယ်ဘောလုံးရာသီအပြီးတွင် ချန်ပီဆုဖလားကို MIU FC အသင်းက စုစုပေါင်း ရမှတ် (၅၂)မှတ် ဖြင့် ရှုံးပွဲမရှိ ဆွတ်ခူးရရှိခဲ့သည်။ ယမန်နေ့ မတ်လ (၁၆) ရက်တွင် MFF Vita Max Futsal League (I) 2024- 2025 နောက်ဆုံးပွဲစဉ်များ ယှဉ်ပြိုင်အပြီး၊ ဆုပေးပွဲ အခမ်းအနားကို တဆက်တည်းကျင်းပခဲ့ကြသည်။ ဆုပေးပွဲ အခမ်းအနားတွင် ‌MFF Vita Max Futsal League (I) 2024- 2025 ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်တွင်...

ထရမ့်ပ်အစိုးရသည် နိုင်ငံပေါင်း ဒါဇင်များစွာကို ဗီဇာပိတ်ပင်ရန်စဉ်းစားနေ

ဝါရှင်တန်၊ မတ် ၁၆ ထရမ့်ပ် အစိုးရက နိုင်ငံ့တားမြစ်ချက်အသစ်၏ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဒါဇင်နှင့်ချီသောနိုင်ငံများမှ နိုင်ငံခြားသားများအတွက် ဗီဇာ ကန့်သတ်ချက်များကို ထုတ်ပြန်ရန် စဉ်းစားနေကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သည့် သတင်းရင်းမြစ်များနှင့် ရိုက်တာ မှ ရရှိထားသော အတွင်းရေးမှတ်စုတစ်ခုမှ ဖော်ပြထားသည်။ အဆိုပါ မှတ်တမ်းတွင် နိုင်ငံပေါင်း ၄၁ နိုင်ငံကို သီးခြားအုပ်စုသုံးစုခွဲ၍ စာရင်းပြုစုထားသည်။ အာဖဂန်နစ္စတန်၊ အီရန်၊ ဆီးရီးယား၊ ကျူးဘားနှင့် မြောက်ကိုရီယားတို့အပါအဝင် နိုင်ငံပေါင်း ၁၀ နိုင်ငံကို ပထမအုပ်စုအဖြစ် ဗီဇာကို လုံးဝ ဆိုင်းငံ့ထားမည်ဖြစ်သည်။ ဒုတိယအုပ်စုတွင် အီရီထရီးယား၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071