Friday, March 28, 2025

ဧပြီလတွင် လေဖိအားနည်းရပ်ဝန်း (၂)ကြိမ် ဖြစ်ပေါ်နိုင်ဟု...

၂၀၂၅ ခုနှစ်၊ ဧပြီလတွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း (၂)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ...

PEACE TALK 2025 ဆွေးနွေးပွဲတွင်...

မတ်လ (၂၄) ရက်မှ (၂၆) ရက်အထိ (၃) ရက်တာ ကျင်းပသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို ထည့်သွင်းဆွေး...

ဝါရှင်တန်ဆိုင်ရာ ရုရှားသံအမတ်ကြီးအသစ် ဒီစီသို့ရောက်ရှိ

ဝါရှင်တန်၊မတ် ၂၇ အမေရိကန်ဆိုင်ရာ ရုရှားသံအမတ်ကြီး အသစ် မစ္စတာအလက်ဇန်းဒါးဒါချိဗ်သည် ဗုဒ္ဓဟူးနေ့က ဝါရှင်တန်ဒီစီသို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။ မစ္စတာအလက်ဇန်းဒါးသည် ကြာသပတေးနေ့တွင် ၎င်း၏သံအမတ်ကြီး ခန့်အပ်လွှာကို ထရမ့်ပ်အစိုးရထံ...

အမေရိကဘက်က ဂျပန်ကိုအခွန်ကင်းလွတ်ခွင့်ပေးရန်ဂျပန်တောင်းဆို

တိုကျို၊မတ် ၂ ဂျပန်ဝန်ကြီးချုပ် ရှီဂဲရုအိရှိဘ က ၎င်းအနေဖြင့် မော်တော်ကားများအပေါ် အမေရိကဘက်က အခွန်စည်းကြပ်မှု ၂၅ ရာခိုင်နှုန်းထပ်တိုးလိုက်ခြင်းအတွက် စိတ်မကောင်းဖြစ်မိကြောင်းနှင့် ယခုကိစ္စနှင့်ပတ်သက်၍လည်း သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်...
HomeInternationalစွမ်းအင်အဆောက်အအုံများကိုရက်၃၀အပစ်ရပ်ရေးပူတင် သဘောတူ

စွမ်းအင်အဆောက်အအုံများကိုရက်၃၀အပစ်ရပ်ရေးပူတင် သဘောတူ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ဖုန်းခေါ်ဆွေးနွေးခဲ့ရာတွင် ယူကရိန်းနိုင်ငံ၏ စွမ်းအင်ဆိုင်ရာ အဆောက်အအုံ ပစ်မှတ်များအပေါ် တိုက်ခိုက်မှုများကို ရက် ၃၀ ရပ်တန့်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင်က သဘောတူခဲ့ကြောင်း သိရသည်။

အင်္ဂါနေ့က ခေါင်းဆောင်နှစ်ဦး ဖုန်းပြောအပြီးတွင် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် တိုက်ခိုက်မှုရပ်ရန် ရုရှားစစ်တပ်ကို ပူတင်က အမိန့်ပေးခဲ့သည်ဟု ခရမ္မလင်ကသတင်း ထုတ်ပြန်လိုက်သည်။ သို့ရာတွင် ယူကရိန်းက အကောင်အထည်ဖော်ရန် အသင့်ဟု ပြောဆိုထားသော အမေရိကန်အဆိုပြုထားသည့် ကျယ်ပြန့်သော ရက် ၃၀ အပစ်ရပ်စဲရေးကိုမူ ပူတင်က လက်ခံခြင်းမပြုသေးဟု သိရသည်။

၂ နှစ်ကြာ စစ်ပွဲကို ခေတ္တရပ်လိုက်ချိန်တွင် ယူကရိန်းသည် စစ်သား စုဆောင်းခြင်းနှင့် လက်နက်ပြန်လည်တပ်ဆင်ခြင်းများအတွက် အသုံးချသွားနိုင်သောကြောင့် ယင်းကဲ့သို့ အပစ်အခတ်ရပ်စဲရေးကို ရုရှားခေါင်းဆောင်က စိုးရိမ်မှုရှိသည်ဟု ဆိုသည်။

ထို့အပြင် ပဋိပက္ခများတိုးမြင့်လာမှုကို တားဆီးရန်နှင့် နိုင်ငံရေး၊ သံတမန်ရေးနည်းလမ်းမှတဆင့် ဖြေရှင်းရန်လုပ်ဆောင်နေသည့် အဓိကလိုအပ်သောအခြေအနေသည် ကိဗ်သို့ ပြည်ပ စစ်ရေးအကူအညီနှင့် ထောက်လှမ်းရေးအချက်အလက်ပေးမှုတို့ကို အပြီးအပြတ်ရပ်ဆိုင်းသင့်သည်ဟုလည်း ပူတင်က ထောက်ပြခဲ့သည်။

အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ချက်တွင် ခေါင်းဆောင်နှစ်ဦးသည် ပင်လယ်ရေကြောင်းဆိုင်ရာ အပစ်ရပ်စဲရေးဖြစ်နိုင်ခြေအပြင် အရှေ့အလယ်ပိုင်းတွင် ကျယ်ပြန့်သော အပစ်ရပ်စဲရေးကို ချက်ချင်းစတင်မည့် အလားအလားများအတွက် ဆွေးနွေးပွဲများပြုလုပ်ရန် သဘောတူခဲ့ကြသည်ဟု ပြောဆိုခဲ့သည်။

Ref: အယ်ဂျာဇီးယား

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဧပြီလတွင် လေဖိအားနည်းရပ်ဝန်း (၂)ကြိမ် ဖြစ်ပေါ်နိုင်ဟု မိုး/ဇလ ထုတ်ပြန်အသိပေး

၂၀၂၅ ခုနှစ်၊ ဧပြီလတွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း (၂)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်အသိပေးထားသည်။ ထို့ကြောင့် မိုးရွာသွန်းမှုအခြေအနေမှာ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွ င် (၁၀) ရက်မှ (၁၅) ရက်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတို င်းဒေသကြီး(အရှေ့ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် (၆) ရက်မှ (၁၀) ရက်ခန့်နှင့်...

PEACE TALK 2025 ဆွေးနွေးပွဲတွင် ဖွဲ့စည်းပုံပြင်ဆင်ရေး ထည့်သွင်းဆွေးနွေး ၊ ဖွဲ့စည်းပုံ အသစ်ရေးဆွဲရန်မလိုဟု တက်ရောက်သူများ ဆွေးနွေးကြ

မတ်လ (၂၄) ရက်မှ (၂၆) ရက်အထိ (၃) ရက်တာ ကျင်းပသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို ထည့်သွင်းဆွေး နွေးကြပြီး ဖွဲ့စည်းပုံ အသစ်ရေးဆွဲရန် မလိုကြောင်း ဆွေးနွေးပွဲတက်ရောက်လာသူများက ဆွေးနွေးအကြံပြုခဲ့ကြကြောင်း NSPNC အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်(ငြိမ်း) က ပြောသည်။ ၂၀၂၅ ငြိမ်းချမ်းရေးစကားဝိုင်းကို NSPNC က ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး စစ်ဘက်အရပ်ဘက် တာဝန်ရှိသူများ၊ နစက အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ ပြင်ပ ပညာရှင်များ၊...

ဝါရှင်တန်ဆိုင်ရာ ရုရှားသံအမတ်ကြီးအသစ် ဒီစီသို့ရောက်ရှိ

ဝါရှင်တန်၊မတ် ၂၇ အမေရိကန်ဆိုင်ရာ ရုရှားသံအမတ်ကြီး အသစ် မစ္စတာအလက်ဇန်းဒါးဒါချိဗ်သည် ဗုဒ္ဓဟူးနေ့က ဝါရှင်တန်ဒီစီသို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။ မစ္စတာအလက်ဇန်းဒါးသည် ကြာသပတေးနေ့တွင် ၎င်း၏သံအမတ်ကြီး ခန့်အပ်လွှာကို ထရမ့်ပ်အစိုးရထံ အလွတ်သဘော‌ပေးအပ်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ အမေရိကန်ပြည်ထောင်စု၏ ဥရောပနှင့်ယူရေးရှားရေးရာဦးစီးဌာန၏ အကြီးတန်းအရာရှိ မစ္စတာလူးဝစ်အယ်လ်ဘိုနိုလည်း မစ္စတာအလက်ဇန်းဒါး၏ အလွတ်သဘော သံအမတ် ခန့်အပ်လွှာ ပေးအပ်ပွဲသို့တက်ရောက်မည်ဖြစ်သည်ဟုလည်း သိရသည်။ ရုရှားသမ္မတဗလာဒီမာပူတင်သည် ၎င်းကနု ဝါရှင်တန်ဆိုင်ရာရုရှားသံအမတ်ကြီးအဖြစ် မတ်လ ၁၆ ရက်နေ့က ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ယခင်သံအမတ်ကြီးဟောင်းနှုတ်ထွက်သွားသည့် အောက်တိုဘာလကတည်းက အဆိုပါရာထူးသည် လစ်လပ်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။ Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071