Tuesday, March 25, 2025

တောင်ကိုရီးယားတောမီးဆက်လက်ပျံ့နှံ့နေပြီးအန္တရာယ်ဇုန်သုံးခုထပ်တိုးလာ

တောင်ကိုရီးယားနိုင်ငံတွင် တောမီးများ လောင်ကျွမ်းနေမှုကို ငြိမ်းသတ်နိုင်ရန် ဆက်လက်ကြိုးပမ်းနေပြီး တနင်္လာနေ့တွင် အစိုးရက နိုင်ငံအရှေ့တောင်ပိုင်းရှိ Ulju၊ Uiseong နှင့် Hadong စီရင်စုသုံးခုကို...

နှစ် (၈၀)ပြည့် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့်...

နှစ်(၈၀)ပြည့် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်အရှေ့ပိုင်း၊ ထိုင်း-မြန်မာနယ်စပ် တာချီလိတ် မြို့တွင် မြို့အထိမ်းအမှတ် နာရီစင်နှင့် လွယ်တော်ခမ်း တံတားကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ လွယ်တော်ခမ်းတံတားသည်...

စီးပွားရေးနှင့်လူမှုစီးပွားရေးဖွံ့ဖြိုး တိုးတက်မှုများအတွက် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုများကို ပြုလုပ်ရန်...

၂၁ ရာစု ယနေ့ခေတ်ကာလတွင် စီးပွားရေးနှင့်လူမှုစီးပွားရေးဖွံ့ဖြိုး တိုးတက်မှုများအတွက် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုများကို ပြုလုပ်ရန် အထူးလိုအပ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကပြောသည်။ နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် Nepal-Myanmar Partnership...

မလက္ကာရေလက်ကြားကို ဖြတ်ကျော်ရန် ထိုင်းကဘတ်ထရီလီယံနှင့်ချီသော အစီအစဉ်ဆောင်ရွက်

ထိုင်းနိုင်ငံသည် အိန္ဒိယနှင့် ပစိဖိတ်သမုဒ္ဒရာတို့ကို ချိတ်ဆက်ပေးမည့် ဒေါ်လာဘီလျံပေါင်းများစွာ တန်သော သယ်ယူပို့ဆောင်ရေးစီမံကိန်းအတွက် လမ်း‌ဖေါက်ရန် နိုင်ငံ့တောင်ပိုင်းတွင် အထူးစီးပွားရေးဇုန်တစ်ခု တည်ဆောက်ရန် ထိုင်းအစိုးရက ဥပဒေမူကြမ်းကို...
HomeNewsLocal Newsဂါဇာကမ်းမြှောင်ဒေသအနီးရှိ နယ်နိမိတ်များကို အစ္စရေးနိုင်ငံဆိုင်ရာ...

ဂါဇာကမ်းမြှောင်ဒေသအနီးရှိ နယ်နိမိတ်များကို အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံ/ သံအမတ်ကြီး သွားရောက်လေ့လာ

ဂါဇာကမ်းမြှောင်ဒေသအနီးရှိ နယ်နိမိတ်များကို သဘာဝပတ်ဝန်းကျင် စူးစမ်းလေ့လာရန် အထူးပြုခရီးစဉ်အဖြစ် အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးကျော်ကျော်မင်းက အစ္စရေးအခြေစိုက် သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများနှင့် အတူ သွားရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးကျော်ကျော်မင်းက Keren Kayemeth Lelsrael – ဂျူး အမျိုးသားရန်ပုံငွေ (KKL-JNF)၊ အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အစ္စရေး သံအမတ်ကြီးများအသင်း (The Ambassadors’ Club of Israel) တို့ ပူးပေါင်းစီစဉ်သောခရီးစဉ်ကို သွားရောက်ခဲ့ခြင်းဖြစ်သည်။

ခရီးစဉ်အတွင်း အစ္စရေးနိုင်ငံ Negev သဲကန္တာရဒေသ၌ စိုက်ခင်းများ လုပ်ဆောင်ထားမှု၊ စီးပွားရေး အခွင့်အလမ်းများရရှိရေး ထုတ်ကုန်များ ဖန်တီးထုတ်လုပ်မှု၊ ထိရောက်စွာ လုပ်ကိုင်နေသည့် စီမံကိန်းများကို လိုက်လံကြည့်ရှု့ခဲ့ကြောင်း သိရသည်။

