Wednesday, March 19, 2025

သယ်ယူပို့ဆောင်ရေးတွင် EV အသုံးပြုမှုသိသိသာသာမြင့်တက်လာ

ကမ္ဘာကြီးရေရှည်တည်တံ့ရန် နိုင်ငံတကာတွင် ၂၀၅၀ ပြည့်နှစ်၌ ကာဗွန်ထုတ်လွှတ်မှုကင်းစင်ရေးကိုဦးတည်ဆောင်ရွက်လျက်ရှိရာ သယ်ယူပို့ဆောင်ရေးတွင် EV များအသုံးပြုမှုသိသိသာသာမြင့်တက်လာသည်ဟု လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ သိပ္ပံနှင့်နည်းပညာဝန်...

ငွေလိ-မ်ဂိုဏ်းများရောက် အင်ဒိုနီးရှား ၅၀၀ ကျော်ကို...

နယ်စပ်ရှိ ငွေလိ-မ်ဂိုဏ်းများမှ လွတ်မြောက်လာသော အင်ဒိုနီးရှားနိုင်ငံသား ၅၀၀ ကျော်ကို လာမည့်ရက်များတွင် ထိုင်းနိုင်ငံမှတဆင့် နေရပ်ပြန်ခေါ်သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှား အစိုးရအရာရှိတစ်ဦးက မတ် ၁၈...

မကြာမီ အမေရိကသို့ ရှီကျင့်ဖျင် လာမည်–ထရမ့်ပ်

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် သိပ်မကြာမီတွင် အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ်လာရောက်လိမ့်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တနင်္လာနေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ လက်ရှိတွင် ထရမ့်ပ်၏ အခွန်စည်းကြပ်မှုများကြောင့် ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး...

AA စီးပွားရေးတာဝန်ခံစီမံခန့်ခွဲနေသည့် မူး-ယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်များအား ငွေကျပ်(၉၆)ဘီလီယံကျော်တန်ဖိုးရှိ...

မလေးရှားပင်လယ်ရေပြင်သို့ ငွေကျပ်(၉၆)ဘီလီယံကျော်တန်ဖိုးရှိ မူး-ယစ်ဆေးဝါးများအား ပို့ဆောင်ရောင်းချမည့် AA စီးပွားရေးတာဝန်ခံစီမံခန့်ခွဲနေသည့် မူး-ယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်များအား ရန်ကုန်မြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း မူးယ-စ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။ မူးယ-စ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မတ် ၆...
HomeNewsLocal Newsသီလဝါအိမ်ရာနှင့် ကနောင်အိမ်ရာတို့၌ စီမံကိန်းဖြင့်ရောင်းချခဲ့သော...

သီလဝါအိမ်ရာနှင့် ကနောင်အိမ်ရာတို့၌ စီမံကိန်းဖြင့်ရောင်းချခဲ့သော အခန်းများအား ယာယီနေထိုင်ခွင့်ထုတ်ပေး

သီလဝါအိမ်ရာနှင့် ကနောင်အိမ်ရာတို့တွင် အိမ်ရာချေးငွေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အစီအစဉ်ဖြင့် ရောင်းချခဲ့သော အခန်းများအား ယာယီနေထိုင်ခွင့် ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအသိ ပေးကြေညာထားသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လ (၂၁) ရက်တွင် အဆိုပါအိမ်ရာရှိ အခန်းများကို ဌာနသို့ အမည် စာရင်းပေးပို့ထားပြီးဖြစ်ကာ အခန်းဝယ်ယူခွင့် ရရှိထားသူများအား ယာယီနေထိုင်ခွင့်ပြုပေးသွားမည် ဖြစ်သည်။

ယာယီနေထိုင်ခွင့် အကြောင်းကြားစာ ထုတ်ပေးခြင်းကို ၂၀၂၅ ခုနှစ် မတ်လ (၂၀) ရက်မှ လကုန်ရက်အထိ ရုံးချိန်အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာန (အမှတ်၂၂၈/၂၃၄၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဗိုလ်တထောင်မြို့နယ်)တွင် ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

အဆိုပါ ယာယီနေထိုင်ခွင့် အကြောင်းကြားစာ ထုတ်ယူမည့် သူများအနေဖြင့် ကိုယ်တိုင်ထုတ်ယူမည်ဆိုပါက မှတ်ပုံတင်မူရင်းနှင့်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူတို့ဖြင့်လည်းကောင်း၊ ကိုယ်စားထုတ်ယူမည်ဆိုပါက ကိုယ်စားလှယ်လွှဲစာမူရင်း၊ ကာယကံရှင်နှင့် ကိုယ်စားလှယ်၏ မှတ်ပုံတင်မူရင်းနှင့်မိတ္တူ၊ သန်းခေါင်စာရင်း မိတ္တူတို့ဖြင့်လည်းကောင်း တင်ပြ၍ ထုတ်ယူရမည် ဖြစ်သည်။

အခန်းဝယ်ယူခွင့်ရရှိသူများအနေဖြင့် ချေးငွေနှင့်ပတ်သက်သော လုပ်ငန်းများကို CHID Bank နှင့် ပြီးပြတ်အောင်ဆောင်ရွက်ရမည်ဖြစ်ပြီး ယာယီနေထိုင်ခွင့်နှင့်စပ်လျဉ်း၍အသေးစိတ် စုံစမ်းမေးမြန်းလိုပါက ၀၉-၉၈၃၉၃၀၈၈၁ ၊ ၀၉-၄၂၁ ၇၂၁၀၃၃ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သယ်ယူပို့ဆောင်ရေးတွင် EV အသုံးပြုမှုသိသိသာသာမြင့်တက်လာ

