Saturday, March 22, 2025

မိမိတို့ စုစည်းညီညွတ်မှုမရှိသမျှ မည်သည့် စီးပွားရေးစနစ်မျှအောင်မြင်မည်မဟုတ်သည့်အပြင်...

မြန်မာနိုင်ငံသည် အခွင့်အလမ်းများရှိလျက်နှင့်ဖွံ့ ဖြိုးတိုးတက်မှုနောက်ကျနေရခြင်းနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယမန်နေ့ မတ် ၂၁ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့် ၂၀၂၅...

တရုတ်အကြီးတန်းအရာရှိ ဂျပန်ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံ

ပေကျင်း၊မတ် ၂၀ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေး ဦးဆောင် အဖွဲ့ဝင် လီရှူလိုင်သည် ကြာသပတေးနေ့က ပေကျင်း၌ ဂျပန်ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံခဲ့ကြောင်းသိရသည်။ အဆိုပါတွေ့ဆုံမှုအတွင်း မစ္စတာလီက တရုတ်နှင့်ဂျပန်တို့သည် ပီရူးနိုင်ငံ၊လီမာမြို့၌ကျင်းပခဲ့သည့်...

အင်ဒိုနီးရှား၌မီးတောင်ပေါက်ကွဲ၊ အမြင့်ဆုံး သတိပေးချက်ထုတ်ပြန်ထား

ဂျကာတာ၊မတ် ၂၁ အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်းရှိ လီဝိုတိုဘီမီးတောင်သည် ကြာသပတေးနေ့ညနှောင်းပိုင်းက ပေါက်ကွဲခဲ့ကာ သောကြာနေ့အထိ ဆက်လက်ပေါက်ကွဲနေသဖြင့် မီးတောင်နှင့်ဘူမိဗေဒဘေးအန္တရာယ်လျော့ပါးရေးစင်တာက သတိပေးချက်ကို အမြင့်ဆုံးအထိတိုးမြှင့်ခဲ့သည်ဟုသိရသည်။ အဆိုပါပေါက်ကွဲမှုမှပြာများသည် အမြင့်မီတာ ၈,၀၀၀ အထိရောက်ရှိခဲ့ပြီး...

လန်ချန်း-မဲခေါင်နိုင်ငံများ ဒေသဆိုင်ရာကိစ္စရပ်များဆွေးနွေး

ဗီယင်ကျန်း၊မတ် ၂၁ လူငယ်သံတမန်ဖိုရမ်နှင့် နဝမအကြိမ်မြောက် လန်ချန်း-မဲခေါင် ထိပ်သီးအစည်းအဝေးကို လာအိုမြို့တော် ဗီယင်ကျန်းတွင် ကြာသပတေးနေ့က စတင်ကျင်းပခဲ့ကြောင်းသိရသည်။ အဆိုပါဆွေးနွေးမှုအတွင်း မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများမှ လူငယ်သံတမန်များလည်းပါဝင်ကာ လူငယ်များကို နိုင်ငံတကာဆက်ဆံရေး၊သံတမန်ရေးရာမူဝါဒများအပြင်...
HomeNewsLocal News"ဗုံတီးမယ်" တေးသီချင်းဗီဒီယို ဖန်တီးထုတ်လွှင့်သူနှင့်...

“ဗုံတီးမယ်” တေးသီချင်းဗီဒီယို ဖန်တီးထုတ်လွှင့်သူနှင့် စီစဉ်သူများကို စိစစ်အရေးယူရန် ဆောင်ရွက်လျက်ရှိ

တေးရေး၊ တေးဆို အောင်ပါစေ ၏ “ဗုံတီးမယ်” တေးသီချင်း ဗီဒီယိုနှင့် ပတ်သက်၍ ဖန်တီးထုတ်လွှင့်သူနှင့် စီစဉ်သူများကို အမှုဖွင့် အရေးယူနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့ မတ်လ (၁၉) ရက်တွင် ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင် ပြန်ကြားရေးဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (ဂ) ပြဋ္ဌာန်းချက်ပါ အမိန့်ထုတ်ပြန်ခွင့်ကို ကျင့်သုံးပြီး ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုကာ ရုပ်ရှင်ကား ထုတ်လွှင့် ပြသခြင်းလုပ်ငန်းကို အရေးကြီး ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်သည့် အမိန့်ကို ထုတ်ပြန်ခဲ့ပြီး လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်များကို စိစစ် ထုတ်ပေးလျက်ရှိသည်ဟု ဆိုသည်။

