Tuesday, March 25, 2025

ကမ္ဘာ့အဆင့်သတ်မှတ်ချက်(၁၁)ဆင့်ကွာခြားနေသည့် အာဖဂန်နစ္စတန်အသင်းကို မြန်မာအသင်း အနိုင်ရ

ကမ္ဘာ့အဆင့်သတ်မှတ်ချက်(၁၁)ဆင့်ကွာခြားနေသည့် အာဖဂန်နစ္စတန်အသင်းကို မြန်မာအသင်း (၂)ဂိုး (၁)ဂိုးဖြင့်အနိုင်ရလဒ်ထွက်ပေါ်ခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၂၇ အာရှဖလားခြေစစ်ပွဲ တတိယအဆင့်အုပ်စု(င) ပွဲစဉ်ကို ယနေ့ မတ်လ...

အရည်ပျော်နေသည့်ရေခဲမျောတုံးကြီးကထိုင်းကမ်းရိုးတန်းကိုခြိမ်းခြောက်နေ

ကမ္ဘာ့အပူချိန်များ မြင့်တက်နေမှုကြောင့် ကမ္ဘာ့အကြီးဆုံး ရေခဲမျောတုံးကြီး အလျင်အမြန် အရည်ပျော်နေခြင်းသည် ပင်လယ်ရေမျက်နှာပြင် ကို မြင့်တက်စေကာ လာမည့် ၂၅ နှစ်အတွင်း ထိုင်းနိုင်ငံ၏...

တောင်ကိုရီးယားတောမီးဆက်လက်ပျံ့နှံ့နေပြီးအန္တရာယ်ဇုန်သုံးခုထပ်တိုးလာ

တောင်ကိုရီးယားနိုင်ငံတွင် တောမီးများ လောင်ကျွမ်းနေမှုကို ငြိမ်းသတ်နိုင်ရန် ဆက်လက်ကြိုးပမ်းနေပြီး တနင်္လာနေ့တွင် အစိုးရက နိုင်ငံအရှေ့တောင်ပိုင်းရှိ Ulju၊ Uiseong နှင့် Hadong စီရင်စုသုံးခုကို...

နှစ် (၈၀)ပြည့် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့်...

နှစ်(၈၀)ပြည့် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်အရှေ့ပိုင်း၊ ထိုင်း-မြန်မာနယ်စပ် တာချီလိတ် မြို့တွင် မြို့အထိမ်းအမှတ် နာရီစင်နှင့် လွယ်တော်ခမ်း တံတားကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ လွယ်တော်ခမ်းတံတားသည်...
HomeNewsLocal Newsဝါးအလယ်ကျွန်း သဘာဝအခြေခံ အပန်းဖြေစခန်းသို့...

ဝါးအလယ်ကျွန်း သဘာဝအခြေခံ အပန်းဖြေစခန်းသို့ လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည် လျော့နည်းလာ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း ခရိုင်အတွင်းရှိ ဝါးအလယ်ကျွန်း သဘာဝအခြေခံ အပန်းဖြေစခန်းသို့ ယခုနှစ်တွင် လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည် လျော့နည်းလာသော်လည်း ခရီးသွားဧည့်သည် လုံးဝပြတ်သွားခြင်းမျိုးမရှိကြောင်း သိရသည်။

ဝါးအလယ်ကျွန်း သဘာဝအခြေခံ အပန်းဖြေစခန်းသည် ကုန်းနေရေနေ သယံဇာတကြွယ်ဝပြီး သဘာဝအလှများစွာမပျက်စီးဘဲ တည်ရှိမှုကြောင့် ပြည်တွင်းခရီးသွားများသာမက ပြည်ပခရီးသွားများပါ လာရောက်အပန်းဖြေလေ့လာကြသည့် ခရီးစဉ်ဒေသတစ်ခုဖြစ်သည်။

လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်အတွင်း ဧရိယာ (၁၀၀ ဒ သမ ၁၅) ဧက အကျယ်တွင် ဝါးအလယ်ကျွန်းအပန်းဖြေစခန်းကို ဖွင့်လှစ်ထားရှိပြီး ရုက္ခ၊ ဇီဝနှင့် အဏ္ဏဝါဆိုင်ရာသဘာဝ ကုန်းနေ/ ရေနေ တောရိုင်းတိရစ္ဆာန်များ ရှင်သန်ကြွယ်ဝခြင်း၊ ဆလုံတိုင်းရင်းသားတို့၏ လူမှုဘဝကို အနီးကပ်လေ့လာနိုင်ခြင်းနှင့် သဘာဝအခြေခံ ခရီးသွားအရင်းအမြစ်များစွာ တည်ရှိနေခြင်းတို့ကြောင့် ပြည်တွင်း ပြည်ပမှ ခရီးသွားများ စိတ်ဝင်တစားဖြင့် လာရောက်လည်ပတ်ကြကြောင်း သိရသည်။

ဝါးအလယ်ကျွန်းသဘာဝအခြေခံအပန်းဖြေစခန်းသို့ ယမန် နှစ် ခရီးသွားရာသီတွင် ခရီးသွား (၂၀၀) ကျော်ဝင်ရောက်မှုရှိခဲ့ကြောင်း ၊ပြည်ပခရီးသွားအနေဖြင့် အမေရိကန်၊ ရုရှား၊ ဗြိတိန်၊ အီတလီ၊ ထိုင်း၊ ဖီလစ်ပိုင် နိုင်ငံမှ အများဆုံးလာရောက်ကြကြောင်း သိရသည်။

ဝါးအလယ်ကျွန်း သဘာဝအခြေခံအပန်းဖြေစခန်းသို့ သင်္ကြန်ကာလတွင်လည်း ပြည်တွင်းပြည်ပခရီးသွားဝင်ရောက်မှုများကြောင်း သိရသည်။

ဝါးအလယ်ကျွန်းသို့ ပြည်တွင်း၊ ပြည်ပခရီးသွားများ လာရောက်လည်ပတ်ပါက ရေအောက်သန္တာကျောက်တန်းများအလှကို ကြည့်ရှုခြင်း၊ လှိုင်းစီးခြင်း၊ ကယက်လှေစီးခြင်း၊ ဒီရေတောနှင့်အမြဲစိမ်းတောအလှကို ကြည့်ရှုခြင်း၊ ရေနေ/ကုန်းနေသတ္တဝါများ၊ ရှားပါးအပင်များနှင့် ပင်လယ်လိပ်များကို ကြည့်ရှုခြင်း၊ အဏ္ဏဝါအလှနှင့် နေဝင်ဆည်းဆာသဘာဝအလှကို ကြည့်ရှုခံစားခြင်းနှင့် အေးချမ်းလှပသည့် ပင်လယ်ပြင်နှင့် ကျွန်း၏ သဘာဝအလှကို ကြည့်ရှုလေ့လာခြင်းတို့ ဆောင်ရွက်ကြလေ့ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမ္ဘာ့အဆင့်သတ်မှတ်ချက်(၁၁)ဆင့်ကွာခြားနေသည့် အာဖဂန်နစ္စတန်အသင်းကို မြန်မာအသင်း အနိုင်ရ

ကမ္ဘာ့အဆင့်သတ်မှတ်ချက်(၁၁)ဆင့်ကွာခြားနေသည့် အာဖဂန်နစ္စတန်အသင်းကို မြန်မာအသင်း (၂)ဂိုး (၁)ဂိုးဖြင့်အနိုင်ရလဒ်ထွက်ပေါ်ခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၂၇ အာရှဖလားခြေစစ်ပွဲ တတိယအဆင့်အုပ်စု(င) ပွဲစဉ်ကို ယနေ့ မတ်လ (၂၅)ရက် ညနေ (၅)နာရီအချိန်၌ မြန်မာ- အာဖဂန်နစ္စတန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်သည်။ ယနေ့ ပွဲစဉ်အတွင်း ပထမပွဲပြီးချိန်၌ တစ်ဖက်(၁)ဂိုးစီ သွင်းယူထားနိုင်ကြပြီး၊ ဒုတိယပိုင်း ပွဲချိန်အပြီးတွင် မြန်မာအသင်းက နောက်ထပ်သွင်းဂိုး (၁)ဂိုးသွင်းယူကာ အနိုင်ရရှိခဲ့သည်။ အာဖဂန်နစ္စတန်အသင်းသည် ကမ္ဘာ့အဆင့်သတ်မှတ်ချက် (၁၅၆)အဆင့်တွင်ရပ်တည်နေပြီး၊ မြန်မာအသင်းအနေဖြင့် (၁၆၇)အဆင်တွင် ရပ်တည်နေခြင်းဖြစ်သည်။ မြန်မာ့လက်‌ရွေးစင်အသင်း ပွဲထွက် ကစားသမားစာရင်းတွင် ဟိန်းဖြိုးဝေ၊ စိုးမိုးကျော် ၊...

