Looking for something?

Explore the website

Looking for something?

Monday, March 17, 2025

မြန်မာနိုင်ငံတွင် ခရမ်းလွန်ရောင်ခြည်ကျရောက်မှု လိမ္မော်ရောင်အဆင့်အထိရှိနေ

ခရမ်းလွန်ရောင်ခြည်ကျရောက်မှုသည် မြန်မာနိုင်ငံ၌ လိမ္မော်ရောင်အဆင့်အထိရှိနေကြောင်း ပြန်ကြားရေးဝန်ကြီး ဌာနမှထုတ်ပြန်သည့် အပူဒဏ်အန္တရာယ်သတိပေးချက်အရ သိရသည်။ ယခုနှစ်မတ်လသည် ယခင်နှစ်မတ်လထက်ပိုပူသည်ဟူ ခံစားရခြင်းသည်လည်း ခရမ်းလွန်ရောင်ခြည်ကျရောက်မှုမြင့်မားသည့် အတွက်ကြောင့်ဖြစ်ကြောင်းလည်း ပြန်ကြားရေးဝန်ကြီးဌာနက ဆိုသည်။ မတ်လ...

ယူကရိန်းအပစ်ရပ်ရေးထရမ့်ပ်နှင့် ပူတင် ယခုသီတင်းပတ်တွင် ဆွေးနွေးမည်

သုံးနှစ်ကြာမြင့်လာပြီဖြစ်သည့် ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး နည်းလမ်းများနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ ယခုသီတင်းပတ်တွင် ဆွေးနွေးပြောဆိုရန် မျှော်လင့်ထားကြောင်း...

လစ်ဘာတီရုပ်တုပြန်ပေးရန်ဉရောပလွှတ်တော်ပြင်သစ်အမတ်ကအမေရိကကိုပြော

မတ် ၁၇ ပြင်သစ်နိုင်ငံသည် အမေရိကန်နိုင်ငံကို လွတ်လပ်ရေးလေဘာတီ ရုပ်တု ပေးခဲ့သော်လည်း ရုပ်ထုကို ပေးသော တန်ဖိုးများကို မလေးစားသောကြောင့် ပြင်သစ်နိုင်ငံမှ ပြန်လည်သိမ်းယူသင့်သည်ဟု ဉရောပလွှတ်တော်...

မတ်လတွင် နှစ်ချုပ်စာရင်း လုပ်ငန်းများဆောင်ရွက်ရန် PO၊...

၂ဝ၂၄-၂၀၂၅ ခုနှစ်၊ ဘဏ္ဍာရေးနှစ်ကုန်ဆုံးသည့် မတ်လတွင် နှစ်ချုပ်စာရင်း လုပ်ငန်းများဆောင်ရွက်ရန်နှင့် ဘဏ်စာရင်းနှင့်ဌာနစာရင်း ကိုက်ညီရှိစေရေးအတွက် ကနဦးမှတ်ပုံတင်ခြင်းဆိုင်ရာမှတ်ပုံတင်အခငွေများကို PO ၊ ဘဏ်ငွေသွင်းချလန်ဖြင့် ပေးသွင်းခြင်းကို...
HomeNewsLocal Newsနယူးဒေလီမြို့တွင် ကျင်းပမည့် အထူးသံတမန်သင်တန်းသို့...

နယူးဒေလီမြို့တွင် ကျင်းပမည့် အထူးသံတမန်သင်တန်းသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ် (၃၀) ဦး တက်ရောက်မည်

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ကျင်းပမည့် မြန်မာသံတမန်များအတွက် ဒုတိယအကြိမ် အထူးသံတမန်သင်တန်းသို့ တက်ရောက်မည့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ် (၃၀) ဦး နယူးဒေလီမြို့သို့ ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ အစီအစဉ်သည် မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာန Sushma Swaraj Institute of Foreign Service – SSIFS တို့အကြား MOU လက်မှတ်ရေးထိုးထားခြင်းဖြစ်သည်။

ထိုသို့ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (MOU)အရ SSIFS တွင် မြန်မာသံတမန်များအတွက် ဒုတိယအကြိမ် အထူးသံတမန်သင်တန်းကို မတ်လ(၁၇)ရက်မှ မတ်လ (၂၇)ရက်အထိ ကျင်းပမည်ဖြစ်သည်။

ယင်းသင်တန်းသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အငယ်တန်းအရာထမ်း(၃၀)ဦးသည် အုပ်ချုပ်သူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းအောင်ကျော် လိုက်ပါလျက် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မတ်လ(၁၅)ရက်တွင် ထွက်ခွာခဲ့ကြောင်း သိရသည်။

ထိုသို့ ထွက်ခွာလာရာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံးမှ သံရုံးဒုတိယအကြီးအကဲ Mr.Ashish Sharma တို့ လိုက်ပါပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် ပထဝီနိုင်ငံရေး၊ အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ မြန်မာသံတမန်ငယ်များအား သံတမန်ရေးရာ စွမ်းရည်များကို မြှင့်တင်ရန်နှင့် အိန္ဒိယနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များ လေ့လာခြ င်းတို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံတွင် ခရမ်းလွန်ရောင်ခြည်ကျရောက်မှု လိမ္မော်ရောင်အဆင့်အထိရှိနေ