ကမ္ဘာကြီးရေရှည်တည်တံ့ရန် နိုင်ငံတကာတွင် ၂၀၅၀ ပြည့်နှစ်၌ ကာဗွန်ထုတ်လွှတ်မှုကင်းစင်ရေးကိုဦးတည်ဆောင်ရွက်လျက်ရှိရာ သယ်ယူပို့ဆောင်ရေးတွင် EV များအသုံးပြုမှုသိသိသာသာမြင့်တက်လာသည်ဟု လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ သိပ္ပံနှင့်နည်းပညာဝန် ကြီးဌာန ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျက ပြောသည်။ ၎င်းမှ မတ် ၁၇ ရက်နံနက်ပိုင်းက ရန်ကုန်မြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)၌ကျင်းပသည့် EV Maintenance သင်တန်း(၁/၂၀၂၅)ဖွင့်ပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ယနေ့ခေတ်တွင် ကမ္ဘာ့စွမ်းအင်အကျပ်အတည်းမှ ရုပ်ကြွင်းလောင်စာများလျော့နည်းရှားပါးလာမှု၊ တစ်ဖန် ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့များလေထုလွှာအတွင်းထုတ်လွှတ်မှုမှ ကမ္ဘာကြီးပူနွေးလာပြီး ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုဆိုင်ရာ ဆိုးကျိုး သက်ရောက်လာသောစိန်ခေါ်မှုကို ကျော်လွှားနိုင်ကာ ကမ္ဘာကြီးရေရှည်တည်တံ့ရန် နိုင်ငံတကာတွင် ၂၀၅၀ ပြည့်နှစ်၌...

ငွေလိ-မ်ဂိုဏ်းများရောက် အင်ဒိုနီးရှား ၅၀၀ ကျော်ကို နေရပ်ပြန်ပို့မည်

နယ်စပ်ရှိ ငွေလိ-မ်ဂိုဏ်းများမှ လွတ်မြောက်လာသော အင်ဒိုနီးရှားနိုင်ငံသား ၅၀၀ ကျော်ကို လာမည့်ရက်များတွင် ထိုင်းနိုင်ငံမှတဆင့် နေရပ်ပြန်ခေါ်သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှား အစိုးရအရာရှိတစ်ဦးက မတ် ၁၈ ရက်တွင် အေအက်ဖ်ပီသတင်းဌာနကို ပြောကြားသည်။ မြန်မာ-ထိုင်းနယ်စပ်တွင် နှစ်နှင့်ချီ၍ ကြီးထွားနေခဲ့သော ဆိုက်ဘာအလိ-မ်အညာလုပ်ငန်းများသည် နိုင်ငံခြားသားလုပ်သားများကို လစာမြင့်မားသော အလုပ်အကိုင်မက်လုံးများပေး၍ ဖြားယောင်းခေါ်ဆောင်ကာ ဓ-ါးစာခံအဖြစ် ထိန်းသိမ်းပြီး အွန်လိုင်း အလိ-မ်အညာလုပ်ငန်းများကို ခိုင်းစေကြသည်။ မကြာသေးမီ ရက်သတ္တပတ်များအတွင်း အနည်းဆုံး နိုင်ငံပေါင်း နှစ်ဒါဇင်ခန့်မှ အလုပ်သမား ၇,၀၀၀ ဝန်းကျင် ပြန်လွတ်မြောက်ခဲ့ပြီး အများစုမှာ တရုတ်လူမျိုးများဖြစ်သည်။ သို့ရာတွင်...

မကြာမီ အမေရိကသို့ ရှီကျင့်ဖျင် လာမည်–ထရမ့်ပ်

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် သိပ်မကြာမီတွင် အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ်လာရောက်လိမ့်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တနင်္လာနေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ လက်ရှိတွင် ထရမ့်ပ်၏ အခွန်စည်းကြပ်မှုများကြောင့် ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုများ မြင့်တက်လျက်ရှိနေသည်။ “သိပ်မဝေးတော့တဲ့ အနာဂတ်မှာ သူလာမှာပါ” ဟု ဝါရှင်တန်ရှိကနေဒီစင်တာတွင် တရုတ်ခေါင်းဆောင်နှင့်ပတ်သက်၍ သတင်းထောက်များကို ထရမ့်ပ်က ပြောကြားခဲ့ပြီး အသေးစိတ်အချက်များကိုမူ မပြောကြားခဲ့ပေ။ အမေရိက၌ ဇွန်လလောက်တွင် ထိပ်သီးအစည်းအဝေး ဖြစ်နိုင်ခြေနှင့် ပတ်သက်၍ ဝါရှင်တန်နှင့် ပေကျင်းတို့ ဆွေးနွေးညှိနှိုင်းမှုများ စတင်နေပြီဟု ဝေါစထရိဂျာနယ်က ပြီးခဲ့သည့် သီတင်းပတ်တွင် သတင်းဖော်ပြခဲ့သည်။ ဇန်နဝါရီလတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071