ထို့ပြင် အစ္စရေး- ဟားမတ်စ်စစ်ပွဲ (၁၈) လတာ ကာလအတွင်း ဘေးဒုက္ခခံစားခဲ့ရသည့် Kibbutz Kfar Aza ဒေသခံ အသိုင်းအဝိုင်းများကို ရပ်ရွာပြန်လည်ထူထောင်ရေး စီမံကိန်းများ ဆောင်ရွက်ထားမှု၊ ၂၀၂၃ ခုနှစ် အောက်တိုဘာ(၇) ရက်မှ စတင်၍ ၎င်းတို့၏ စိတ်လှုပ်ရှားဖွယ်ခရီးများနှင့် ခံနိုင်ရည်အား မျှဝေပေးသည့် အနေဖြင့် ဂါဇာကမ်းမြှောင်အနီး အစ္စရေး ဒေသခံများထံမှ ထူးထူးခြားခြား တစ်ဦးချင်းစီနှင့် ထိတွေ့ဆက်ဆံခဲ့ပြီး ခံစားခဲ့ရမှုများ ရင်ဖွင့်ပြောကြားမှုများကို မျှဝေနားထောင်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် KKL-JNF၊ အစ္စရေး၏ သစ်တောဝန်ဆောင်မှုများနှင့် Gilat အပင်ပျိုးခင်းကို လေ့လာရေးခရီးစဉ် အပါအဝင် စစ်ပွဲကြောင့် ထိခိုက်ခံစားရသော ပြန်လည် တည်ဆောက်ရေးဆိုင်ရာ အဓိကလုပ်ဆောင်မှုများသို့ သွားရောက် ကြည့်ရှု့ခဲ့ကြောင်း အဓိပ္ပါယ်ရှိသော အခိုက်အတန့်များအနေဖြင့် Nova ဂီတပွဲတော်လုပ်ခဲ့သည့် နေရာကို သွားရောက်လေ့လာခဲ့ပြီး Iron Swords Forest ၌ သံတမန်အကြီးအကဲများအမှတ်တရ သစ်ပင်စိုက်ပျိုးခြင်း အခမ်းအနားတွင် မြန်မာနိုင်ငံ ကိုယ်စားပြု သစ်ပင်စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

ခရီးစဉ်နောက်ဆုံး အနေဖြင့် ဂါဇာကမ်းမြှောင် မြောက်ပိုင်းနှင့် အနီးစပ်ဆုံး ရှိနေသည့် Kibbutz Zikim စုပေါင်းရွာသို့ သွားရောက်ကာ စုပေါင်းစနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်မှု အခြေအနေ ရှင်းလင်း တင်ပြမှုကို နားထောင်ခဲ့ပြီး၊ ရေဆိုးစံနစ်မှ ပြန်လည်သန့်စင်မှု၊ စွမ်းအင်ရယူမှုများ၊ လုံခြုံရေး ဆောင်ရွက်ထားရှိမှု ရှင်းလင်းမှုများ နားထောင်လေ့လာခဲ့ကြပြီး ခရီးစဉ် အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တောင်ကိုရီးယားတောမီးဆက်လက်ပျံ့နှံ့နေပြီးအန္တရာယ်ဇုန်သုံးခုထပ်တိုးလာ

