ပင်လယ်နီတွင် ဖြတ်သန်းသွားလာသည့် သင်္ဘောများကို တိုက်ခိုက်နေသည့် အီရန် မဟာမိတ် ယီမင်နိုင်ငံ ဟူသီသူပုန်များကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မတ် ၁၆ ရက်တွင် အကြီးစားစစ်ဆင်ရေးကို စတင်လိုက်သည်။ ရက်ပေါင်းများစွာ ကြာမြင့်နိုင်သည်ဟု မျှော်လင့်ရသော အဆိုပါ စစ်ဆင်ရေးအစ တိုက်ခိုက်မှုတွင် လူ ၃၁ ဦးထက်မနည်း ေ-သဆုံးခဲ့သည်။
ဟူသီများ၏ အဓိက ကျောထောက်နောက်ခံဖြစ်သော အီရန်အနေဖြင့် သူပုန်အုပ်စုကို ပံ့ပိုးနေခြင်းကို ချက်ချင်းရပ်တန့်ရန် လိုအပ်သည်ဟုလည်း မစ္စတာ ထရမ့်ပ်က သတိပေးခဲ့သည်။ အီရန်သည် အမေရိကကို ခြိမ်းခြောက်ခဲ့ပါက “အမေရိကဟာ မင်းတို့ကို အပြည့်အ၀ တာဝန်ခံစေမှာဖြစ်ပြီး ဒီအတွက် ငါတို့ လက်ခံကျေနပ်နေမှာ မဟုတ်ဘူး” ဟု သူက ပြောဆိုခဲ့သည်။
ရက်ပေါင်းများစွာ သို့မဟုတ် သီတင်းပတ် နှင့် ချီ၍ ကြာနိုင်သည်ဟု အမေရိကန်အရာရှိတစ်ဦးက ပြောဆိုထားသော ပြင်းထန်သည့် တိုက်ခိုက်မှုများသည် ဇန်နဝါရီလတွင် မစ္စတာ ထရမ့်ပ် ရာထူးတာဝန်စတင်ထမ်းဆောင်ပြီးနောက်ပိုင်း အရှေ့အလယ်ပိုင်းတွင် အမေရိကန်စစ်တပ်၏ အကြီးမားဆုံး စစ်ဆင်ရေးဖြစ်သည်။
အမေရိက၏ တိုက်ခိုက်မှုတွင် အမျိုးသမီးနှင့် ကလေ-းအများစု အပါအဝင် လူ ၃၁ ဦး ေ-သဆုံးကာ ၁၀၁ ဦး ဒဏ်ရာရခဲ့သည်ဟု ဟူသီ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Anees al-Asbahi က ပြောကြားခဲ့သည်။
ဟူသီနိုင်ငံရေးဦးေဆာင်အဖွဲ့က တိုက်ခိုက်မှုများကို စစ်ရာဇဝတ်မှုအဖြစ် ဖော်ပြခဲ့သည်။
“ကျွနု်ပ်တို့ရဲ့ ယီမင်လက်နက်ကိုင်တပ်ဖွဲ့ဟာ အရှိန်မြှင့် တိုက်ခိုက်လာမှုတွေကို တုန့်ပြန်ဖို့ရာ အပြည့်အ၀ အသင့်ပြင်ထားပြီးဖြစ်တယ်” ဟု ၎င်း၏ သတင်းထုတ်ပြန်ချက်တွင် ပြောဆိုခဲ့သည်။
Ref: သည်စထရိတ်တိုင်းမ်စ်