သို့ရာတွင် တေးရေး/ တေးဆို “အောင်ပါစေ” သည် ဆက်သွယ်ရေး ကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကား ထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ် ရယူခြင်းမရှိဘဲ ၎င်း၏ လူမှုကွန်ရက်အမျိုးမျိုး၌ တေးသီချင်း ဗီဒီယိုများကို ထုတ်လွှင့် ပြသလျက်ရှိကြောင်းလည်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့အပြင် “ဗုံတီးမယ်” တေးသီချင်းဗီဒီယိုသည် မြန်မာလူမျိုးတို့၏ အမြတ်တနိုး တန်ဖိုးထားဂုဏ်ယူရသည့် မြန်မာ့တူရိယာဗုံနှင့် ပတ်မများကို ပြက်ရယ်ပြု စော်ကားသဖွယ်ဖြစ်နေသည့် သရုပ်ပျက် ကပြဖျော်ဖြေခြင်းနှင့် ညစ်ညမ်းသည့် အဓိပ္ပာယ် ပေါက်စေနိုင်သည့် အဓိပ္ပာယ်နှစ်ခွ သီချင်းစာသားများကို ဖန်တီးထားသည်ကို စိစစ်တွေ့ရှိရသည်ဟု ဆို သည်။

ထို့ကြောင့် တေးသီချင်း ဗီဒီယိုနှင့် ပတ်သက်၍ ဖန်တီးထုတ်လွှင့်သူ၊ စီစဉ်သူ၊ ပါဝင်သူများကို အမှုဖွင့် အရေးယူနိုင်ရန် စိစစ်လျက်ရှိသည်ဟုလည်း အသိပေးထားသည်။

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်းကလည်း “အချစ်ခံကြည့်”၊ “စောင့်ပက်”၊ “စကားလေးတခွန်းပဲဖြေ ချစ်လား”၊ “ဘီယာဗိုက်” စသည့် တေးသီချင်း သီဆိုသူများနှင့် ပါဝင် သရုပ်ဆောင်သူများကို အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ (၃၃) (က) ဖြင့် အမှုဖွင့် ဖမ်းဆီးအရေးယူမှုများ ဆောင်ရွက်ခဲ့‌သေးသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မိမိတို့ စုစည်းညီညွတ်မှုမရှိသမျှ မည်သည့် စီးပွားရေးစနစ်မျှအောင်မြင်မည်မဟုတ်သည့်အပြင် မည်သည့်နိုင်ငံရေးစနစ်မျှ ခိုင်ခိုင်မာမာဦးဆောင်နိုင်မည်မဟုတ်ဟု နစက ဥက္ကဋ္ဌ ပြော

မြန်မာနိုင်ငံသည် အခွင့်အလမ်းများရှိလျက်နှင့်ဖွံ့ ဖြိုးတိုးတက်မှုနောက်ကျနေရခြင်းနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယမန်နေ့ မတ် ၂၁ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့် ၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံကြုံတွေ့လာရမည့် စိန် ခေါ်မှုများနှင့် အခွင့်အလမ်းများသုံးသပ်ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၌ အစိုးရအဆက်ဆက်က ပြည်တွင်းငြိမ်းချမ်းရေးကို ကြိုးစားတည်ဆောက်ခဲ့သော်လည်း ပြည်တွင်းရေးအခြေအနေများထက် ပြည်ပမှအားပေးလှုံ့ဆော်ပါဝင်စွက်ဖက်မှုများကြောင့် လက်နက်ကိုင်ပဋိပက္ခသည် မငြိမ်းနိုင်သည့်မီးတောက်များကဲ့သို့ ယခုထိရှိနေဆဲဖြစ်သည်ဟု ပြောသည်။ ယင်း အဖြစ်အပျက်များကြောင့် မြန်မာနိုင်ငံသည် အခွင့်အလမ်းများရှိလျက်နှင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ရသဖြင့် အဆိုပါ စိန်ခေါ်မှုများကို အခွင့်အလမ်းများ၊ အရာရောက်မှုများအဖြစ်ပြောင်းလဲပစ်နိုင်ပြီး ၎င်းသည်...

