Looking for something?

Explore the website

Looking for something?

Wednesday, March 19, 2025

ငွေလိ-မ်ဂိုဏ်းများရောက် အင်ဒိုနီးရှား ၅၀၀ ကျော်ကို...

နယ်စပ်ရှိ ငွေလိ-မ်ဂိုဏ်းများမှ လွတ်မြောက်လာသော အင်ဒိုနီးရှားနိုင်ငံသား ၅၀၀ ကျော်ကို လာမည့်ရက်များတွင် ထိုင်းနိုင်ငံမှတဆင့် နေရပ်ပြန်ခေါ်သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှား အစိုးရအရာရှိတစ်ဦးက မတ် ၁၈...

မကြာမီ အမေရိကသို့ ရှီကျင့်ဖျင် လာမည်–ထရမ့်ပ်

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် သိပ်မကြာမီတွင် အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ်လာရောက်လိမ့်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တနင်္လာနေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ လက်ရှိတွင် ထရမ့်ပ်၏ အခွန်စည်းကြပ်မှုများကြောင့် ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး...

AA စီးပွားရေးတာဝန်ခံစီမံခန့်ခွဲနေသည့် မူး-ယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်များအား ငွေကျပ်(၉၆)ဘီလီယံကျော်တန်ဖိုးရှိ...

မလေးရှားပင်လယ်ရေပြင်သို့ ငွေကျပ်(၉၆)ဘီလီယံကျော်တန်ဖိုးရှိ မူး-ယစ်ဆေးဝါးများအား ပို့ဆောင်ရောင်းချမည့် AA စီးပွားရေးတာဝန်ခံစီမံခန့်ခွဲနေသည့် မူး-ယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်များအား ရန်ကုန်မြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း မူးယ-စ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။ မူးယ-စ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မတ် ၆...

Online လိ-မ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်သည့်...

ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မယ်ထော်သလေး၊ မင်းလက်ပံနှင့် KK Park နယ်မြေများတွင် Online လော-င်းကစားမှုများ၊ Online လိ-မ်လည်မှုများတွင် ဆက်စပ်ပါဝင်သည့် ဂျပန်နိုင်ငံသား(၁)ဦးအပါအဝင်...
HomeInternationalဘိုင်ဒင်ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် ဘိုင်ဒင်ကိုယ်တိုင်ရေးထိုးထားသော လက်မှတ်မဟုတ်သဖြင့်...

ဘိုင်ဒင်ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် ဘိုင်ဒင်ကိုယ်တိုင်ရေးထိုးထားသော လက်မှတ်မဟုတ်သဖြင့် ပျက်ပြယ်ကြောင်း ထရမ့်ဆို

သမ္မတဟောင်း ဘိုင်ဒင်က သူ၏ သမ္မတသက်တမ်းနောက်ဆုံးမိနစ်များတွင် ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် သူကိုယ်တိုင် လက်မှတ်ရေးထိုးထားခြင်းမဟုတ်သဖြင့်”ပျက်ပြယ်” သည်ဟု ယုံကြည်ကြောင်း သမ္မတထရမ့်က လူမှုကွန်ရက်ပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကို Autopen ဖြင့် လက်မှတ်ရေးထိုးထားသောကြောင့် ဖြစ်သည်။

Autopen (သို့မဟုတ် လက်မှတ်ရေးထိုးစက်) ဆိုသည်မှာ လက်မှတ်ကို အလိုအလျောက်ရေးထိုးရန် အသုံးပြုသည့် ကိရိယာတစ်ခုဖြစ်သည်။ ထင်ရှားကျော်ကြားသော နာမည်ကြီးပုဂ္ဂိုလ်များ၊ ဆယ်လီများသည် တစ်နေ့တာလုံး လက်မှတ်တောင်းခံရမှုများစွာကို ရင်ဆိုင်ရနိုင်သည်။ ထို့ကြောင့်၊ ထင်ရှားကျော်ကြားသော နာမည်ကြီးပုဂ္ဂိုလ်များ၊ လူသိများသော ဆယ်လီပုဂ္ဂိုလ်များစွာတို့သည် သူတို့၏ လက်မှတ်ကို လူကိုယ်တိုင်တိုက်ရိုက်‌ရေးထိုးစရာမလိုဘဲ လိုအပ်သည့်အချိန်တွင် အလိုအလျောက်ရိုက်နှိပ်နိုင်ရန် Autopen စက်ကို အသုံးပြုလေ့ရှိသည်။

“အိပ်ငိုက်နေသော ဂျိုးဘိုင်ဒင်က နိုင်ငံရေးလူဆိုးများ နှင့် အခြားသူများအား ပေးအပ်ခဲ့သော ‘လွတ်ငြိမ်းချမ်းသာခွင့်များ’ သည် Autopen ဖြင့် လက်မှတ်ရေးထိုးထားခြင်းသာဖြစ်သောကြောင့် ယခုအခါ ပျက်ပြယ်သွားပြီဖြစ်ပြီး၊ နောက်ထပ်အာဏာသက်ရောက်မှု မရှိတော့ပါ” ဟု ထရမ့်ကက Truth Social တွင် တနင်္လာနေ့အစောပိုင်းက ရေးသားပြောကြားခဲ့သည်။