အရည်ပျော်နေသည့်ရေခဲမျောတုံးကြီးကထိုင်းကမ်းရိုးတန်းကိုခြိမ်းခြောက်နေ

ကမ္ဘာ့အပူချိန်များ မြင့်တက်နေမှုကြောင့် ကမ္ဘာ့အကြီးဆုံး ရေခဲမျောတုံးကြီး အလျင်အမြန် အရည်ပျော်နေခြင်းသည် ပင်လယ်ရေမျက်နှာပြင် ကို မြင့်တက်စေကာ လာမည့် ၂၅ နှစ်အတွင်း ထိုင်းနိုင်ငံ၏ ကမ်းရိုးတန်းကို ပျောက်ကွယ်သွားစေနိုင်သည့် အခြေအနေကို အမြန် တွန်းပို့နေသည်ဟု ပညာရှင်တစ်ဦးက တနင်္လာနေ့တွင် သတိပေးခဲ့သည်။ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ရေးရာ ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သည့် Sonthi Kotchawat ၏ အဆိုအရ စုစုပေါင်း ဧရိယာ ၃,၅၀၀ စတုရန်းကီလိုမီတာ သို့မဟုတ် မြို့တော်ဘန်ကောက်အရွယ်အစားထက် နှစ်ဆကျော်ရှိသော A23a အမည်ရ ရေခဲမျောတုံးကြီးသည် အန္တာတိကအနီး တောင်ဂျော်ဂျီယာကျွန်းကမ်းလွန်တွင်...

တောင်ကိုရီးယားတောမီးဆက်လက်ပျံ့နှံ့နေပြီးအန္တရာယ်ဇုန်သုံးခုထပ်တိုးလာ

တောင်ကိုရီးယားနိုင်ငံတွင် တောမီးများ လောင်ကျွမ်းနေမှုကို ငြိမ်းသတ်နိုင်ရန် ဆက်လက်ကြိုးပမ်းနေပြီး တနင်္လာနေ့တွင် အစိုးရက နိုင်ငံအရှေ့တောင်ပိုင်းရှိ Ulju၊ Uiseong နှင့် Hadong စီရင်စုသုံးခုကို အထူးသဘာဝဘေးအန္တရာယ်ဇုန်များအဖြစ် သတ်မှတ်ခဲ့သည်။ အာဏာပိုင်များသည် နိုင်ငံအရှေ့တောင်ပိုင်းဒေသတွင် လောင်ကျွမ်းနေသော တောမီးများကို လေးရက်ဆက်တိုက် ငြိမ်းသတ်နေချိန်တွင် ယခုကဲ့သို့ သတ်မှတ်ချက်များ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အစိုးရသည် Sancheong စီရင်စုကို အထူးသဘာဝဘေးအန္တရာယ်ဇုန်အဖြစ် စနေနေ့တွင် ကြေညာထားခဲ့ပြီးဖြစ်သည်။ အထူးဘေးအန္တရာယ်ဇုန်အဖြစ် သတ်မှတ်ထားသော နယ်မြေများသည် အစိုးရ၏ ကျယ်ပြန့်သော ပံ့ပိုးမှုအစီအမံများကို ရရှိနိုင်မည်ဖြစ်သည်။ လေကြောင်းတိုက်ခတ်မှုများကြောင့် ပျက်စီးဆုံးရှုံးမှုများ သိသိသာသာမြင့်တက်လာနိုင်သည်ကို အစိုးက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071