တရုတ်အကြီးတန်းအရာရှိ ဂျပန်ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံ

ပေကျင်း၊မတ် ၂၀ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေး ဦးဆောင် အဖွဲ့ဝင် လီရှူလိုင်သည် ကြာသပတေးနေ့က ပေကျင်း၌ ဂျပန်ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံခဲ့ကြောင်းသိရသည်။ အဆိုပါတွေ့ဆုံမှုအတွင်း မစ္စတာလီက တရုတ်နှင့်ဂျပန်တို့သည် ပီရူးနိုင်ငံ၊လီမာမြို့၌ကျင်းပခဲ့သည့် ၃၁ ကြိမ်မြောက် အေပက် စီးပွားရေးခေါင်းဆောင်များအစည်းအဝေးပြင်ပ၌တွေ့ဆုံစဉ် နှစ်ဘက်ခေါင်းဆောင်များအကြားရရှိခဲ့သည့် သဘောတူညီမှုများကို အကောင်အထည်ဖော်ရန်တောင်းဆိုခဲ့သည်ဟုသိရသည်။ ယင်းနောက် နှစ်နိုင်ငံလုံးသည် ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေး၊ထာဝရ ချစ်ကြည်ရင်းနှီးမှု၊နှစ်ဦးနှစ်ဖက်အကျိုးရှိစေမည့်ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကိုလည်း လိုက်နာသင့်သည်ဟုဆိုခဲ့သည်။ နိုင်ငံခေါင်းဆောင်များအချင်းချင်းသာမက နှစ်ဘက်ပြည်သူများကြား၌လည်း ချစ်ကြည်ရင်းနှီးမှုနှင့် ယဉ်ကျေးမှုဖလှယ်ခြင်းများကိုပါ ထိထိမိမိပူးပေါင်းဆောင်ရွက်နိုင်စေရန် လုပ်ဆောင်သင့်သည်ဟုလည်း ၎င်းကထပ်မံပြောကြားခဲ့သည်။ ဂျပန်ကိုယ်စားလှယ်ကမူ ၎င်းတို့အနေဖြင့်လည်း နှစ်နိုင်ငံဆက်ဆံရေးတိုးတက်ကောင်းမွန်စေဖို့ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံရေးအရသာမက လူငယ်များအချင်းချင်းကြားချစ်ကြည်ရင်းနှီးမှုနှင့် အစိုးရပိုင်းဆိုင်ရာမဟုတ်သည့် အခြားချစ်ကြည်ရင်းနှီးရေးများကိုပါ ပြုလုပ်သွားရန်ဆန္ဒရှိသည်ဟုဆိုသည်။ Source...

အင်ဒိုနီးရှား၌မီးတောင်ပေါက်ကွဲ၊ အမြင့်ဆုံး သတိပေးချက်ထုတ်ပြန်ထား

ဂျကာတာ၊မတ် ၂၁ အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်းရှိ လီဝိုတိုဘီမီးတောင်သည် ကြာသပတေးနေ့ညနှောင်းပိုင်းက ပေါက်ကွဲခဲ့ကာ သောကြာနေ့အထိ ဆက်လက်ပေါက်ကွဲနေသဖြင့် မီးတောင်နှင့်ဘူမိဗေဒဘေးအန္တရာယ်လျော့ပါးရေးစင်တာက သတိပေးချက်ကို အမြင့်ဆုံးအထိတိုးမြှင့်ခဲ့သည်ဟုသိရသည်။ အဆိုပါပေါက်ကွဲမှုမှပြာများသည် အမြင့်မီတာ ၈,၀၀၀ အထိရောက်ရှိခဲ့ပြီး မီးခိုးများသည် မီးတောင်ဝ၏အနောက်တောင်ဘက်နှင့်အနောက်ဘက်များသို့ပျံ့နှံ့ရောက်ရှိသွားသည်ဟုလည်းသိရသည်။ ပြင်းထန်သည့်ပေါက်ကွဲမှုများ သောကြာနေ့အစောပိုင်းအထိဆက်လက်ဖြစ်ပေါ်နေခဲ့သည်ဟုလည်းဆိုသည်။ မီးတောင်စောင့်ကြည့်လေ့လာရေးသတိပေးချက်ကို ကြာသပတေးနေ့ကတည်းက အနီရောင်အမြင့်ဆုံးအဆင့်အထိတိုးမြှင့်ထားပြီး လေယာဉ်များအနေဖြင့်လည်း မီးတောင်ပတ်ဝန်းကျင်တွင် မီတာ ၆,၀၀၀ အောက်ထိ နှိမ့်၍မပျံသန်းရန်ညွှန်ကြားထားပြီး မီးတောင်ပြာများရှိနေခြင်းကြောင့်လည်း ပိုမိုသတိထားဆောင်ရွက်သင့်ကြောင်းသတိပေးထားသည်။ ကြာသပတေးနေ့ကတည်းက အန္တရာယ်ဇုန်ကို မီးတောင်ဝ၏အနောက်တောင်နှင့်အနောက်မြောက်ဘက်၏ ၇ ကီလိုမီတာဝန်းကျင်မှ ၈ ကီလိုမီတာဝန်းကျင်သို့ပြောင်းလဲသတ်မှတ်ကာ ကျန်ဒေသများအတွက်ကိုမူ ၅ ကီလိုမီတာမှ ၇ ကီလိုမီတာဝန်းကျင်သို့ ပြောင်းလဲတိုးမြှင့်သတ်မှတ်ခဲ့သည်ဟုသိရသည်။ ထိုမျှမက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071