စာစစ်ဌာန တစ်ခုတည်း ဖွင့်လှစ်ထားသည့် ရှမ်းပြည်တောင်ပိုင်း ၊ ဟိုပုန်းမြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/သူ(၃၅၆) ဦးရှိကြောင်း သိရသည်။
ယနေ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမရက်၌ မြန်မာစာဘာသာဝင်ရောက်ဖြေဆိုသူ ကျောင်းသား (၁၄၁) ဦး၊ ကျောင်းသူ (၂၁၅) ဦး စုစုပေါင်း (၃၅၆) ဦး၊ ပျက်ကွက် ကျောင်းသား (၃) ဦး၊ ကျောင်းသူ (၄) ဦး စုစုပေါင်း (၇) ဦး ရာခိုင်နှုန်းအားဖြင့် (၉၈.၀၇) ဖြေဆိုလျက်ရှိကြောင်း သိရသည်။
စာမေးပွဲဖြေဆိုသည့် ဟိုပုန်းမြို့၊အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် အဖွဲ့ဝင်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များက စာမေးပွဲဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲအား မတ်လ (၁၇) ရက်မှ မတ်လ (၂၂) ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။