ဇန်နဝါရီလက ထရမ့် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမှုမတိုင်မီအချိန်တွင်၊ ဘိုင်ဒင်သည် ထရမ့်၏ နိုင်ငံရေးရန်သူများကို လွတ်ငြိမ်းချမ်းသာခွင့်များ လက်မှတ်ရေးထိုး‌ပေးခဲ့သည်။ ထိုသူများတွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့က အမေရိကန်လွှတ်တော်အဆောက်အဦး၌ ဖြစ်ပွားခဲ့သော အဓိကရုဏ်းကို စုံစမ်းစစ်ဆေးခဲ့သည့် အောက်လွှတ်တော်ကော်မတီအဖွဲ့ဝင်များ၊ ဘိုင်ဒင် ၏ မိသားစုဝင်များ နှင့် ဗိုလ်ချုပ်ကြီး မာ့ခ်မီလီ တို့ ပါဝင်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငွေလိ-မ်ဂိုဏ်းများရောက် အင်ဒိုနီးရှား ၅၀၀ ကျော်ကို နေရပ်ပြန်ပို့မည်

နယ်စပ်ရှိ ငွေလိ-မ်ဂိုဏ်းများမှ လွတ်မြောက်လာသော အင်ဒိုနီးရှားနိုင်ငံသား ၅၀၀ ကျော်ကို လာမည့်ရက်များတွင် ထိုင်းနိုင်ငံမှတဆင့် နေရပ်ပြန်ခေါ်သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှား အစိုးရအရာရှိတစ်ဦးက မတ် ၁၈ ရက်တွင် အေအက်ဖ်ပီသတင်းဌာနကို ပြောကြားသည်။ မြန်မာ-ထိုင်းနယ်စပ်တွင် နှစ်နှင့်ချီ၍ ကြီးထွားနေခဲ့သော ဆိုက်ဘာအလိ-မ်အညာလုပ်ငန်းများသည် နိုင်ငံခြားသားလုပ်သားများကို လစာမြင့်မားသော အလုပ်အကိုင်မက်လုံးများပေး၍ ဖြားယောင်းခေါ်ဆောင်ကာ ဓ-ါးစာခံအဖြစ် ထိန်းသိမ်းပြီး အွန်လိုင်း အလိ-မ်အညာလုပ်ငန်းများကို ခိုင်းစေကြသည်။ မကြာသေးမီ ရက်သတ္တပတ်များအတွင်း အနည်းဆုံး နိုင်ငံပေါင်း နှစ်ဒါဇင်ခန့်မှ အလုပ်သမား ၇,၀၀၀ ဝန်းကျင် ပြန်လွတ်မြောက်ခဲ့ပြီး အများစုမှာ တရုတ်လူမျိုးများဖြစ်သည်။ သို့ရာတွင်...

မကြာမီ အမေရိကသို့ ရှီကျင့်ဖျင် လာမည်–ထရမ့်ပ်

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် သိပ်မကြာမီတွင် အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ်လာရောက်လိမ့်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တနင်္လာနေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ လက်ရှိတွင် ထရမ့်ပ်၏ အခွန်စည်းကြပ်မှုများကြောင့် ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုများ မြင့်တက်လျက်ရှိနေသည်။ “သိပ်မဝေးတော့တဲ့ အနာဂတ်မှာ သူလာမှာပါ” ဟု ဝါရှင်တန်ရှိကနေဒီစင်တာတွင် တရုတ်ခေါင်းဆောင်နှင့်ပတ်သက်၍ သတင်းထောက်များကို ထရမ့်ပ်က ပြောကြားခဲ့ပြီး အသေးစိတ်အချက်များကိုမူ မပြောကြားခဲ့ပေ။ အမေရိက၌ ဇွန်လလောက်တွင် ထိပ်သီးအစည်းအဝေး ဖြစ်နိုင်ခြေနှင့် ပတ်သက်၍ ဝါရှင်တန်နှင့် ပေကျင်းတို့ ဆွေးနွေးညှိနှိုင်းမှုများ စတင်နေပြီဟု ဝေါစထရိဂျာနယ်က ပြီးခဲ့သည့် သီတင်းပတ်တွင် သတင်းဖော်ပြခဲ့သည်။ ဇန်နဝါရီလတွင်...

AA စီးပွားရေးတာဝန်ခံစီမံခန့်ခွဲနေသည့် မူး-ယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်များအား ငွေကျပ်(၉၆)ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ရန်ကုန်မြို့၌ဖမ်းမိ

မလေးရှားပင်လယ်ရေပြင်သို့ ငွေကျပ်(၉၆)ဘီလီယံကျော်တန်ဖိုးရှိ မူး-ယစ်ဆေးဝါးများအား ပို့ဆောင်ရောင်းချမည့် AA စီးပွားရေးတာဝန်ခံစီမံခန့်ခွဲနေသည့် မူး-ယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်များအား ရန်ကုန်မြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း မူးယ-စ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။ မူးယ-စ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မတ် ၆ ရက်ည ၇ နာ ရီခွဲက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၄၄)ရပ် ကွက်၊ ဆင်ဖြူရှင်လမ်းရှိ ဂိုဒေါင်တစ်လုံးအားဝင်ရောက်ရှာဖွေစစ်ဆေးရာ သန်းလွင်၊ ဝေယျာအောင် (ခ)သားကြီး၊ သန့်ကောင်းဆက်(ခ)ပေါင်ချိန်၊ ရဲရင့်နိုင်၊ လှသန်းဦး(ခ)ရာကွတ်တို့အား အိုက်စ်(၁ ဒသ မ ၂ တန်)နှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်များအရ သိမ်းဆည်းရမိခဲ့သည့် အိုက်စ်များအား "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့နေထိုင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071