တောင်ကိုရီးယားနိုင်ငံတွင် တောမီးများ လောင်ကျွမ်းနေမှုကို ငြိမ်းသတ်နိုင်ရန် ဆက်လက်ကြိုးပမ်းနေပြီး တနင်္လာနေ့တွင် အစိုးရက နိုင်ငံအရှေ့တောင်ပိုင်းရှိ Ulju၊ Uiseong နှင့် Hadong စီရင်စုသုံးခုကို အထူးသဘာဝဘေးအန္တရာယ်ဇုန်များအဖြစ် သတ်မှတ်ခဲ့သည်။ အာဏာပိုင်များသည် နိုင်ငံအရှေ့တောင်ပိုင်းဒေသတွင် လောင်ကျွမ်းနေသော တောမီးများကို လေးရက်ဆက်တိုက် ငြိမ်းသတ်နေချိန်တွင် ယခုကဲ့သို့ သတ်မှတ်ချက်များ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အစိုးရသည် Sancheong စီရင်စုကို အထူးသဘာဝဘေးအန္တရာယ်ဇုန်အဖြစ် စနေနေ့တွင် ကြေညာထားခဲ့ပြီးဖြစ်သည်။ အထူးဘေးအန္တရာယ်ဇုန်အဖြစ် သတ်မှတ်ထားသော နယ်မြေများသည် အစိုးရ၏ ကျယ်ပြန့်သော ပံ့ပိုးမှုအစီအမံများကို ရရှိနိုင်မည်ဖြစ်သည်။ လေကြောင်းတိုက်ခတ်မှုများကြောင့် ပျက်စီးဆုံးရှုံးမှုများ သိသိသာသာမြင့်တက်လာနိုင်သည်ကို အစိုးက...

နှစ် (၈၀)ပြည့် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် တာချီလိတ် မြို့၏ မြို့အထိမ်းအမှတ် နာရီစင်နှင့် လွယ်တော်ခမ်း တံတားဖွင့်လှစ်မည်

နှစ်(၈၀)ပြည့် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်အရှေ့ပိုင်း၊ ထိုင်း-မြန်မာနယ်စပ် တာချီလိတ် မြို့တွင် မြို့အထိမ်းအမှတ် နာရီစင်နှင့် လွယ်တော်ခမ်း တံတားကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ လွယ်တော်ခမ်းတံတားသည် ပြီးခဲ့သည့်နှစ်က စံချိန်တင် ရေကြီးရေလျှံမှုကြောင့် မျောပါပျက်စီးသွားခဲ့ကာ ပြန်လည်တည်ဆောက်ထားသည့် ဒေသတွင်းချိတ်ဆက်တံတားတစ်စင်းဖြစ်သည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားကို မတ်လ (၂၇)ရက် တပ်မတော်နေ့မတိုင်မီ တစ်ရက်အလို မတ်လ(၂၆)ရက် နံနက်ပိုင်းတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ရက်တွင် ထိုင်းမြန်မာ အမှတ် (၁)ချစ်ကြည်ရေးတံတားအား နံနက် (၇)နာရီခွဲမှ နံနက် (၁၀)နာရီအထိ ခေတ္တ ခဏ ပိတ်ထားမညဖြစ်ပြီး၊...

စီးပွားရေးနှင့်လူမှုစီးပွားရေးဖွံ့ဖြိုး တိုးတက်မှုများအတွက် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုများကို ပြုလုပ်ရန် အထူးလိုအပ်ဟု ဗဟိုဘဏ်ဥက္ကဌပြော

၂၁ ရာစု ယနေ့ခေတ်ကာလတွင် စီးပွားရေးနှင့်လူမှုစီးပွားရေးဖွံ့ဖြိုး တိုးတက်မှုများအတွက် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုများကို ပြုလုပ်ရန် အထူးလိုအပ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကပြောသည်။ နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် Nepal-Myanmar Partnership in Digital Transformation ပွဲ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ငွေရေးကြေးရေးကဏ္ဍဆိုင်ရာလုပ်ငန်းများကို ခေတ်နှင့်အညီဆောင်ရွက်နိုင်စေရေး၊ Public Sector တွင်လည်း အရေးကြီးသည့် အစိုးရကဏ္ဍများတွင် Digital ပိုင်းနှင့် Data သုံးသပ်မှုများကို ဆောင်ရွက်ခြင်း၊ စိစစ်မှုများ ပြုလုပ်ခြင်းတို့ကို သိရှိသဘောပေါက်စေသည့် အကျိုးကျေးဇူးများကို ဖြစ်ထွန်းစေနိုင်ကြောင်း ဗဟိုဘဏ်ဥက္ကဌကပြောသည်။ ထို့ပြင် ယနေ့ကျင်းပသည့် အခမ်းအနားတွင် နီပေါနိုင်ငံ၏ အစိုးရဘဏ်များ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071