ပေကျင်း၊ မတ် ၁၇
လူမှောင်ခိုကူးမှုနှင့် အခြားနယ်စပ်ဖြတ်ကျော်မှုခင်းများကို နှိမ်နင်းရန် အချုပ်အခြာအာဏာပိုင်နိုင်ငံနှစ်ခုဖြစ်သော တရုတ်နှင့် ထိုင်းနိုင်ငံတို့၏ ပူးပေါင်းဆောင်ရွက်ခြင်းသည် နှစ်နိုင်ငံလုံး၏ ပြည်တွင်းဥပဒေများနှင့်အညီဖြစ်သကဲ့သို့ နိုင်ငံတကာဥပဒေနှင့် ဘုံကျင့်ထုံးများနှင့်အညီလည်း ဆောင်ရွက်လျက်ရှိသည်။ ယခု ကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုတွင် အမေရိကန်အနေဖြင့် ဝင်ရောက်စွက်ဖက်ခွင့်မရှိပါဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တနင်္လာနေ့မှာ ပြောကြားခဲ့ပါသည်။
တရုတ် ပြောခွင့်ရပုဂ္ဂိုလ် မောနင်းက တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို က နေရပ်ပြန်ပို့ရေး ပူးပေါင်းဆောင်ရွက်မှုမှာ ပါဝင်သော ထိုင်းအစိုးရ အရာရှိများအပေါ် အကျိုး သက်ရောက်မည့် ဗီဇာကန့်သတ်မှု မူဝါဒ အပါအဝင် ပိတ်ဆို့အရေးယူမှုများနှင့် ပတ်သက်သော မေးခွန်းတစ်ခုကို ဖြေကြားရာတွင် ထိုကဲ့သို့ ပြောကြားခဲ့သည်။
ငွေကြေးမက်လုံး၏ဖြားယောင်းမှုခံရ၍ တရုတ် နိုင်ငံသားများသည် နယ်စပ်ကို တရားမဝင် ဖြတ်ကျော်ကာ ထိုင်းနိုင်ငံတွင် ဆယ်စုနှစ်တစ်ခုကျော်ကြာ သောင်တင်နေခဲ့သည် ကို သတိပြုမိကာ တရုတ်အစိုးရသည် ၎င်း၏နိုင်ငံသားများကို ၎င်းတို့၏ မိသားစုများနှင့် ပြန်လည်ပေါင်းစည်းကာ ပုံမှန်ဘဝကို ပြန်လည်နေထိုင်ဖို့ ကူညီပေးရန် တရုတ်အစိုးရတွင် တာဝန်ရှိကြောင်း မော်က ပြောကြားခဲ့သည်။
ဤပြဿနာကို အမေရိကန်ပြည်ထောင်စုသည် နိုင်ငံရေး ဇတ်သွင်းခြင်းဖြင့်လိုတမျိုး မလိုတမျိုး မူကို ကျင့်သုံးကာ အခြားနိုင်ငံများကို ဖိနှိပ်ရန် ကြိုးပမ်းနေကြောင်း၊ အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် ကြပ်မတ်ရေး (ICE) က ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံပေါင်း ၁၉၂ နိုင်ငံသို့ မူရင်းနိုင်ငံသားမဟုတ်သူ ၂၇၀,၀၀၀ ကျော်ကို ဖယ်ရှားခဲ့ကြောင်း ထပ်လောင်း ပြောကြားခဲ့ရာ “ဤသို့ ပြည်နှင်ဒဏ်ပေးခြင်းသည် ၂၀၁၄ ခု နှစ် နောက်ပိုင်း၌ အမေရိကန်နိုင်ငံ၏ အများဆုံး ပြည်နှင်ဒဏ် ဖြစ်လာခဲ့သည်” ဟု ဆိုသည်။
တစ်ဖက်တွင် အမေရိကန်သည် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ မြင်မြင်သမျှ လူတိုင်းကို မစိစစ်ဘဲ ပြည်နှင်ဒဏ်ပေးနေသော်လည်း အခြားတစ်ဖက်တွင်မူ လက်ညိုးထိုးကာ အခြားနိုင်ငံများ၏ ဥပဒေ နှင့်အညီ တရားဥပဒေ စိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုကို မူ လက်ညှိုးထိုးကာ သိက္ခာချခြင်း၊ ဒဏ်ခတ်ပိတ်ဆို့ခြင်းနှင့် အခြားသူများကို ဖိအားပေးခြင်းများပြုလုပ်နေကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ “ဒါက ထုံးစံအတိုင်း အနိုင်-ကျင့်နေတာပါ” ဟု၎င်းကထပ်မံပြောကြားခဲ့သည်။
တရုတ်နှင့် ထိုင်းနိုင်ငံတို့အပေါ် မလိုတမာသော ရည်ရွယ်ချက် ဖြင့် ရှုတ်ချမှုများနှင့် တရားမဝင် သော ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုအားလုံးကို တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ရှုတ်ချပြီး လူ့အခွင့်အရေးအကြောင်းပြ၍ အမေရိကန်ပြည်ထောင်စုက ရှင်ကျန်းနှင့် ဆက်နွှယ်သည့် ပြဿနာများကို ကြိုးကိုင်ခြင်း၊ တရုတ်ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းနှင့် တရုတ်နှင့် သက်ဆိုင်ရာ နိုင်ငံများကြား ပုံမှန်ဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုကို နှောင့်ယှက်ခြင်းတို့ကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း သူက ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံသည် အခြားနိုင်ငံများနှင့် အပြန်အလှန် လေးစားမှု၊ တန်းတူညီမျှ ညှိနှိုင်းဆွေးနွေးမှုများအပေါ်အခြေခံ၍ တရုတ် နိုင်ငံသားများ၏ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ဖို့ နှင့် နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုများ ပိုမို ခိုင်မာ အားကောင်းလာစေဖို့ တရုတ်နိုင်ငံသည် ဆက်လက် တိုးမြှင့်ဆောင်ရွက်သွားမည်” ဟု မောနင်းက ပြောကြားခဲ့သည်။
Ref: ရှင်းဟွာ