ခရမ်းလွန်ရောင်ခြည်ကျရောက်မှုသည် မြန်မာနိုင်ငံ၌ လိမ္မော်ရောင်အဆင့်အထိရှိနေကြောင်း ပြန်ကြားရေးဝန်ကြီး ဌာနမှထုတ်ပြန်သည့် အပူဒဏ်အန္တရာယ်သတိပေးချက်အရ သိရသည်။ ယခုနှစ်မတ်လသည် ယခင်နှစ်မတ်လထက်ပိုပူသည်ဟူ ခံစားရခြင်းသည်လည်း ခရမ်းလွန်ရောင်ခြည်ကျရောက်မှုမြင့်မားသည့် အတွက်ကြောင့်ဖြစ်ကြောင်းလည်း ပြန်ကြားရေးဝန်ကြီးဌာနက ဆိုသည်။ မတ်လ ဒုတိယပတ်အတွင်းတွင်မူ ခရမ်းလွန်ရောင်ခြည်ပါဝင်မှု အညွှန်းကိန်းသည် အမြင့်ဆုံးအနီရောင် အဆင့်သို့ရောက်လုနီးဖြစ်နေပြီး လက်ရှိတွင် ဒုတိယအမြင့်ဆုံးခရမ်းလွန်ရောင်ခြည်ပါဝင်မှုအညွှန်းကိန်း (၆)မှ(၇) ပြည့်သည့် လိမ္မော်ရောင်အဆင့်ကို ရောက်နေသည်ဟု သိရသည်။ ထိုကဲ့သို့ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း မြင့်မားစွာရှိနေသောအချိန်များ၌ နေရောင်ခြည်နှင့် ထိတွေ့ပါက အရေပြားလောင်ခြင်း၊ အသားအရောင်များ ညိုမည်းလာခြင်းများဖြစ်လာနိုင်ကြောင်းလည်း ပြန်ကြားရေးဝန်ကြီးဌာနက သတိပေးထားသည်။ ထိုနည်းတူ နေရောင်ခြည်နှင့် ထိတွေ့မှုများလာသောအခါ အရေပြားများ အရွယ်မတိုင်မီပျက်စီးပြီး အိုမင်းရင့်ရော်မှုမြန်ဆန်ခြင်း၊...

ယူကရိန်းအပစ်ရပ်ရေးထရမ့်ပ်နှင့် ပူတင် ယခုသီတင်းပတ်တွင် ဆွေးနွေးမည်

သုံးနှစ်ကြာမြင့်လာပြီဖြစ်သည့် ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး နည်းလမ်းများနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ ယခုသီတင်းပတ်တွင် ဆွေးနွေးပြောဆိုရန် မျှော်လင့်ထားကြောင်း ရုရှားခရီးစဉ်မှ ပြန်လည်ရောက်ရှိလာသည့် အမေရိကန်သံတမန် စတိဗ် ဝစ်ကော့ဖ်က စီအင်န်အင်န်ကို ပြောကြားသည်။ မော်စကိုတွင် ပူတင်နှင့် တွေ့ဆုံမှုသည် အပြုသဘောဆောင်သည့် တွေ့ဆုံမှုဖြစ်ခဲ့သည်ဟုလည်း သူက ပြောဆိုခဲ့သည်။ “ဒီသီတင်းပတ်မှာ သမ္မတ နှစ်ဦးစလုံးနဲ့ ဖုန်းခေါ်ဆိုမှုရှိလာမယ်လို့ မျှော်လင့်ပါတယ်။ ယူကရိန်းတာဝန်ရှိသူတွေနဲ့လည်း ကျွန်တော်တို့ ဆွေးနွေးတာတွေ ဆက်လုပ်နေပါတယ်” ဟု မတ် ၁၃ ရက်ညပိုင်းက...

လစ်ဘာတီရုပ်တုပြန်ပေးရန်ဉရောပလွှတ်တော်ပြင်သစ်အမတ်ကအမေရိကကိုပြော

မတ် ၁၇ ပြင်သစ်နိုင်ငံသည် အမေရိကန်နိုင်ငံကို လွတ်လပ်ရေးလေဘာတီ ရုပ်တု ပေးခဲ့သော်လည်း ရုပ်ထုကို ပေးသော တန်ဖိုးများကို မလေးစားသောကြောင့် ပြင်သစ်နိုင်ငံမှ ပြန်လည်သိမ်းယူသင့်သည်ဟု ဉရောပလွှတ်တော် ပြင်သစ် ကိုယ်စားလှယ်တက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ "လွတ်လပ်ရေးရုပ်တုကို ငါတို့ကိုပြန်ပေးပါ" ဟု ဗဟိုလက်ဝဲနိုင်ငံရေးသမား ရာဖယ် ဂလပ်စမန်း က ၎င်း၏ ပလေ့စ် ပျူဘလစ် ဗဟိုလက်ဝဲလှုပ်ရှားမှုညီလာခံတွင် ပြောကြားခဲ့သည်။ "ကျွန်ုပ်တို့သည် သနားကြင်နာမှုမရှိသော အာဏာရှင်တွေ ဘက်လိုက်ဖို့ ရွေးချယ်ထားတဲ့ အမေရိကန်များ၊ သိပ္ပံပညာဆိုင်ရာ လွတ်လပ်ခွင့်အတွက် သုတေသီတွေကို အလုပ်ထုတ်ပစ်ခဲ့တဲ့ အမေရိကန်များကို ရည်ရွယ်ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071